အလုပ်မှာလူလျှော့တဲ့အခါ ပါသွားတတ်တဲ့ ဝန်ထမ်းအမျိုးအစား (၃)မျိုး

အလုပ်မှာ ငွေကြေးအခက်အခဲကြုံတဲ့အခါ ဝန်ထမ်းတွေလျှော့ချတတ်ပါတယ်။ အဲဒီအခါမှာဘယ်လိုဝန်ထမ်းတွေပါသွားတတ်သလဲဆိုတာ သင်စဉ်းစားဖူးပါသလား။ဒီလိုဝန်ထမ်းတွေကိုတော့ အလုပ်မှာငွေကြေးအခက်အခဲဖြစ်တဲ့အခါ ကုမ္ပဏီဘက်ကလက်လွှတ်တတ်ကြပါတယ်။

စွမ်းဆောင်ရည်ကျတဲ့ဝန်ထမ်း

ဝန်ထမ်းရဲ့စွမ်းဆောင်ရည်လို့ပြောတဲ့အခါမှာ ဒီအချက်ထဲမှာ ဘာတွေပါမလဲဆိုရင်ကုန်ထုတ်လုပ်မှုတွေ၊ အချိန်မီပြီးမြောက်မှုတွေ၊ လက် ဦးမှုတွေ၊အလုပ်မှာအရည်အသွေးရှိတဲ့ထုတ်ကုန်တဲ့၊ပရောဂျက်တွေလုပ်ဆောင်နိုင်တာစတာတွေပါဝင်ပါတယ်။ အဲဒီအချက်တွေထဲက
အချက်တော်တော်များများမှာ ကိုယ်က လစ်ဟာနေပြီဆိုရင်တော့ဝန်ထမ်းစွမ်းဆောင်ရည်ကိုအကဲဖြတ်တဲ့အဆင့်မှာ ကိုယ်ကအား နည်းနေပြီဆိုတာကိုသိနိုင်ပါတယ်။ ဒီအချက်တွေက သာမန်အချိန်မှာမသိသာပေမဲ့ကုမ္ပဏီမှာအခက်အခဲတခုခုပေါ်လာတဲ့အချိန် ဝန်ထမ်းတွေလျှော့ချမယ်ဆိုတဲ့အချိန်မှာတော့သိသာလာပါတယ်။ ဒီအချက်တွေကကိုယ့်ရဲ့အလုပ်အကိုင်တည်မြဲမှုကိုတိုက်ရိုက်ခြိမ်းခြောက်လာနိုင်ပါတယ်။

စည်းကမ်းမလိုက်နာတဲ့ဝန်ထမ်း

ဒီလိုဝန်ထမ်းမျိုးကိုလည်း ကုမ္ပဏီက ဒီလိုအခက်အခဲကြုံတဲ့အချိန်မှာ အရှုပ်ထုပ်တခုလိုပစ်ချိန်တန်ပြီလို့ ဆုံးဖြတ်ကြပါတယ်။ သိပ်များများစားစားမစဉ်းစားဘဲ ဒီအချိန်ကတော့ဒီလိုစည်းကမ်းလိုက်နာမှုမရှိတဲ့သူကို စွန့်လွှတ်လိုက်ဖို့အချိန်ကောင်းပဲဆိုပြီးတွေးမိတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်က အဖွဲ့အစည်းတခု၊ ကုမ္ပဏီတခု၊ဌာနတခုမှာအလုပ်လုပ်မယ်ဆိုရင် သူတို့ဆီက ချမှတ်ထားတဲ့စည်းကမ်းတွေကို
လိုက်နာဖို့လိုပါတယ်။

