ကိုယ့်ဝါသနာကို Business အဖြစ်ပြောင်းလဲနိုင်ဖို့

လူတိုင်းလူတိုင်းမှာမတူညီတဲ့ ဝါသနာကိုယ်စီရှိတတ်ကြပါတယ်။တချို့တွေက အားလပ်ချိန်မှာကိုယ်ဝါသနာပါတာလေးတွေလုပ်ရင်းစိတ်ချမ်းသာမှုကိုရှာဖွေကြပါတယ်။နိုင်ငံတကာကလူငယ်တွေကတော့ ကိုယ်ဝါသနာပါတဲ့အရာကနေ ဝင်ငွေရဖို့ Hobby to Business ကို အမြဲစဉ်းစားလေ့ရှိကြပါတယ်။လူတစ်ယောက်မှာ ဝါသနာပါတဲ့အရာတစ်ခုရှိတယ်၊ ဒီဝါသနာဟာကျွမ်းကျင်တဲ့အဆင့်ရောက်လာတယ်၊ငွေရှာဖွေလို့လည်းရနိုင်တယ်ဆိုရင် ဝါသနာအဆင့်မှာတင်ရပ်တန့်မနေဘဲဝင်ငွေရတဲ့ကိုယ်ပိုင်စီးပွားရေးဖြစ်အောင်ပြောင်းလဲကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့ကျွမ်းကျင်မှု၊ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာကို ဘေးနားက Technique တွေ Skills တွေနဲ့ခြံရံလိုက်တဲ့အခါအောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာနိုင်ပါတယ်။ဟင်းချက်ဝါသနာပါရာကနေ စားကောင်းတဲ့မီနူးတွေဖန်တီးရောင်းချရင်းသူဌေးဖြစ်သွားသူတွေလည်းရှိပါတယ်။

ဒီလိုဝါသနာကနေ Business ဆီကူးပြောင်းတဲ့အခါအဓိကစဉ်းစားသင့်တဲ့အချက်က ကိုယ့်ဝါသနာ၊ကိုယ်လုပ်နိုင်တဲ့အရာက ဈေးကွက်လိုအပ်ချက်ဖြစ်နိုင်မလားဆိုတာပါ။ ဈေးကွက်မရှိရင်တော့ ဝါသနာကိုစိတ်အပန်းဖြေဖို့ပဲထားလိုက်ရမှာဖြစ်ပါတယ်။တကယ်လို့များ ကိုယ့်ဝါသနာကအလုပ်ဖြစ်နိုင်တယ်လို့ ယူဆရင်ဒါကိုလုပ်ငန်းတစ်ခုအဖြစ်ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတဲ့ နည်းလမ်းပေါင်းစုံကိုစဉ်းစားနိုင်ပါပြီ။ကိုယ်ကသိုးမွေးထိုးရတာကြိုက်တယ်ဆိုရင် အွန်လိုင်းမှာသိုးမွေးထိုးနည်းတွေပြန်သင်မယ်၊ Group အကြီးကြီးတည်ဆောက်နိုင်မယ်၊ သိုးမွေးထိုးဖို့လိုအပ်တဲ့ဆက်စပ်တဲ့ပစ္စည်းလေးတွေရောင်းချနိုင်မယ်စသဖြင့် ဖန်တီးယူနိုင်ပါတယ်။ Hobby ကနေ Business ဖြစ်တဲ့အထိတက်လှမ်းသွားနိုင်ဖို့အတွက် ဒီအချက် ၁၀ ချက်ကိုလုပ်ဆောင်ဖို့ကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားပါတယ်။

