ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာ ယုံကြည်မှုရှိရှိဖြတ်သန်းနိုင်စေဖို့

ဘယ်သူမဆိုအလုပ်အသစ်မှာပထမဆုံးအလုပ်စဆင်းရပြီဆိုရင်စိတ်လှုပ်ရှားမှုအနည်းနဲ့အများရှိတတ်ကြပါတယ်။ အားလုံးကကိုယ့်ကိုနွေးနွေးထွေးထွေးကြိုဆိုပါ့မလား၊ကိုယ့်ကြောင့်အနှောင့်အယှက်ဖြစ်တာမျိုးရှိနိုင်လား၊ ဘာတွေကိုစပြီးလုပ်ရမလဲစတဲ့အတွေးတွေကြီးစိုးနေတတ်ပါတယ်။ဒီလိုစိတ်ဖိစီးမှု၊စိတ်လှုပ်ရှားမှုတွေကိုသက်သာစေဖို့ လုပ်ကိုလုပ်သင့်တဲ့အချက်လေးတွေရှိပါတယ်။ဒါလေးတွေကိုမှတ် သားပြီးလိုက်လုပ်မယ်ဆိုရင် အလုပ်ရဲ့ပထမဆုံးနေ့မှာကိုယ်ဟာယုံကြည်မှုရှိရှိနဲ့အဆင်ပြေပြေဖြတ်သန်းသွားနိုင်မှာဖြစ်ပါတယ်။

ဘာကြောင့်ဒီကုမ္ပဏီကိုရောက်နေတာလဲပြန်တွေးကြည့်ပါ
ကိုယ်ကအလုပ်အသစ်အတွက်စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုကိုခံစားနေရတယ်ဆိုရင်ငါဘာကြောင့်ဒီအလုပ်ကိုရခဲ့တာလဲ၊ ငါဘာလို့ဒီကုမ္ပဏီကိုရောက်နေတာလဲဆိုတာကိုပြန်တွေးကြည့်လိုက်ပါ။ ဟုတ်ပါတယ်။ သင်ကတခြားသူတွေထက်ပိုသင့်တော်လို့သာလူတွေအများကြီးထဲကနေသင့်ကိုရွေးချယ်ခဲ့တာပါ။ အဲဒါကြောင့် စိတ်ဖိစီးနေဖို့မလိုပါဘူး။အလုပ်ရှင်ကလည်းကိုယ့်ကို အောင်မြင်တာပဲမြင်ချင်တာဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင်ပါ
အလုပ်စဝင်ရမယ့်ပထမဆုံးရက်အတွက်တော့ အားလုံးလိုလိုကကြိုတင်ပြင်ဆင်လေ့ရှိကြပါတယ်။ဝတ်မယ့်ဝတ်စုံပြင်ဆင်တာ၊ နာရီကိုနှိုးစက်ပေးတာ၊ စားစရာတစ်ခုခုထည့်ဖို့ပြင်ဆင်တာ ၊အိမ်ကနေအချိန်စောထွက်တာ စသဖြင့်ကြိုတင်ပြင်ဆင်မှုတွေ လုပ်လေ့ရှိကြပါတယ်။ဒါတွေကကောင်းတဲ့အချက်တွေပါ။ တချို့ကျတော့လည်းအလုပ်ရလို့သူငယ်ချင်းတွေနဲ့ဂုဏ်ပြုပွဲလုပ်ရင်း အိပ်ချိန်နောက်ကျတာ၊
သောက်စားမိတာမျိုးတွေရှိတတ်ကြတာမို့ ဒါတွေကိုတော့အလုပ်အသစ်မသွားခင်နှစ်ရက်လောက်ကတည်းက ကြိုပြီးလုပ်ဆောင်ဖိုအ ကြံပြုချင်ပါတယ်နော်။အလုပ်မဆင်းခင်တစ်ရက်ကိုတော့ စိတ်အေးလက်အေးနားဖို့လိုပါတယ်။

စိတ်ကောင်းလေးထားရှိပါ
ဒီလိုပြောလို့ သင့်ကိုစိတ်ပုပ်စိတ်ယုတ်ရှိသူလို့စွပ်စွဲတာမဟုတ်ပါဘူး။ ကိုယ်ကြုံနေရတဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကိုအိမ်မှာထားပစ်ခဲ့ပြီး ဘယ့်သူကို့မဆိုကူညီဖို့အသင့်ရှိနေတာ၊အမြဲပြုံးနေတာ၊ အလုပ်အတွက်စိတ်အားထက်သန်မှုရှိတာ စတဲ့အရာတွေကိုပြသနိုင်ဖို့လိုပါတယ်။ ကိုယ့်Team နဲ့ကိုယ်ဟာ အလွယ်တကူအသားကျနိုင်ကြောင်း ဖော်ပြတတ်ရပါမယ်။