ပူးပေါင်းဆောင်ရွက်မှုအားနည်းတဲ့ဝန်ထမ်း

အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုတွေအားနည်းတဲ့သူတွေလည်း ဒီလိုခက်ခဲတဲ့အချိန်မှာကုမ္ပဏီဘက်ကနေ လက်လွှတ်လိုက်ဖို့ စဉ်းစားကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကအများနဲ့ပူးပေါင်းလုပ်ဆောင်ရတာတွေ၊ အများနဲ့ဆက်သွယ်ပြောဆိုရတာတွေမှာအဆင်မပြေဖြစ်တာကလည်း ကုမ္ပဏီအတွက်၊ အကြီးအကဲတွေအတွက်ခေါင်းခဲစရာအခြေအနေတခုဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ အများကြီးမစဉ်းစားဘဲဒီလိုလူမျိုးတွေကို လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ဝန်ထမ်းလျှော့ချတဲ့စာရင်းထဲ ကိုယ်ပါဝင်နေတဲ့အခါ ကိုယ့်မှာဘယ်အချက်တွေကြောင့်ဒီလိုဖြစ်ရတာလဲလို့ တော်တော်များများက ကိုယ့်ကိုယ်ကိုယ်အဖြေရှာကြပါတယ်။

အများအားဖြင့်တော့ ဝန်ထမ်းလျှော့ချမယ်ဆိုရင် ဒီအချက်တွေအပေါ်မှာအခြေခံပြီးဆုံးဖြတ်ကြပါတယ်။ ဒါပေမဲ့ တခါတလေမှာတော့ အခြေအနေအရ၊အကန့်အသတ်တွေအရအပေါ်ကအချက်တွေကိုကျော်လွန်ပြီးဆုံးဖြတ်တာမျိုးလည်းရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ကိုယ် အလုပ်လုပ်တဲ့အချိန်မှာတော့ အထက်ပါအချက်တွေနဲ့ပတ်သက်ပြီးအားနည်းချက်မဖြစ်အောင်၊ လစ်ဟာမှုမရှိအောင် ကြိုးစားပြီးလုပ် ကိုင်ဖို့ပါပဲ။

MYit

zawgyi

အလုပ္မွာ ေငြေၾကးအခက္အခဲႀကဳံတဲ့အခါ ဝန္ထမ္းေတြေလွ်ာ့ခ်တတ္ပါတယ္။ အဲဒီအခါမွာဘယ္လိုဝန္ထမ္းေတြပါသြားတတ္သလဲဆိုတာ သင္စဥ္းစားဖူးပါသလား။ဒီလိုဝန္ထမ္းေတြကိုေတာ့ အလုပ္မွာေငြေၾကးအခက္အခဲျဖစ္တဲ့အခါ ကုမၸဏီဘက္ကလက္လႊတ္တတ္ၾကပါတယ္။

စြမ္းေဆာင္ရည္က်တဲ့ဝန္ထမ္း

ဝန္ထမ္းရဲ႕စြမ္းေဆာင္ရည္လို႔ေျပာတဲ့အခါမွာ ဒီအခ်က္ထဲမွာ ဘာေတြပါမလဲဆိုရင္ကုန္ထုတ္လုပ္မႈေတြ၊ အခ်ိန္မီၿပီးေျမာက္မႈေတြ၊ လက္ ဦးမႈေတြ၊အလုပ္မွာအရည္အေသြးရွိတဲ့ထုတ္ကုန္တဲ့၊ပေရာဂ်က္ေတြလုပ္ေဆာင္ႏိုင္တာစတာေတြပါဝင္ပါတယ္။ အဲဒီအခ်က္ေတြထဲက
အခ်က္ေတာ္ေတာ္မ်ားမ်ားမွာ ကိုယ္က လစ္ဟာေနၿပီဆိုရင္ေတာ့ဝန္ထမ္းစြမ္းေဆာင္ရည္ကိုအကဲျဖတ္တဲ့အဆင့္မွာ ကိုယ္ကအား နည္းေနၿပီဆိုတာကိုသိႏိုင္ပါတယ္။ ဒီအခ်က္ေတြက သာမန္အခ်ိန္မွာမသိသာေပမဲ့ကုမၸဏီမွာအခက္အခဲတခုခုေပၚလာတဲ့အခ်ိန္ ဝန္ထမ္းေတြေလွ်ာ့ခ်မယ္ဆိုတဲ့အခ်ိန္မွာေတာ့သိသာလာပါတယ္။ ဒီအခ်က္ေတြကကိုယ့္ရဲ႕အလုပ္အကိုင္တည္ၿမဲမႈကိုတိုက္႐ိုက္ၿခိမ္းေျခာက္လာႏိုင္ပါတယ္။

