ခရစ္စမတ်ဘုရင်မလို့ခေါ်ကြတဲ့ မယိုင်းရားကယ်ရီက သူမရဲ့အမြွှာကလေးနှစ်ယောက်ကို ခရစ္စမတ် Decoration တွေပြသရင်းအားလပ်ရက်ကိုဂုဏ်ပြုဖို့အတွက် အိမ်ဖြူတော်ဆီလိုက်ပို့ခဲ့ပါတယ်။သူမရဲ့ကလေးနှစ်ယောက်ဟာ အသက် ၁၂ နှစ်အရွယ်တွေဖြစ်ကြပြီး သူတို့ကို Monroe နဲ့ Moroccan လို့နာမည်ပေးထားပါတယ်။အိမ်ဖြူတော်မှာ သူမနဲ့ကလေးနှစ်ယောက်ဟာ အမေရိကန်သမ္မတ Joe Biden၊ ဒုတိယသမ္မတ Harris တို့နဲ့တွေ့ဆုံခဲ့တယ်လို့ သူမရဲ့အင်စတာဂရမ်မှာပုံနဲ့တကွတင်ခဲ့ပါတယ်။ ဒါ့အပြင်သူမတို့ဟာအိမ်ဖြူတော်မှာရှိတဲ့ ၁၈ ပေခွဲအမြင့်ရှိ ခရစ္စမတ်ပင်ကြီးကိုငေးကြည့်နေတဲ့ပုံတွေကိုလည်းမျှဝေခဲ့တာဖြစ်ပါတယ်။ မယိုင်းရားကယ်ရီရဲ့ပထမဆုံး ခရစ္စမတ်အယ်လ်ဘမ်ဟာ Merry Christmas လို့အမည်ရပြီး ၁၉၉၄ ခုနစ်ကနေ လက်ရှိအချိန်ထိအောင် မြင်နေဆဲခရစ္စမတ်အယ်လ်ဘမ်တစ်ချပ်ဖြစ်ပါတယ်။သူမဟာမကြာသေးခင်ကပဲ ၇ နှစ်ကြာလက်တွဲလာတဲ့ချစ်သူ Bryan Tanaka နဲ့လမ်းခွဲလိုက်ပြီလို့သိရပါတယ်။ “သူ့အနေနဲ့ မိသားစုဘဝလိုချင်တယ်၊ သူ့ရဲ့ကလေးကိုမွေးခိုင်းတယ်။ဒါပေမဲ့သူမက ဒါကိုလက်မခံနိုင်တဲ့အတွက် လမ်းခွဲလိုက်ကြတာ”လို့ မီဒီယာတွေမှာဖော်ပြကြပါတယ်။
Ju Ju
zawgyi
ခရစၥမတ္ဘုရင္မလို႔ေခၚၾကတဲ့ မယိုင္းရားကယ္ရီက သူမရဲ႕အႁမႊာကေလးႏွစ္ေယာက္ကို ခရစၥမတ္ Decoration ေတြျပသရင္းအားလပ္ရက္ကိုဂုဏ္ျပဳဖို႔အတြက္ အိမ္ျဖဴေတာ္ဆီလိုက္ပို႔ခဲ့ပါတယ္။သူမရဲ႕ကေလးႏွစ္ေယာက္ဟာ အသက္ ၁၂ ႏွစ္အ႐ြယ္ေတြျဖစ္ၾကၿပီး သူတို႔ကို Monroe နဲ႔ Moroccan လို႔နာမည္ေပးထားပါတယ္။အိမ္ျဖဴေတာ္မွာ သူမနဲ႔ကေလးႏွစ္ေယာက္ဟာ အေမရိကန္သမၼတ Joe Biden၊ ဒုတိယသမၼတ Harris တို႔နဲ႔ေတြ႕ဆုံခဲ့တယ္လို႔ သူမရဲ႕အင္စတာဂရမ္မွာပုံနဲ႔တကြတင္ခဲ့ပါတယ္။ ဒါ့အျပင္သူမတို႔ဟာအိမ္ျဖဴေတာ္မွာရွိတဲ့ ၁၈ ေပခြဲအျမင့္ရွိ ခရစၥမတ္ပင္ႀကီးကိုေငးၾကည့္ေနတဲ့ပုံေတြကိုလည္းမွ်ေဝခဲ့တာျဖစ္ပါတယ္။ မယိုင္းရားကယ္ရီရဲ႕ပထမဆုံး ခရစၥမတ္အယ္လ္ဘမ္ဟာ Merry Christmas လို႔အမည္ရၿပီး ၁၉၉၄ ခုနစ္ကေန လက္ရွိအခ်ိန္ထိေအာင္ ျမင္ေနဆဲခရစၥမတ္အယ္လ္ဘမ္တစ္ခ်ပ္ျဖစ္ပါတယ္။သူမဟာမၾကာေသးခင္ကပဲ ၇ ႏွစ္ၾကာလက္တြဲလာတဲ့ခ်စ္သူ Bryan Tanaka နဲ႔လမ္းခြဲလိုက္ၿပီလို႔သိရပါတယ္။ “သူ႔အေနနဲ႔ မိသားစုဘဝလိုခ်င္တယ္၊ သူ႔ရဲ႕ကေလးကိုေမြးခိုင္းတယ္။ဒါေပမဲ့သူမက ဒါကိုလက္မခံႏိုင္တဲ့အတြက္ လမ္းခြဲလိုက္ၾကတာ”လို႔ မီဒီယာေတြမွာေဖာ္ျပၾကပါတယ္။
Ju Ju
Leave a Reply