ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုဆိုတာ ဘာလဲ

ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုဆိုတာက သင့်ကိုလုပ်ငန်းခွင်မှာ အမြင့်ဆုံးအဆင့်လုပ်ဆောင်နိုင်စေဖို့အတွက် ကူညီပေးနိုင်မယ့် စွမ်းရည်များဖြစ်ပါတယ်။ အဲဒီမှာဒေတာခွဲခြမ်းစိပ်ဖြာနည်း၊ ခက်ခဲတဲ့ လုပ်ဖော်ကိုင်ဖက်ကို ချဉ်းကပ်ပုံစတဲ့ လူအချင်းချင်းဆက်သွယ်ပြောဆိုရေးကနေ တနေရာကနေတနေရာကို ပြောင်းလွယ်ပြင်လွယ်ဖြစ်တဲ့အသိပညာစွမ်းရည်တွေအားလုံးပါဝင်ပါတယ်။

တခါတလေမှာ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကိုရောထွေးတတ်တာက သာမန်ပဲဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ကျွမ်းကျင်မှုများကပိုမိုကျယ်ပြန့်ပြီး နည်းပညာဆိုင်ရာများကတော့ အလုပ် ဒါမှမဟုတ်လုပ်ငန်းဆိုင်ရာသီးသန့်ဖြစ်ပါတယ်။ တကယ်လို့ သင်က ကွန်ပျူတာပရိုဂရမ်မာတစ်ဦးဖြစ်ပါကသင့်ရဲ့နည်းပညာဆိုင်ရာကျွမ်းကျင်မှုများမှာ Python ဒါမှမဟုတ် C++ လိုမျိုးကွန်ပျူတာဘာသာစကားများ ကျွမ်းကျင်မှုရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့သင့်ရဲ့ပရော်ဖက်ရှင်နယ်ကျွမ်းကျင်မှုကတော့ အချိန်စီမံခန့်ခွဲမှုနဲ့ ပဋိပက္ခဖြေရှင်းတာအပြင်အဲဒီဘာသာစကားများပါ ပါဝင်နိုင်ပါတယ်။ ဒီအချက်တွေအားလုံးကလုပ်ငန်းဆောင်တာများအတွက် လုပ် ဆောင်နိုင်စွမ်းကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ပုံမှန်အားဖြင့်တော့ ပရော်ဖက်ရှင်နယ်ကျွမ်းကျင်မှုကို အမျိုးအစားနှစ်မျိုးခွဲခြားထားပါတယ်။အဲဒီနှစ်ခုကတော့ Hard skills နဲ့ Soft skills ပဲဖြစ်ပါတယ်။

Hard Skills

Hard skills ကတော့ နည်းပညာဆိုင်ရာ တတ်မြောက်မှု၊ ဒေတာခွဲခြမ်းစိတ်ဖြာမှု ဒါမှမဟုတ်အတွေ့အကြုံများမှတဆင့် သင်ယူရရှိနိုင်တဲ့ နည်းပညာဆိုင်ရာ စွမ်းရည်များဖြစ်ပါတယ်။ဒီအရေးကြီးတဲ့ ကျွမ်းကျင်မှုများက အထူးပြုမှုအပေါ်မှာ မူတည်ပြီး ဘယ်လိုအခန်း ကဏ္ဍ
ဒါမှမဟုတ် ပိုမိုတိကျတဲ့ ဘယ်လိုကဏ္ဍမျိုးမဆို သက်ရောက်နိုင်ပါတယ်။

Soft Skills

ပျော့ပျောင်းသောစွမ်းရည်များကတော့ သမာဓိရှိမှု၊ အချိန်မှန်မှုနဲ့အသေးစိတ်အချက်အလတ်များကို အာရုံစိုက်နိုင်တာ၊ ပြဿနာများကိုဖြေရှင်းနိုင်တာ၊ဒီအချက်တွေက အမှန်တကယ်ကျွမ်းကျင်မှုဆိုတာထက် ပင်ကိုယ်စရိုက်များနဲ့ ပိုမိုနီးကပ်စွာနဲ့ဆက်စပ်နေပါတယ်။ ဒီအရည်အချင်းများကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သင်လုပ်ဆောင်နိုင်ပေမဲ့သင်ကြားလို့မတတ်နိုင်တဲ့ စွမ်းရည်တွေထဲမှာ ဒီအချက်တွေပါဝင်ပါတယ်။ ဒါကြောင့်ပဲကိုယ့်ရဲ့ပင်ကိုယ်စရိုက်နဲ့ များစွာဆက်စပ်နေတယ်လို့ ပြောရတာဖြစ်ပါတယ်။ဒါကြောင့်ပဲ ပရော်ဖက်ရှင်နယ်ကျွမ်းကျင်မှုကို ဒီအချက်တွေနဲ့ အဓိပ္ပာယ်ဖွင့်ကြပါတယ်။

MYit

zawgyi



Hard Skills


Soft Skills


MYit

Be the first to comment

Leave a Reply

Your email address will not be published.


*