17 နှစ်အကြာမှသီချင်းသစ်ထွက်ရှိလာမယ့် Billy Joel

နာမည်ကြီး Piano သမားဖြစ်သလို တေးရေး၊တေးဆိုလည်းဖြစ်တဲ့ Billy Joel အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သူ့ရဲ့သီချင်းသစ်ဖြစ်တဲ့ Turns The Lights Back On ကိုဖြန့်ချိမယ်လို့သိရပါတယ်။ဒီသီချင်းကို နာမည်ကြီးထုတ်လုပ်သူဖြစ်တဲ့ Freddy Wexler ကထုတ်လုပ်မှာဖြစ်ပြီး Freddy Wexler ဟာ Ariana Grande၊ Justin Bieber ၊ Kanye West ၊ Black pink ၊ Pink ၊ Lil Wayne ၊ Selena Gomez နဲ့ Celine Dion တို့လိုနာမည်ကြီးတွေနဲ့တွဲဖက်အလုပ်လုပ်နေသူဖြစ်ပါတယ်။

Turns The Lights Back On မှာ Billy Joel ရဲ့မပြောင်းလဲတဲ့ကိုယ်ပိုင်ဟန်ပါဝင်ပြီး သူ့ဂီတခရီးရဲ့အခန်းသစ်တစ်ခုစတင်ခြင်းလည်းဖြစ်တယ်လို့ဆိုပါတယ်။ Billy Joel ဟာ 2001 ခုနစ်က Classical Piano အယ်လ်ဘမ်ထွက်ရှိပြီးနောက်ပိုင်း အယ်လ်ဘမ်အနေနဲ့ဘာမှမထွက်ရှိခဲ့သေးပါဘူး။ သူ့ရဲ့ နောက်ဆုံးပေါ့ပ်သီချင်းကတော့ 1993 ခုနစ်ကထွက်ရှိခဲ့တာဖြစ်ပါတယ်။ 2007 ခုနစ်မှာတော့ All My Life နဲ့ Christmas in Fallujan ဆိုတဲ့သီချင်းနှစ်ပုဒ်ထွက်ရှိခဲ့ပါတယ်။သူဟာသီချင်းတွေရေးဖို့ပဲဆန္ဒရှိပြီး သီဆိုဖို့တွန့်ဆုတ်နေခဲ့တာဖြစ်တယ်လို့
အင်တာဗျူးတစ်ခုမှာဖြေခဲ့ဖူးပါတယ်။လက်ရှိမှာ Billy Joel ဟာ အသက် 74 နှစ်ရှိပြီဖြစ်ပါတယ်။

Ju Ju

zawgyi

နာမည္ႀကီး Piano သမားျဖစ္သလို ေတးေရး၊ေတးဆိုလည္းျဖစ္တဲ့ Billy Joel အေနနဲ႔ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ သူ႔ရဲ႕သီခ်င္းသစ္ျဖစ္တဲ့ Turns The Lights Back On ကိုျဖန႔္ခ်ိမယ္လို႔သိရပါတယ္။ဒီသီခ်င္းကို နာမည္ႀကီးထုတ္လုပ္သူျဖစ္တဲ့ Freddy Wexler ကထုတ္လုပ္မွာျဖစ္ၿပီး Freddy Wexler ဟာ Ariana Grande၊ Justin Bieber ၊ Kanye West ၊ Black pink ၊ Pink ၊ Lil Wayne ၊ Selena Gomez နဲ႔ Celine Dion တို႔လိုနာမည္ႀကီးေတြနဲ႔တြဲဖက္အလုပ္လုပ္ေနသူျဖစ္ပါတယ္။

Turns The Lights Back On မွာ Billy Joel ရဲ႕မေျပာင္းလဲတဲ့ကိုယ္ပိုင္ဟန္ပါဝင္ၿပီး သူ႔ဂီတခရီးရဲ႕အခန္းသစ္တစ္ခုစတင္ျခင္းလည္းျဖစ္တယ္လို႔ဆိုပါတယ္။ Billy Joel ဟာ 2001 ခုနစ္က Classical Piano အယ္လ္ဘမ္ထြက္ရွိၿပီးေနာက္ပိုင္း အယ္လ္ဘမ္အေနနဲ႔ဘာမွမထြက္ရွိခဲ့ေသးပါဘူး။ သူ႔ရဲ႕ ေနာက္ဆုံးေပါ့ပ္သီခ်င္းကေတာ့ 1993 ခုနစ္ကထြက္ရွိခဲ့တာျဖစ္ပါတယ္။ 2007 ခုနစ္မွာေတာ့ All My Life နဲ႔ Christmas in Fallujan ဆိုတဲ့သီခ်င္းႏွစ္ပုဒ္ထြက္ရွိခဲ့ပါတယ္။သူဟာသီခ်င္းေတြေရးဖို႔ပဲဆႏၵရွိၿပီး သီဆိုဖို႔တြန႔္ဆုတ္ေနခဲ့တာျဖစ္တယ္လို႔
အင္တာဗ်ဴးတစ္ခုမွာေျဖခဲ့ဖူးပါတယ္။လက္ရွိမွာ Billy Joel ဟာ အသက္ 74 ႏွစ္ရွိၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*