စည္းကမ္းမလိုက္နာတဲ့ဝန္ထမ္း

ဒီလိုဝန္ထမ္းမ်ိဳးကိုလည္း ကုမၸဏီက ဒီလိုအခက္အခဲႀကဳံတဲ့အခ်ိန္မွာ အရႈပ္ထုပ္တခုလိုပစ္ခ်ိန္တန္ၿပီလို႔ ဆုံးျဖတ္ၾကပါတယ္။ သိပ္မ်ားမ်ားစားစားမစဥ္းစားဘဲ ဒီအခ်ိန္ကေတာ့ဒီလိုစည္းကမ္းလိုက္နာမႈမရွိတဲ့သူကို စြန႔္လႊတ္လိုက္ဖို႔အခ်ိန္ေကာင္းပဲဆိုၿပီးေတြးမိတတ္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ္က အဖြဲ႕အစည္းတခု၊ ကုမၸဏီတခု၊ဌာနတခုမွာအလုပ္လုပ္မယ္ဆိုရင္ သူတို႔ဆီက ခ်မွတ္ထားတဲ့စည္းကမ္းေတြကို
လိုက္နာဖို႔လိုပါတယ္။

ပူးေပါင္းေဆာင္႐ြက္မႈအားနည္းတဲ့ဝန္ထမ္း

အဖြဲ႕လိုက္ပူးေပါင္းေဆာင္႐ြက္မႈေတြအားနည္းတဲ့သူေတြလည္း ဒီလိုခက္ခဲတဲ့အခ်ိန္မွာကုမၸဏီဘက္ကေန လက္လႊတ္လိုက္ဖို႔ စဥ္းစားၾကပါတယ္။ ဘာေၾကာင့္လဲဆိုရင္ သူတို႔ကအမ်ားနဲ႔ပူးေပါင္းလုပ္ေဆာင္ရတာေတြ၊ အမ်ားနဲ႔ဆက္သြယ္ေျပာဆိုရတာေတြမွာအဆင္မေျပျဖစ္တာကလည္း ကုမၸဏီအတြက္၊ အႀကီးအကဲေတြအတြက္ေခါင္းခဲစရာအေျခအေနတခုျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဒီလိုအခ်ိန္မွာ အမ်ားႀကီးမစဥ္းစားဘဲဒီလိုလူမ်ိဳးေတြကို လက္လႊတ္လိုက္ဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။ဝန္ထမ္းေလွ်ာ့ခ်တဲ့စာရင္းထဲ ကိုယ္ပါဝင္ေနတဲ့အခါ ကိုယ့္မွာဘယ္အခ်က္ေတြေၾကာင့္ဒီလိုျဖစ္ရတာလဲလို႔ ေတာ္ေတာ္မ်ားမ်ားက ကိုယ့္ကိုယ္ကိုယ္အေျဖရွာၾကပါတယ္။

အမ်ားအားျဖင့္ေတာ့ ဝန္ထမ္းေလွ်ာ့ခ်မယ္ဆိုရင္ ဒီအခ်က္ေတြအေပၚမွာအေျခခံၿပီးဆုံးျဖတ္ၾကပါတယ္။ ဒါေပမဲ့ တခါတေလမွာေတာ့ အေျခအေနအရ၊အကန႔္အသတ္ေတြအရအေပၚကအခ်က္ေတြကိုေက်ာ္လြန္ၿပီးဆုံးျဖတ္တာမ်ိဳးလည္းရွိႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ကိုယ္ အလုပ္လုပ္တဲ့အခ်ိန္မွာေတာ့ အထက္ပါအခ်က္ေတြနဲ႔ပတ္သက္ၿပီးအားနည္းခ်က္မျဖစ္ေအာင္၊ လစ္ဟာမႈမရွိေအာင္ ႀကိဳးစားၿပီးလုပ္ ကိုင္ဖို႔ပါပဲ။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*