အခန်းအတွင်းမှာ Vape သောက်မိလို့ လူသိရှင်ကြားတောင်းပန်လိုက်တဲ့ Jennie

Blackpink အဖွဲ့ဝင် Jennie က အခန်းအတွင်းမှာ Vape သောက်တဲ့ ဗီဒီယိုဖိုင်ပျံ့နှံသွားတဲ့အတွက် လူသိရှင်ကြားတောင်းပန်လိုက်ပါတယ်။ကေပေါ့ပ်စူပါစတားတဦးဖြစ်တဲ့ Jennie က မိတ်ကပ်ပြင်နေစဉ်မှာ Vape သောက်ပြီးမီးခိုးမှုတ်ထုတ်လိုက်တဲ့ ဗီဒီယိုဖိုင်တခု သူမရဲ့ယူကျူ့ချန်နယ်ကနေ တက်လာပြီးနောက်တောင်ကိုရီးယားမှာရှိတဲ့ ပြည်သူတွေ ဒေါသဖြစ်ကြတဲ့အတွက် တောင်းပန်ခဲ့ပါတယ်။အသက် ၂၈နှစ်အရွယ် ကြယ်ပွင့်က ဆံပင်နဲ့ မိတ်ကပ်ပြင်နေစဉ်မှာ Vape သောက်ပြီးမီးခိုးမှုတ်ထုတ်လိုက်တာက မိတ်ကပ်ပညာရှင်များနဲ့အလွန်နီးကပ်နေတာကြောင့်တောင်ကိုရီးယားပြည်သူတွေ ဒေါသထွက်ခဲ့ကြပါတယ်။ ဒီဗီဒီယိုဖိုင်ကို နာရီပိုင်းအတွင်းဖြုတ်ချခဲ့ပေမဲ့ အင်တာနက်မှာ ပျံ့နှံသွားခဲ့ပြီဖြစ်ပါတယ်။

အဆိုတော်ရဲ့ပရိသတ်တချို့က သူမက အလုံပိတ်အခန်းထဲမှာ Vape သောက်ပြီး မီးခိုးငွေ့တွေကတခြားသူတွေနဲ့နီးကပ်စွာရှိနေတဲ့အချိန်မှာ ဖြစ်တဲ့အတွက် စိတ်ပျက်မိကြောင်း ဆိုရှယ်မီဒီယာမှာဝေဖန်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာမှာ သူမတည်ထောင်ခဲ့တဲ့ Odd Atelier ကနေ တောင်းပန်စကားကို X ကနေတင်ခဲ့ပါတယ်။ သူမက အခန်းတွင်မှာ ဆေးလိပ်သောက်မိတဲ့အမှားကို ဝန်ခံပြီးဝန်ထမ်းများ အဆင်မပြေဖြစ်စေခဲ့တယ်လို့ ရေးသားထားပါတယ်။သူမက ဝန်ထမ်းများကိုကိုယ်တိုင်ကိုယ်ကျတောင်းပန်ခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် စိတ်ပျက်ခဲ့ရတဲ့
သူမရဲ့ ပရိသတ်တွေကို ကျနော်တို့တောင်းပန်ပါတယ်။ အနာဂတ်မှာ ဒီလိုထပ်မဖြစ်လာဖို့မျှော်လင့်ပါတယ်လို့ သူမရဲ့အေဂျင်စီက ပြောခဲ့ပါတယ်။ကေပေါ့ပ်ကြယ်ပွင့်များက အများသူငှာရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကိုပုံမှန်ရင်ဆိုင်ရလေ့ရှိပါတယ်။

MYit

zawgyi

Blackpink အဖြဲ႕ဝင္ Jennie က အခန္းအတြင္းမွာ Vape ေသာက္တဲ့ ဗီဒီယိုဖိုင္ပ်ံ႕ႏွံသြားတဲ့အတြက္ လူသိရွင္ၾကားေတာင္းပန္လိုက္ပါတယ္။ေကေပါ့ပ္စူပါစတားတဦးျဖစ္တဲ့ Jennie က မိတ္ကပ္ျပင္ေနစဥ္မွာ Vape ေသာက္ၿပီးမီးခိုးမႈတ္ထုတ္လိုက္တဲ့ ဗီဒီယိုဖိုင္တခု သူမရဲ႕ယူက်ဴ႕ခ်န္နယ္ကေန တက္လာၿပီးေနာက္ေတာင္ကိုရီးယားမွာရွိတဲ့ ျပည္သူေတြ ေဒါသျဖစ္ၾကတဲ့အတြက္ ေတာင္းပန္ခဲ့ပါတယ္။အသက္ ၂၈ႏွစ္အ႐ြယ္ ၾကယ္ပြင့္က ဆံပင္နဲ႔ မိတ္ကပ္ျပင္ေနစဥ္မွာ Vape ေသာက္ၿပီးမီးခိုးမႈတ္ထုတ္လိုက္တာက မိတ္ကပ္ပညာရွင္မ်ားနဲ႔အလြန္နီးကပ္ေနတာေၾကာင့္ေတာင္ကိုရီးယားျပည္သူေတြ ေဒါသထြက္ခဲ့ၾကပါတယ္။ ဒီဗီဒီယိုဖိုင္ကို နာရီပိုင္းအတြင္းျဖဳတ္ခ်ခဲ့ေပမဲ့ အင္တာနက္မွာ ပ်ံ႕ႏွံသြားခဲ့ၿပီျဖစ္ပါတယ္။

အဆိုေတာ္ရဲ႕ပရိသတ္တခ်ိဳ႕က သူမက အလုံပိတ္အခန္းထဲမွာ Vape ေသာက္ၿပီး မီးခိုးေငြ႕ေတြကတျခားသူေတြနဲ႔နီးကပ္စြာရွိေနတဲ့အခ်ိန္မွာ ျဖစ္တဲ့အတြက္ စိတ္ပ်က္မိေၾကာင္း ဆိုရွယ္မီဒီယာမွာေဝဖန္ခဲ့ၾကပါတယ္။ၿပီးခဲ့တဲ့ ႏိုဝင္ဘာမွာ သူမတည္ေထာင္ခဲ့တဲ့ Odd Atelier ကေန ေတာင္းပန္စကားကို X ကေနတင္ခဲ့ပါတယ္။ သူမက အခန္းတြင္မွာ ေဆးလိပ္ေသာက္မိတဲ့အမွားကို ဝန္ခံၿပီးဝန္ထမ္းမ်ား အဆင္မေျပျဖစ္ေစခဲ့တယ္လို႔ ေရးသားထားပါတယ္။သူမက ဝန္ထမ္းမ်ားကိုကိုယ္တိုင္ကိုယ္က်ေတာင္းပန္ခဲ့ၿပီး ဒီျဖစ္ရပ္ေၾကာင့္ စိတ္ပ်က္ခဲ့ရတဲ့
သူမရဲ႕ ပရိသတ္ေတြကို က်ေနာ္တို႔ေတာင္းပန္ပါတယ္။ အနာဂတ္မွာ ဒီလိုထပ္မျဖစ္လာဖို႔ေမွ်ာ္လင့္ပါတယ္လို႔ သူမရဲ႕ေအဂ်င္စီက ေျပာခဲ့ပါတယ္။ေကေပါ့ပ္ၾကယ္ပြင့္မ်ားက အမ်ားသူငွာရဲ႕ ေဝဖန္တိုက္ခိုက္မႈေတြကိုပုံမွန္ရင္ဆိုင္ရေလ့ရွိပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*