အားလုံးကိုနှုတ်ဆက်ပြီးနာမည်တွေကိုမှတ်သားပါ
ကိုယ့်မန်နေဂျာက ကိုယ်နဲ့တခြားလုပ်ဖော်ကိုင်ဖက်တွေကို မိတ်ဆက်ပေးတာမျိုးရှိနိုင်ပါတယ်။ဒီလိုမရှိခဲ့ရင်လည်း ကိုယ့်ဘာသာကိုယ် တခြားဝန်ထမ်းတွေကိုစတင်မိတ်ဆက်ဖို့မတွန့်ဆုတ်ပါနဲ့။ပထမဆုံးကိုယ့် Team ထဲကလူတွေနာမည်ကိုမှတ်သားနိုင်ရပါမယ်။ မမှတ်မိရင်လည်းထပ်မေးပါ။တစ်ရက်တည်းမှာလူအယောက် ၃၀ လောက်မိတ်ဆက်ရတယ်ဆိုရင်တော့အားလုံးကိုမှတ်မိနိုင်ဖို့မလွယ်ပါဘူး။ ဒါကိုတခြားသူတွေက နားလည်ပေးကြပါတယ်။

မေးခွန်းမေးပါ
မရှင်းလင်း၊နားမလည်တဲ့အရာတွေအတွက် မေးခွန်းထမေးဖို့မရှက်ပါနဲ့။ အကူအညီလိုရင်လည်းပွင့်ပွင်းလင်းလင်းပြောဆိုသင့်ပါတယ်။ ကိုယ်ကအသစ်မို့အားလုံးကလိုလိုလားလားကူညီကြမှာပါ။အလုပ်စဝင်တဲ့နေ့ကတည်းက ကိုယ်လုပ်ရမယ့်တာဝန်တွေအတွက် ၁၀၀ ရာခိုင်နှုန်းရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်။နောက်ဆုံးတစ်ချက်ကတော့ အားလုံးကိုကျေးဇူးတင်စကားဆိုဖို့ မမေ့ပါနဲ့နော်။ဒီအချက်လေးတွေကို မမေ့လျော့ဘဲလုပ်ဆောင်မယ်ဆိုရင် အလုပ်စဆင်းတဲ့ပထမဆုံးရက်ကိုအေးအေးဆေးဆေးဖြတ်ကျော်နိုင်ပါလိမ့်မယ်။

Ju Ju

zawgyi

ဘယ္သူမဆိုအလုပ္အသစ္မွာပထမဆုံးအလုပ္စဆင္းရၿပီဆိုရင္စိတ္လႈပ္ရွားမႈအနည္းနဲ႔အမ်ားရွိတတ္ၾကပါတယ္။ အားလုံးကကိုယ့္ကိုေႏြးေႏြးေထြးေထြးႀကိဳဆိုပါ့မလား၊ကိုယ့္ေၾကာင့္အေႏွာင့္အယွက္ျဖစ္တာမ်ိဳးရွိႏိုင္လား၊ ဘာေတြကိုစၿပီးလုပ္ရမလဲစတဲ့အေတြးေတြႀကီးစိုးေနတတ္ပါတယ္။ဒီလိုစိတ္ဖိစီးမႈ၊စိတ္လႈပ္ရွားမႈေတြကိုသက္သာေစဖို႔ လုပ္ကိုလုပ္သင့္တဲ့အခ်က္ေလးေတြရွိပါတယ္။ဒါေလးေတြကိုမွတ္ သားၿပီးလိုက္လုပ္မယ္ဆိုရင္ အလုပ္ရဲ႕ပထမဆုံးေန႔မွာကိုယ္ဟာယုံၾကည္မႈရွိရွိနဲ႔အဆင္ေျပေျပျဖတ္သန္းသြားႏိုင္မွာျဖစ္ပါတယ္။

ဘာေၾကာင့္ဒီကုမၸဏီကိုေရာက္ေနတာလဲျပန္ေတြးၾကည့္ပါ
ကိုယ္ကအလုပ္အသစ္အတြက္စိတ္ဖိစီးမႈ၊ စိတ္လႈပ္ရွားမႈကိုခံစားေနရတယ္ဆိုရင္ငါဘာေၾကာင့္ဒီအလုပ္ကိုရခဲ့တာလဲ၊ ငါဘာလို႔ဒီကုမၸဏီကိုေရာက္ေနတာလဲဆိုတာကိုျပန္ေတြးၾကည့္လိုက္ပါ။ ဟုတ္ပါတယ္။ သင္ကတျခားသူေတြထက္ပိုသင့္ေတာ္လို႔သာလူေတြအမ်ားႀကီးထဲကေနသင့္ကိုေ႐ြးခ်ယ္ခဲ့တာပါ။ အဲဒါေၾကာင့္ စိတ္ဖိစီးေနဖို႔မလိုပါဘူး။အလုပ္ရွင္ကလည္းကိုယ့္ကို ေအာင္ျမင္တာပဲျမင္ခ်င္တာျဖစ္ပါတယ္။

