Netflix ရဲ့ Top 3 နေရာကိုရယူထားနိုင်တဲ့ Queen of Tears

tvN ရဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ Queen of Tears ဟာ Netflix ရဲ့ Top 3 နေရာကိုရယူထားနိုင်တယ်လို့သိရပါတယ်။ လက်ရှိမှာ ဒီဇာတ်လမ်းတွဲဟာ ကြည့်ရှုသူ 3.4 မီလီယံရှိနေပြီး ကြည့်ရှုနှုန်းမြင့်တက်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။ Queen of Tears ဇာတ်လမ်းတွဲဟာ ကိုရီးယားရဲ့ထိပ်တန်းသူဌေးမလေးတစ်ယောက်နဲ့ သာမန်မိသားစုကရှေ့နေကောင်လေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ဖော်ကျူးထားတာဖြစ်ပြီး ဒါဟာ Samsung မိသားစုရဲ့မျိုးဆက်အမျိုးသမီးလေးရဲ့ ဘဝဇာတ်လမ်းကိုမှီငြမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ဇာတ်ညွှန်းက My Love From The Star ရဲ့ဇာတ်ညွှန်းရေးသူဖြစ်တာမို့ပရိသတ်တွေကလည်း ဇာတ်လမ်းအပေါ်ပိုမိုစိတ်ဝင်တစားရှိခဲ့ကြတာဖြစ်ပါတယ်။ Queen of Tears ဟာ ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ထိုင်းနဲ့ ဗီယက်နမ်အပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ကြည့်ရှုနှုန်းမြင့်မားနေတာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာ မင်းသားကင်မ်ဆိုဟွန်းနဲ့ မင်းသမီးကင်မ်ဂျီဝမ်တို့ အဓိကပါဝင်ထားပြီး Episode 2 မှစတင်ကာ မင်းသမီးကင်မ်ဂျီဝမ်အပေါ် အားပေးကြည့်ရှုမှုပိုမိုများပြားလာတယ်လို့သိရပါတယ်။

Ju Ju

zawgyi

tvN ရဲ႕ ဇာတ္လမ္းတြဲျဖစ္တဲ့ Queen of Tears ဟာ Netflix ရဲ႕ Top 3 ေနရာကိုရယူထားႏိုင္တယ္လို႔သိရပါတယ္။ လက္ရွိမွာ ဒီဇာတ္လမ္းတြဲဟာ ၾကည့္ရႈသူ 3.4 မီလီယံရွိေနၿပီး ၾကည့္ရႈႏႈန္းျမင့္တက္ေနဆဲျဖစ္တယ္လို႔ဆိုပါတယ္။ Queen of Tears ဇာတ္လမ္းတြဲဟာ ကိုရီးယားရဲ႕ထိပ္တန္းသူေဌးမေလးတစ္ေယာက္နဲ႔ သာမန္မိသားစုကေရွ႕ေနေကာင္ေလးတစ္ေယာက္ရဲ႕အခ်စ္ဇာတ္လမ္းကို ေဖာ္က်ဴးထားတာျဖစ္ၿပီး ဒါဟာ Samsung မိသားစုရဲ႕မ်ိဳးဆက္အမ်ိဳးသမီးေလးရဲ႕ ဘဝဇာတ္လမ္းကိုမွီျငမ္းထားတာျဖစ္တယ္လို႔ သိရပါတယ္။

ဒီဇာတ္လမ္းတြဲရဲ႕ဇာတ္ၫႊန္းက My Love From The Star ရဲ႕ဇာတ္ၫႊန္းေရးသူျဖစ္တာမို႔ပရိသတ္ေတြကလည္း ဇာတ္လမ္းအေပၚပိုမိုစိတ္ဝင္တစားရွိခဲ့ၾကတာျဖစ္ပါတယ္။ Queen of Tears ဟာ ကိုရီးယား၊ ဂ်ပန္၊ ေဟာင္ေကာင္၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ စင္ကာပူ၊ ထိုင္ဝမ္၊ထိုင္းနဲ႔ ဗီယက္နမ္အပါအဝင္ ႏိုင္ငံေပါင္း ၂၈ ႏိုင္ငံမွာ ၾကည့္ရႈႏႈန္းျမင့္မားေနတာျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲမွာ မင္းသားကင္မ္ဆိုဟြန္းနဲ႔ မင္းသမီးကင္မ္ဂ်ီဝမ္တို႔ အဓိကပါဝင္ထားၿပီး Episode 2 မွစတင္ကာ မင္းသမီးကင္မ္ဂ်ီဝမ္အေပၚ အားေပးၾကည့္ရႈမႈပိုမိုမ်ားျပားလာတယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*