နှစ်ဦးအလှူအဖြစ် ဒေါ်လာ ၅ သိန်းလှူဒါန်းခဲ့တဲ့ IU

IU ဟာ နှစ်သစ်အစမှာတင် ငွေကြေးလိုအပ်တဲ့နေရာမျိုးစုံကိုလှူဒါန်းနိုင်ဖို့ အမေရိကန်ဒေါ်လာ ၅သိန်းသုံးစွဲခဲ့တယ်လို့ သိရပါတယ်။ သူမဟာ ကလေးငယ်များစောင့်ရှောက်ရေးနဲ့ Single Motherတွေအတွက်သာမက မသန်စွမ်းကျောင်းတွေကိုပါလှူဒါန်းခဲ့တာပါ။ ဒါအပြင်သက်ကြီးရွယ်အိုတွေဆောင်းရာသီတစ်လျှောက်လုံးနွေးနွေးထွေးထွေးနေနိုင်ဖို့အပူပေးစနစ်အတွက်ဆီကိုလည်းလှူဒါန်းခဲ့တယ်လို့ SNS မှာဖော်ပြထားပါတယ်။“နှစ်သစ်တစ်ခုကိုတော့ရောက်လာပြန်ပြီ။ ကျွန်မတို့တွေ ၃၆၅ ရက်လုံးပျော်နေနိုင်ဖို့ဆိုတာကတော့မလွယ်ပါဘူးနော်။ ဒါပေမဲ့ ဝမ်းနည်းရတဲ့ရက်ထက် ပျော်ရွှင်ရတဲ့ရက်တွေကပိုများစေဖို့မျှော်လင့်ပါတယ်။

အားလုံးကျန်းကျန်းမာမာနေကြပါနော်” လို့သူမက ပြောခဲ့ပါတယ်။ကိုရီးယားအနုပညာရှင်တွေထဲမှာ IU ဟာပွဲဦးထွက်လာချိန်ကတည်း က လှူဒါန်းမှုတွေအများကြီးလုပ်တဲ့သူအဖြစ်နာမည်ကြီးသလို ရှေ့ဆောင်လမ်းပြပရဟိတဒါနရှင်တစ်ယောက်အဖြစ်လည်းအားလုံးကသိမြင်ထားကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းကလည်း သူမဟာဒေါ်လာနှစ်သိန်းသုံးသောင်းကျော် လှူဒါန်းမှုတွေလုပ်ခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာတော့ IU ဟာ Netflix Series ဖြစ်တဲ့ You Have Done Well မှာပါဝင်ထားပါတယ်။

Ju Ju

zawgyi

IU ဟာ ႏွစ္သစ္အစမွာတင္ ေငြေၾကးလိုအပ္တဲ့ေနရာမ်ိဳးစုံကိုလႉဒါန္းႏိုင္ဖို႔ အေမရိကန္ေဒၚလာ ၅သိန္းသုံးစြဲခဲ့တယ္လို႔ သိရပါတယ္။ သူမဟာ ကေလးငယ္မ်ားေစာင့္ေရွာက္ေရးနဲ႔ Single Motherေတြအတြက္သာမက မသန္စြမ္းေက်ာင္းေတြကိုပါလႉဒါန္းခဲ့တာပါ။ ဒါအျပင္သက္ႀကီး႐ြယ္အိုေတြေဆာင္းရာသီတစ္ေလွ်ာက္လုံးေႏြးေႏြးေထြးေထြးေနႏိုင္ဖို႔အပူေပးစနစ္အတြက္ဆီကိုလည္းလႉဒါန္းခဲ့တယ္လို႔ SNS မွာေဖာ္ျပထားပါတယ္။“ႏွစ္သစ္တစ္ခုကိုေတာ့ေရာက္လာျပန္ၿပီ။ ကြၽန္မတို႔ေတြ ၃၆၅ ရက္လုံးေပ်ာ္ေနႏိုင္ဖို႔ဆိုတာကေတာ့မလြယ္ပါဘူးေနာ္။ ဒါေပမဲ့ ဝမ္းနည္းရတဲ့ရက္ထက္ ေပ်ာ္႐ႊင္ရတဲ့ရက္ေတြကပိုမ်ားေစဖို႔ေမွ်ာ္လင့္ပါတယ္။

အားလုံးက်န္းက်န္းမာမာေနၾကပါေနာ္” လို႔သူမက ေျပာခဲ့ပါတယ္။ကိုရီးယားအႏုပညာရွင္ေတြထဲမွာ IU ဟာပြဲဦးထြက္လာခ်ိန္ကတည္း က လႉဒါန္းမႈေတြအမ်ားႀကီးလုပ္တဲ့သူအျဖစ္နာမည္ႀကီးသလို ေရွ႕ေဆာင္လမ္းျပပရဟိတဒါနရွင္တစ္ေယာက္အျဖစ္လည္းအားလုံးကသိျမင္ထားၾကတာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း သူမဟာေဒၚလာႏွစ္သိန္းသုံးေသာင္းေက်ာ္ လႉဒါန္းမႈေတြလုပ္ခဲ့ပါေသးတယ္။
လက္ရွိအခ်ိန္မွာေတာ့ IU ဟာ Netflix Series ျဖစ္တဲ့ You Have Done Well မွာပါဝင္ထားပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*