အချစ်ရေးမှာ စိတ်မချမ်းသာရတဲ့ အကြောင်းရင်း (၄)ခု

အချစ်ရေးမှာ မပျော်မရွှင်ဖြစ်နေပါသလား။ မင်းရဲ့ အချစ်ရေး အခြေအနေကို အမြဲတစေမေးခွန်းထုတ်နေသလား။ ဒါက မင်းတစ်ယောက် တည်းမဟုတ်ပါဘူး။ လူအတော်များများကသူတို့ရဲ့ဆက်ဆံရေးမှာ မကျေနပ်မှုများခံစားနေရကြပါတယ်။ အကြောင်းအရင်းခံကိုနားလည်အောင် ရှာဖွေပြီး ဖြေရှင်းချက်များလုပ်ဆောင်ဖို့အတွက် ဒီအချက်တွေကနေအဖြေရနိုင်ပါတယ်။

ဆက်သွယ်မှုအားနည်းတာ

ပေါင်းသင်းဆက်ဆံရေးမှာ မပျော်မရွှင်ဖြစ်ရတဲ့ အဖြစ်များဆုံး အကြောင်းရင်းတစ်ခုကတော့ဆက်သွယ်မှု အားနည်းခြင်းပါပဲ။ ချစ်သူအချင်းချင်းထိရောက်စွာပြောဆိုမှုမရှိပါကနားလည်မှုလွဲမှားမှုများ ဖြစ်ပေါ်လာနိုင်ပြီး စိတ်ပျက်မှုနဲ့ နာကြည်းမှုကိုဖြစ်စေပါတယ်။

မပြည့်မီတဲ့ မျှော်လင့်ချက်များ

လက်တွေ့မကျသော မျှော်လင့်ချက်များကလည်း ချစ်ဆက်ဆံရေးမကျေနပ်မှုကိုဖြစ်စေနိုင်ပါတယ်။ သင့်လက်တွဲဖော်က သင့်လိုအပ် ချက်များနဲ့ ဆန္ဒများကို ဖြည့်ဆည်းပေးဖို့မျှော်လင့်မယ်ဆိုရင် တခါတလေမှာ အလိုဆန္ဒတွေမပြည့်တဲ့အခါမှာစိတ်ပျက်အားငယ်ရနိုင်ပါတယ်။ မျှော်လင့်ချက်ကြီးရင်ကြီးသလို သင့်စိတ်မှာခံစားရနိုင်ပါတယ်။

တယောက်အကြောင်း တယောက်ကောင်းစွာမသိတာ

ရင်းနှီးမှုက ဘယ်လိုဆက်ဆံရေးမှာမဆို မရှိမဖြစ်လိုအပ်တဲ့ အချက်တခုဖြစ်ပါတယ်။ရင်းနှီးမှုမရှိတာက မပျော်မရွှင်ခံစားချက်များဆီကို ဦးတည်သွားစေနိုင်ပါတယ်။ သင့်ကသင့်ရဲ့ချစ်သူနဲ့ ရင်းနှီးမှုရဖို့လိုအပ်ချက်များကို နားလည်နိုင်ဖို့ လိုအပ်ပါတယ်။ ရင်းနှီးမှုဆိုတာကဒီနေရာမှာ တယောက်အကြောင်း တယောက်ကောင်းစွာသိနားလည်မှုပါပဲ။

မဖြေရှင်းနိုင်တဲ့အတိတ်ပြဿနာများ

အရင်အတွေ့အကြုံများနဲ့ မဖြေရှင်းရသေးတဲ့ ပြဿနာများကသင့်လက်ရှိဆက်ဆံရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာများကို ဖော်ထုတ်ပြီးကိုင်တွယ်ဖြေရှင်းမှာသာ လက်ရှိဆက်ဆံရေးမှာ ပိုမိုကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာကုစားမှုနဲ့ချစ်ဆက်ဆံရေးဖြောင့်ဖြူးနိုင်မှာဖြစ်ပါတယ်။

MYit

zawgyi


ဆက်သွယ်မှုအားနည်းတာ








MYit

Be the first to comment

Leave a Reply

Your email address will not be published.


*