ႀကိဳတင္ျပင္ဆင္ပါ
အလုပ္စဝင္ရမယ့္ပထမဆုံးရက္အတြက္ေတာ့ အားလုံးလိုလိုကႀကိဳတင္ျပင္ဆင္ေလ့ရွိၾကပါတယ္။ဝတ္မယ့္ဝတ္စုံျပင္ဆင္တာ၊ နာရီကိုႏႈိးစက္ေပးတာ၊ စားစရာတစ္ခုခုထည့္ဖို႔ျပင္ဆင္တာ ၊အိမ္ကေနအခ်ိန္ေစာထြက္တာ စသျဖင့္ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေလ့ရွိၾကပါတယ္။ဒါေတြကေကာင္းတဲ့အခ်က္ေတြပါ။ တခ်ိဳ႕က်ေတာ့လည္းအလုပ္ရလို႔သူငယ္ခ်င္းေတြနဲ႔ဂုဏ္ျပဳပြဲလုပ္ရင္း အိပ္ခ်ိန္ေနာက္က်တာ၊
ေသာက္စားမိတာမ်ိဳးေတြရွိတတ္ၾကတာမို႔ ဒါေတြကိုေတာ့အလုပ္အသစ္မသြားခင္ႏွစ္ရက္ေလာက္ကတည္းက ႀကိဳၿပီးလုပ္ေဆာင္ဖိုအ ႀကံျပဳခ်င္ပါတယ္ေနာ္။အလုပ္မဆင္းခင္တစ္ရက္ကိုေတာ့ စိတ္ေအးလက္ေအးနားဖို႔လိုပါတယ္။

စိတ္ေကာင္းေလးထားရွိပါ
ဒီလိုေျပာလို႔ သင့္ကိုစိတ္ပုပ္စိတ္ယုတ္ရွိသူလို႔စြပ္စြဲတာမဟုတ္ပါဘူး။ ကိုယ္ႀကဳံေနရတဲ့ကိုယ္ေရးကိုယ္တာျပႆနာေတြကိုအိမ္မွာထားပစ္ခဲ့ၿပီး ဘယ့္သူကို႔မဆိုကူညီဖို႔အသင့္ရွိေနတာ၊အၿမဲၿပဳံးေနတာ၊ အလုပ္အတြက္စိတ္အားထက္သန္မႈရွိတာ စတဲ့အရာေတြကိုျပသႏိုင္ဖို႔လိုပါတယ္။ ကိုယ့္Team နဲ႔ကိုယ္ဟာ အလြယ္တကူအသားက်ႏိုင္ေၾကာင္း ေဖာ္ျပတတ္ရပါမယ္။

အားလုံးကိုႏႈတ္ဆက္ၿပီးနာမည္ေတြကိုမွတ္သားပါ
ကိုယ့္မန္ေနဂ်ာက ကိုယ္နဲ႔တျခားလုပ္ေဖာ္ကိုင္ဖက္ေတြကို မိတ္ဆက္ေပးတာမ်ိဳးရွိႏိုင္ပါတယ္။ဒီလိုမရွိခဲ့ရင္လည္း ကိုယ့္ဘာသာကိုယ္ တျခားဝန္ထမ္းေတြကိုစတင္မိတ္ဆက္ဖို႔မတြန႔္ဆုတ္ပါနဲ႔။ပထမဆုံးကိုယ့္ Team ထဲကလူေတြနာမည္ကိုမွတ္သားႏိုင္ရပါမယ္။ မမွတ္မိရင္လည္းထပ္ေမးပါ။တစ္ရက္တည္းမွာလူအေယာက္ ၃၀ ေလာက္မိတ္ဆက္ရတယ္ဆိုရင္ေတာ့အားလုံးကိုမွတ္မိႏိုင္ဖို႔မလြယ္ပါဘူး။ ဒါကိုတျခားသူေတြက နားလည္ေပးၾကပါတယ္။

ေမးခြန္းေမးပါ
မရွင္းလင္း၊နားမလည္တဲ့အရာေတြအတြက္ ေမးခြန္းထေမးဖို႔မရွက္ပါနဲ႔။ အကူအညီလိုရင္လည္းပြင့္ပြင္းလင္းလင္းေျပာဆိုသင့္ပါတယ္။ ကိုယ္ကအသစ္မို႔အားလုံးကလိုလိုလားလားကူညီၾကမွာပါ။အလုပ္စဝင္တဲ့ေန႔ကတည္းက ကိုယ္လုပ္ရမယ့္တာဝန္ေတြအတြက္ ၁၀၀ ရာခိုင္ႏႈန္းရွင္းရွင္းလင္းလင္းသိထားဖို႔လိုပါတယ္။ေနာက္ဆုံးတစ္ခ်က္ကေတာ့ အားလုံးကိုေက်းဇူးတင္စကားဆိုဖို႔ မေမ့ပါနဲ႔ေနာ္။ဒီအခ်က္ေလးေတြကို မေမ့ေလ်ာ့ဘဲလုပ္ေဆာင္မယ္ဆိုရင္ အလုပ္စဆင္းတဲ့ပထမဆုံးရက္ကိုေအးေအးေဆးေဆးျဖတ္ေက်ာ္ႏိုင္ပါလိမ့္မယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*