အဲဒါတွေကတော့ …
၁. ပိုက်ဆံရရ မရရ ဒီအလုပ်ကိုလုပ်နေရရင်ပျော်လားဆိုတာစဉ်းစားပါ
၂. ကိုယ့်ဝါသနာကနေ လူတွေကိုဘယ်လိုဆွဲဆောင်နိုင်မလဲ၊ လူတွေကိုဘာတွေကောင်းကျိုးရစေမလဲစဉ်းစားပါ
၃. လူတွေစိတ်ဝင်စားမယ့် Concept တစ်ခုကိုစဉ်းစားပါ
၄. Business Plan ဆွဲပါ
၅. Brand တစ်ခုတည်ဆောက်ပါ
၆. ပံ့ပိုးပေးနိုင်မယ့်သူတွေကိုရှာပါ (ဒါမှမဟုတ်) ရင်းနှီးမယ့်ငွေပမာဏကိုစနစ်တကျသတ်မှတ်ပါ
၇. အွန်လိုင်းပလက်ဖောင်းအစုံမှာ ကိုယ့် Brand ရှိနေပါစေ
၈. Marketing Strategy ဆွဲပါ
၉. အတွေ့အကြုံရှိသူတွေနဲ့တိုင်ပင်ဆွေးနွေးပါ
၁၀. Customer ရှာပါ စတဲ့အချက်တွေပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ Passion ၊ စေတနာမှန်တဲ့ရည်ရွယ်ချက်နဲ့အတူဒီအဆင့်တွေကိုတစ်ဆင့်ပြီးတစ်ဆင့်ဖြတ်ကျော်ပြီး လုပ်ဆောင်ကြည့်မယ်ဆိုရင်
ဝါသနာကနေကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကို တည်ဆောက်ပြီးသား ဖြစ်နေစေမှာဖြစ်ပါတယ်။

Ju Ju

zawgyi

လူတိုင္းလူတိုင္းမွာမတူညီတဲ့ ဝါသနာကိုယ္စီရွိတတ္ၾကပါတယ္။တခ်ိဳ႕ေတြက အားလပ္ခ်ိန္မွာကိုယ္ဝါသနာပါတာေလးေတြလုပ္ရင္းစိတ္ခ်မ္းသာမႈကိုရွာေဖြၾကပါတယ္။ႏိုင္ငံတကာကလူငယ္ေတြကေတာ့ ကိုယ္ဝါသနာပါတဲ့အရာကေန ဝင္ေငြရဖို႔ Hobby to Business ကို အၿမဲစဥ္းစားေလ့ရွိၾကပါတယ္။လူတစ္ေယာက္မွာ ဝါသနာပါတဲ့အရာတစ္ခုရွိတယ္၊ ဒီဝါသနာဟာကြၽမ္းက်င္တဲ့အဆင့္ေရာက္လာတယ္၊ေငြရွာေဖြလို႔လည္းရႏိုင္တယ္ဆိုရင္ ဝါသနာအဆင့္မွာတင္ရပ္တန႔္မေနဘဲဝင္ေငြရတဲ့ကိုယ္ပိုင္စီးပြားေရးျဖစ္ေအာင္ေျပာင္းလဲၾကည့္သင့္ပါတယ္။ ကိုယ့္ရဲ႕ကြၽမ္းက်င္မႈ၊ကိုယ့္ကိုေပ်ာ္႐ႊင္ေစတဲ့အရာကို ေဘးနားက Technique ေတြ Skills ေတြနဲ႔ၿခံရံလိုက္တဲ့အခါေအာင္ျမင္တဲ့လုပ္ငန္းတစ္ခုျဖစ္လာႏိုင္ပါတယ္။ဟင္းခ်က္ဝါသနာပါရာကေန စားေကာင္းတဲ့မီႏူးေတြဖန္တီးေရာင္းခ်ရင္းသူေဌးျဖစ္သြားသူေတြလည္းရွိပါတယ္။

