လက်ထပ်ပြီး ၄ လအကြာမှာကွာရှင်းလိုက်ကြတဲ့ အဆိုတော် Zac Brown နဲ့ Yazdi

Country တေးသီချင်းတွေနှစ်သက်သူတိုင်းသိကြတဲ့ တေးရေး၊ တေးဆို Zac Brown နဲ့ဇနီးအသစ်စက်စက်လေးဖြစ်တဲ့ Kelly Yazdi တို့ဟာ တရားဝင်လက်ထပ်ပြီး ၄ လအကြာမှာကွာရှင်းလိုက်ပြီလို့သိရပါတယ်။ Zac Brown (၄၅ နှစ်) နဲ့ Yazdi (၃၂ နှစ်) တို့ဟာ ပြီးခဲ့တဲ့ဩဂုတ်လကမှ Georgia မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။“ကျွန်တော်တို့တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုရှိကြပါတယ်။တစ်ယောက်ရဲ့အချိန်ကိုတစ်ယောက်က လေးစားလို့လည်း

အခုလိုမြန်မြန်ဆန်ဆန်ကွာရှင်းလိုက်ကြတာပါ”လို့ သူတို့နှစ်ဦးကထုတ်ပြန်ထားပါတယ်။ဒီလိုသူတို့တရားဝင်မကွဲခင်ကတည်းက Yazdi က သူတို့နှစ်ဦးပြတ်စဲမယ့်အကြောင်းအရိပ်အမြွက်ကိုအင်စတာဂရမ်မှာတင်ထားခဲ့တာဖြစ်တယ်လို့ TMZ ကဆိုပါတယ်။သူတို့နှစ်ဦးဟာ အင်စတာဂရမ်မှာတစ်ယောက်ကိုတစ်ယောက် Follow လုပ်မထားကြပါဘူး။Zac Brown မှာအရင်အိမ်ထောင်ရှိဖူးပြီး အရင်အိမ်ထောင်နဲ့ သားသမီး ၅ ယောက်ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ အရင်အိမ်ထောင်နဲ့ အိမ်ထောင်သက် ၁၂ နှစ်အကြာမှာကွာရှင်းခဲ့တာပါ။
၂၀၂၃ ခုနစ်အတွင်းကွဲခဲ့ကြတဲ့အိမ်ထောင်ရှင်တွေထဲ Zac Brown တို့အပြင် Kathy Griffian နဲ့ Randy Bick ၊ Maren Morris နဲ့ Ryan Hurd ၊ Joe Jonas နဲ့ Sophie Turner တို့လည်းပါဝင်ပါတယ်။

Ju Ju

zawgyi

Country ေတးသီခ်င္းေတြႏွစ္သက္သူတိုင္းသိၾကတဲ့ ေတးေရး၊ ေတးဆို Zac Brown နဲ႔ဇနီးအသစ္စက္စက္ေလးျဖစ္တဲ့ Kelly Yazdi တို႔ဟာ တရားဝင္လက္ထပ္ၿပီး ၄ လအၾကာမွာကြာရွင္းလိုက္ၿပီလို႔သိရပါတယ္။ Zac Brown (၄၅ ႏွစ္) နဲ႔ Yazdi (၃၂ ႏွစ္) တို႔ဟာ ၿပီးခဲ့တဲ့ဩဂုတ္လကမွ Georgia မွာ လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။“ကြၽန္ေတာ္တို႔တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္ေလးစားမႈရွိၾကပါတယ္။တစ္ေယာက္ရဲ႕အခ်ိန္ကိုတစ္ေယာက္က ေလးစားလို႔လည္း

အခုလိုျမန္ျမန္ဆန္ဆန္ကြာရွင္းလိုက္ၾကတာပါ”လို႔ သူတို႔ႏွစ္ဦးကထုတ္ျပန္ထားပါတယ္။ဒီလိုသူတို႔တရားဝင္မကြဲခင္ကတည္းက Yazdi က သူတို႔ႏွစ္ဦးျပတ္စဲမယ့္အေၾကာင္းအရိပ္အႁမြက္ကိုအင္စတာဂရမ္မွာတင္ထားခဲ့တာျဖစ္တယ္လို႔ TMZ ကဆိုပါတယ္။သူတို႔ႏွစ္ဦးဟာ အင္စတာဂရမ္မွာတစ္ေယာက္ကိုတစ္ေယာက္ Follow လုပ္မထားၾကပါဘူး။Zac Brown မွာအရင္အိမ္ေထာင္ရွိဖူးၿပီး အရင္အိမ္ေထာင္နဲ႔ သားသမီး ၅ ေယာက္ပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ သူဟာ အရင္အိမ္ေထာင္နဲ႔ အိမ္ေထာင္သက္ ၁၂ ႏွစ္အၾကာမွာကြာရွင္းခဲ့တာပါ။
၂၀၂၃ ခုနစ္အတြင္းကြဲခဲ့ၾကတဲ့အိမ္ေထာင္ရွင္ေတြထဲ Zac Brown တို႔အျပင္ Kathy Griffian နဲ႔ Randy Bick ၊ Maren Morris နဲ႔ Ryan Hurd ၊ Joe Jonas နဲ႔ Sophie Turner တို႔လည္းပါဝင္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*