၃၉ နှစ်လို့မထင်ရလောက်အောင်နုပျိုနေတဲ့ Dara(2NE1)

2NE1 အဖွဲ့ဝင် Sandara Park ဟာ လက်ရှိမှာတော့ အသက် 39 နှစ်ရှိပြီဖြစ်ပါတယ်။ သူမအသက် 39 နှစ်ရှိပြီဖြစ်ပေမယ့် နုပျိုလွန်းတဲ့ပုံစံကြောင့်ပရိသတ်တွေကအံ့အားသင့်ရစမြဲဖြစ်ပါတယ်။ 2NE1 အဖွဲ့စတင်ပွဲထွက်လာချိန် 2009 ခုနစ်မှာ သူမအသက် 24 နှစ်ပဲရှိခဲ့ပါသေးတယ်။ လက်ရှိမှာအသက် ၃၉ နှစ်ရှိပြီဖြစ်ပေမယ့် သူမရဲ့အလှနဲ့ပုံစံကဟိုတုန်းကနဲ့ဘာမှမကွဲပြားသလိုနုပျိုနေခဲ့တာပါ။သူမကိုအား ပေးသူတွေက သူမရဲ့ဖက်ရှင်တိုင်းကိုဂရုစိုက်စောင့်ကြည့်ခဲ့ကြတာပါ။

လေယာဉ်ကွင်းကိုပဲသွားသွား၊ စတိတ်စင်ပေါ်ပဲတက်တက်အမြဲတမ်းဖက်ရှင်ကျပြီးနုပျိုလွန်းတဲ့သူမကိုအံ့ဩခဲ့ကြရတာဖြစ်ပါတယ်။ အသက်ကြီးသွားပေမယ့် Dara ရဲ့ဖက်ရှင်အမြင်၊ မိတ်ကပ်ပြင်ဆင်ပုံနဲ့ ဆံပင်စတိုင်လ်တွေက အမြဲတမ်ခေတ်မီနေခဲ့တယ်ဆိုတာကိုအား လုံးကဟုတ်မှန်ကြောင်းထောက်ခံခဲ့ကြတာပါ။သူမကိုမအိုတော့တဲ့အလှပိုင်ရှင်တွေကြားမှာဘုရင်မဆုပေးဖို့ထိုက်တန်တယ်လို့ဆိုရှယ်မီဒီယာသုံးသူတွေကမှတ်ချက်ပေးခဲ့ကြတယ်လို့ကိုရီးယားအနုပညာသတင်းဌာနတစ်ခုကဖော်ပြထားပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*