ဒီလိုဝါသနာကေန Business ဆီကူးေျပာင္းတဲ့အခါအဓိကစဥ္းစားသင့္တဲ့အခ်က္က ကိုယ့္ဝါသနာ၊ကိုယ္လုပ္ႏိုင္တဲ့အရာက ေဈးကြက္လိုအပ္ခ်က္ျဖစ္ႏိုင္မလားဆိုတာပါ။ ေဈးကြက္မရွိရင္ေတာ့ ဝါသနာကိုစိတ္အပန္းေျဖဖို႔ပဲထားလိုက္ရမွာျဖစ္ပါတယ္။တကယ္လို႔မ်ား ကိုယ့္ဝါသနာကအလုပ္ျဖစ္ႏိုင္တယ္လို႔ ယူဆရင္ဒါကိုလုပ္ငန္းတစ္ခုအျဖစ္ဘယ္လိုေျပာင္းလဲႏိုင္မလဲဆိုတဲ့ နည္းလမ္းေပါင္းစုံကိုစဥ္းစားႏိုင္ပါၿပီ။ကိုယ္ကသိုးေမြးထိုးရတာႀကိဳက္တယ္ဆိုရင္ အြန္လိုင္းမွာသိုးေမြးထိုးနည္းေတြျပန္သင္မယ္၊ Group အႀကီးႀကီးတည္ေဆာက္ႏိုင္မယ္၊ သိုးေမြးထိုးဖို႔လိုအပ္တဲ့ဆက္စပ္တဲ့ပစၥည္းေလးေတြေရာင္းခ်ႏိုင္မယ္စသျဖင့္ ဖန္တီးယူႏိုင္ပါတယ္။ Hobby ကေန Business ျဖစ္တဲ့အထိတက္လွမ္းသြားႏိုင္ဖို႔အတြက္ ဒီအခ်က္ ၁၀ ခ်က္ကိုလုပ္ေဆာင္ဖို႔ကြၽမ္းက်င္ပညာရွင္ေတြက အႀကံျပဳထားပါတယ္။

အဲဒါေတြကေတာ့ …
၁. ပိုက္ဆံရရ မရရ ဒီအလုပ္ကိုလုပ္ေနရရင္ေပ်ာ္လားဆိုတာစဥ္းစားပါ
၂. ကိုယ့္ဝါသနာကေန လူေတြကိုဘယ္လိုဆြဲေဆာင္ႏိုင္မလဲ၊ လူေတြကိုဘာေတြေကာင္းက်ိဳးရေစမလဲစဥ္းစားပါ
၃. လူေတြစိတ္ဝင္စားမယ့္ Concept တစ္ခုကိုစဥ္းစားပါ
၄. Business Plan ဆြဲပါ
၅. Brand တစ္ခုတည္ေဆာက္ပါ
၆. ပံ့ပိုးေပးႏိုင္မယ့္သူေတြကိုရွာပါ (ဒါမွမဟုတ္) ရင္းႏွီးမယ့္ေငြပမာဏကိုစနစ္တက်သတ္မွတ္ပါ
၇. အြန္လိုင္းပလက္ေဖာင္းအစုံမွာ ကိုယ့္ Brand ရွိေနပါေစ
၈. Marketing Strategy ဆြဲပါ
၉. အေတြ႕အႀကဳံရွိသူေတြနဲ႔တိုင္ပင္ေဆြးေႏြးပါ
၁၀. Customer ရွာပါ စတဲ့အခ်က္ေတြပဲျဖစ္ပါတယ္။

ကိုယ့္ရဲ႕ Passion ၊ ေစတနာမွန္တဲ့ရည္႐ြယ္ခ်က္နဲ႔အတူဒီအဆင့္ေတြကိုတစ္ဆင့္ၿပီးတစ္ဆင့္ျဖတ္ေက်ာ္ၿပီး လုပ္ေဆာင္ၾကည့္မယ္ဆိုရင္
ဝါသနာကေနကိုယ္ပိုင္လုပ္ငန္းေလးတစ္ခုကို တည္ေဆာက္ၿပီးသား ျဖစ္ေနေစမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*