ကျောင်းတွင်းအနိုင်ကျင့်ခံရမှုလျှော့ချရေးအတွက်ကြိုးပမ်းနေသူ YouTuber Pyo Ye Rim မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွား

သူမဟာ အွန်စောသရုပ်ဆောင်ထားတဲ့ The Glory ဇာတ်ကားထဲကလိုမျိုးကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ၁၂ နှစ်ကြာကြုံခဲ့ရတယ်လို့ဖွင့်ဟခဲ့တဲ့ YouTuber Pyo Ye Rim ဟာအောက်တိုဘာလ ၁၀ ရက်နေ့ကမိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။ဘူဆန်ရဲဌာနနဲ့မီးသတ်ဌာနရဲ့ပြောကြားချက်အရ Seongjigokရေလှောင်ကန်ထဲကိုတစ်ယောက်ယောက်ပြုတ်ကျသွားတယ်လို့ အမျိုးသမီးတစ်ယောက်ကသတင်းပို့ခဲ့တယ်လို့ဆိုပါတယ်။ သူတို့ဝိုင်းဝန်းရှာဖွေကြတဲ့အခါ Pyo Ye Rim ရဲ့ခန္ဓာကိုယ်ကိုတွေ့ရှိခဲ့ရပြီးသူမကိုဆေးရုံပို့ခဲ့ကြပါတယ်။ ဒါပေမဲ့သူမဟာ နှလုံးရပ်သေဆုံးခဲ့ပြီးဖြစ်တယ်လို့ရဲဌာနကထုတ်ဖော်ပြောကြားပါတယ်။

YouTuber Pyo Ye Rim က သူမဟာ မူလတန်း၊ အလယ်တန်းနဲ့အထက်တန်းတွေမှာ အတန်းဖော် ၄ ယောက်ရဲ့အနိုင်ကျင့်မှုတွေကို ၁၂ နှစ်ကြာခံစားခဲ့ရသူဖြစ်တယ်လို့ဖွင့်ဟခဲ့ဖူးပြီးဒီလိုကျောင်းတွင်းအနိုင်ကျင့်မှုတွေတိုက်ဖျက်နိုင်မယ့် ဥပဒေပြဌာန်းနိုင်ဖို့အထိကြိုးစားနေသူဖြစ်ပါတယ်။ဒါပေမဲ့ သူမရဲ့ပြောစကားတွေဟာအလိမ်အညာတွေဆိုပြီး လူတွေရဲ့ထပ်မံတိုက်ခိုက်တာကိုခံရပါတယ်။ YouTubeChannel တစ်ခုကလည်း သူမကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတယ်လို့ပြောခဲ့ဖူးပါတယ်။“ကျွန်မက ဒီကိစ္စကိုဆက်လုပ်ဖို့ခွန်အားမရှိတော့ပါဘူး။ ယုံကြည်မှုလည်းမရှိတော့ဘူး။ ဒီဝေဒနာတွေကိုခံနိုင်ရည်မရှိတော့ဘူး။ ဘဝမှာဘာမှလုပ်စရာမရှိတော့သလိုပါပဲ။ ကျွန်မကြိုးစားပေးနေတဲ့ဒီကိစ္စကြီးကိုတော့ ကျေးဇူးပြုပြီးမေ့မပစ်ပါနဲ့” လို့ အဆုံးမစီရင်ခင်မနက်ပိုင်းကတင်ခဲ့တဲ့ သူမရဲ့ YouTube Video ထဲမှာမျက်ရည်ကျပြီး ပြောခဲ့တယ်လို့သိရပါတယ်။

Ju Ju

zawgyi

သူမဟာ အြန္ေစာသ႐ုပ္ေဆာင္ထားတဲ့ The Glory ဇာတ္ကားထဲကလိုမ်ိဳးေက်ာင္းတြင္းအႏိုင္က်င့္မႈေတြကို ၁၂ ႏွစ္ၾကာႀကဳံခဲ့ရတယ္လို႔ဖြင့္ဟခဲ့တဲ့ YouTuber Pyo Ye Rim ဟာေအာက္တိုဘာလ ၁၀ ရက္ေန႔ကမိမိကိုယ္ကိုအဆုံးစီရင္သြားခဲ့တယ္လို႔ သိရပါတယ္။ဘူဆန္ရဲဌာနနဲ႔မီးသတ္ဌာနရဲ႕ေျပာၾကားခ်က္အရ Seongjigokေရေလွာင္ကန္ထဲကိုတစ္ေယာက္ေယာက္ျပဳတ္က်သြားတယ္လို႔ အမ်ိဳးသမီးတစ္ေယာက္ကသတင္းပို႔ခဲ့တယ္လို႔ဆိုပါတယ္။ သူတို႔ဝိုင္းဝန္းရွာေဖြၾကတဲ့အခါ Pyo Ye Rim ရဲ႕ခႏၶာကိုယ္ကိုေတြ႕ရွိခဲ့ရၿပီးသူမကိုေဆး႐ုံပို႔ခဲ့ၾကပါတယ္။ ဒါေပမဲ့သူမဟာ ႏွလုံးရပ္ေသဆုံးခဲ့ၿပီးျဖစ္တယ္လို႔ရဲဌာနကထုတ္ေဖာ္ေျပာၾကားပါတယ္။

YouTuber Pyo Ye Rim က သူမဟာ မူလတန္း၊ အလယ္တန္းနဲ႔အထက္တန္းေတြမွာ အတန္းေဖာ္ ၄ ေယာက္ရဲ႕အႏိုင္က်င့္မႈေတြကို ၁၂ ႏွစ္ၾကာခံစားခဲ့ရသူျဖစ္တယ္လို႔ဖြင့္ဟခဲ့ဖူးၿပီးဒီလိုေက်ာင္းတြင္းအႏိုင္က်င့္မႈေတြတိုက္ဖ်က္ႏိုင္မယ့္ ဥပေဒျပဌာန္းႏိုင္ဖို႔အထိႀကိဳးစားေနသူျဖစ္ပါတယ္။ဒါေပမဲ့ သူမရဲ႕ေျပာစကားေတြဟာအလိမ္အညာေတြဆိုၿပီး လူေတြရဲ႕ထပ္မံတိုက္ခိုက္တာကိုခံရပါတယ္။ YouTubeChannel တစ္ခုကလည္း သူမကိုရည္႐ြယ္ခ်က္ရွိရွိတိုက္ခိုက္ေနတယ္လို႔ေျပာခဲ့ဖူးပါတယ္။“ကြၽန္မက ဒီကိစၥကိုဆက္လုပ္ဖို႔ခြန္အားမရွိေတာ့ပါဘူး။ ယုံၾကည္မႈလည္းမရွိေတာ့ဘူး။ ဒီေဝဒနာေတြကိုခံႏိုင္ရည္မရွိေတာ့ဘူး။ ဘဝမွာဘာမွလုပ္စရာမရွိေတာ့သလိုပါပဲ။ ကြၽန္မႀကိဳးစားေပးေနတဲ့ဒီကိစၥႀကီးကိုေတာ့ ေက်းဇူးျပဳၿပီးေမ့မပစ္ပါနဲ႔” လို႔ အဆုံးမစီရင္ခင္မနက္ပိုင္းကတင္ခဲ့တဲ့ သူမရဲ႕ YouTube Video ထဲမွာမ်က္ရည္က်ၿပီး ေျပာခဲ့တယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*