ခြယ်လှယ်တတ်တဲ့ ရာသီခွင် (၄)ခု

မတူညီတဲ့ရာသီခွင်တွေရဲ့ ခြယ်လှယ်တတ်တဲ့ စရိုက်တွေကိုသိချင်ပါသလား။သင်တို့ရဲ့အပြုအမူအပေါ်မှာ လွှမ်းမိုးခြယ်လှယ်တတ်တဲ့ စရိုက်ရှိတဲ့ရာသီခွင်လေးခုအကြောင်းကို မျှဝေပေးချင်ပါတယ်။

Scorpio
Scorpios တွေက ပြင်းထန်တဲ့စိတ်အားထက်သန်မှုသဘာဝကြောင့် လူသိများပါတယ်။ သူတို့ကဆွဲဆောင်မှုလည်းရှိကြပြီး သံလိုက်ဓာတ်တခုကိုပိုင်ဆိုင်ထားကြပါတယ်။သူတို့ရဲ့ဆွဲဆောင်မှုရှိတဲ့ အပြင်ပန်းအောက်မှာ ပါးနပ်တဲ့ဗျူဟာရှိသူတွေဖြစ်ကြပါတယ်။သူတို့က လူများရဲ့စိတ်ကိုဖတ်တတ်ပြီး အကျိုးရှိအောင်အသုံးချတတ်ပါတယ်။ သူတို့ကတခြားသူများကို မသိလိုက်ခင်မှာပဲ သူတို့ရဲ့ဆန္ဒများနဲ့ ကိုက်ညီစေဖို့အခြေအနေများကိုခြယ်လှယ်နိုင်ပါတယ်။

Leo
Leos တွေက သွားလေရာမှာ လူအများရဲ့ယုံကြည်မှုနဲ့ ဆွဲဆောင်မှုတို့ကိုရရှိကြပါတယ်။သူတို့ရဲ့သံလိုက်လို ကိုယ်ရည်ကိုယ်သွေးက သူတို့ကိုအာရုံစူးစိုက်မှု ဗဟိုချက်ဖြစ်လေ့ရှိပြီးသူတို့လိုချင်တာကို ဘယ်လိုအသုံးချရမလဲဆိုတာသိကြပါတယ်။ သူတို့က တခြားသူများကိုသူ တို့ရဲ့ရှုထောင့်မှကြည့်ဖို့ အလွယ်တကူခြယ်လှယ်နိုင်ပါတယ်။

Gemini
Gemini တွေကလျင်မြန်တဲ့ဉာဏ်နဲ့ လိုက်လျောညီထွေရှိတာကြောင့် လူသိများပါတယ်။လိမ္မာပါးနပ်တဲ့ စကားလုံးများနဲ့ ရယ်စရာကောင်း တဲ့အမူအရာများကြောင့် တခြားသူများကိုဆွဲဆောင်ရာမှာ ထူးချွန်ကြပါတယ်။ သူတို့က ကျွမ်းကျင်တဲ့ ခြယ်လှယ်သူများဖြစ်စေဖို့အခြေ အနေတိုင်းနီးပါးမှာ သူတို့ရဲ့လမ်းကြောင်းကို ပြောဆိုနိုင်ပါတယ်။တခြားသူများကိုလွှမ်းမိုးဖို့အတွက် စကားလုံးများကို ဘယ်လိုအသုံးပြုရမလဲဆိုတာသိကြပါတယ်။

Pisces
Pisces များသက စိတ်ကူးစိတ်သန်းနဲ့ ထိလွယ်ရှလွယ်ရှိတဲ့ သူများလို့ဆိုနိုင်ပါတယ်။ သူတို့ကမယုံနိုင်လောက်အောင်ချစ်စရာကောင်းပြီး သနားကြင်နာတတ်တဲ့စရိုက်ကစိတ်ပိုင်းဆိုင်ရာခြယ်လှယ်မှုကတဆင့် တခြားသူများကိုခြယ်လှယ်ရာမှာအထူးကျွမ်းကျင်စေပါတယ်။ သူတို့က သူတို့လိုချင်တာကို ရရှိဖို့အတွက်လူတွေရဲ့စိတ်ခံစားချက်ကို ဘယ်လိုကစားရမလဲဆိုတာ သိရှိကြပါတယ်။ Pisces တွေကသူတို့ဖြစ်ချင်တဲ့အခါမှာ ကျွမ်းကျင်တဲ့ ခြယ်လှယ်သူများ ဖြစ်နိုင်ပါတယ်။

MYit

zawgyi


Scorpio

Leo

Gemini

Pisces

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*