Olivia Rodrigo ရဲ့သီချင်းကို The Hunger Games ရဲ့အဖွင့်သီချင်းအဖြစ်အသုံးပြုမယ်

Grammy ဆုသုံးကြိမ်ဆွတ်ခူးထားတဲ့ Olivia Rodrigo ရဲ့ သီချင်းသစ်တစ်ပုဒ်ဟာရုပ်ရှင်ကားကြီးတစ်ကားမှာ ပါဝင်လာဖို့ရှိနေပါတယ်။ အသက် ၂၀ သာရှိသေးတဲ့သူမက သီချင်းတွေကိုကိုယ်တိုင်ရေးဆိုလေ့ရှိသူပါ။ သူမကိုယ်တိုင်ရေးသားသီဆိုထားတဲ့ Can’t Catch Me Now သီချင်းဟာ The Hunger Games: The Ballad of Songbirds and Snakes ရုပ်ရှင်ကားရဲ့အဖွင့်သီချင်းအနေနဲ့ပါဝင်လာမှာဖြစ်ပါတယ်။

မကြာသေးခင်က Lionsgate ဟာ သူတို့ရဲ့ Hunger Games ဇာတ်ကားသစ်ကို မိတ်ဆက်လာခဲ့ပါတယ်။ဒီအထဲမှာ Olivia Rodrigo ရဲ့သီချင်းဟာ အဖွင့်သီချင်းအနေနဲ့ပါဝင်လာမယ်လို့စာနယ်ဇင်းတွေကိုပြောပြခဲ့တာဖြစ်ပါတယ်။“ကျွန်တော်တို့အနေနဲ့ ကမ္ဘာပေါ်မှာ Talent အရှိဆုံးအနုပညာရှင်တစ်ယောက်လို့ခေါ်ဆိုနိုင်မယ့်သူတစ်ဦးနဲ့လက်တွဲဖြစ်ခဲ့ပါတယ်။ သူ့ရဲ့သီချင်း၊ သံစဉ်စာသားနဲ့ အသံကဒီကားရဲ့ကာရိုက်တာတွေကိုပေါ်လွင်စေမှာပါ။ သူမက အလုပ်အရမ်းကြိုးစားပါတယ်။ သူမရဲ့သီချင်းကဒီရုပ်ရှင်ကားရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်လာမှာကို စိတ်မလှုပ်ရှားဘဲမနေနိုင်ပါဘူး” လို့ ဒါရိုက်တာဖရန့်စ်လောရင့်စ်ကပြောခဲ့တာဖြစ်ပါတယ်။ Olivia Rodrigo ရဲ့ Can’t Catch Me Now သီချင်းဟာနိုဝင်ဘာလ ၁၇ ရက်နေ့မှာထွက်ရှိမှာဖြစ်ပြီး The Hunger Games ရုပ်ရှင်ကားထွက်ရက်နဲ့တစ်ရက်တည်းထွက်ရှိလာမှာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*