Mock Interviewရဲ့ အကျိုးကျေးဇူး (၃)ခု

ပထမဆုံး mock interview ဆိုတာကို အရင်ဆုံးရှင်းပြချင်ပါတယ်။ mock interview ဆိုတာကတော့ အင်တာဗျူးအတွက်အလေ့အ ကျင့်လုပ်တဲ့ အင်တာဗျူးတခုပါပဲ။ Practice interview လို့လည်း ခေါ်ကြပါတယ်။ သင့်ကို အသက်မွေးဝမ်းကျော်ငးနည်းပြ၊ လုပ်ဖော် ကိုင်ဖက်ဒါမှမဟုတ် အကြံဉာဏ်ပေးသူကနေ အင်တာဗျူးမတိုင်ခင်မှာအလေ့အကျင့်အင်တာဗျူးတခုမေးမြန်းတဲ့သဘောပါပဲ။ဒီအင် တာဗျူးအလေ့အကျင့်က သင့်ကို အမူအရာ၊ နှုတ်အမူရာနဲ့ ခက်ခဲတဲ့မေးခွန်းများအတွက်အဖြေများကို ချိန်ညှိနိုင်စေပါတယ်။ လက်တွေ့အင် တာဗျူးမှာဘယ်လိုပြုမူရမလဲဆိုတာကိုလည်း တပြိုင်နက်ထဲလေ့လာနိုင်ပါတယ်။သင့်အဖြေကိုနားထောင်သူဘက်ကလည်း အကြံဉာဏ်များပေးနိုင်ပြီး အပြုသဘောဆောင်တဲ့ဝေဖန်မှုများပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Mock interview ရဲ့အကျိုးကျေးဇူး သုံးခုကို မျှဝေပေးချင်ပါတယ်။

လက်တွေ့အင်တာဗျူးပြင်ဆင်မှုအတွက် အရေးပါတာ

သင့်အနေနဲ့ ဒီအင်တာဗျူးကို လက်တွေ့အရေးပါတဲ့အင်တာဗျူးတခုလိုပဲပြင်ဆင်ထားသင့်ပါတယ်။ ကိုယ်လျှောက်မယ့်အလုပ်အကြောင်း ၊ကုမ္ပဏီအကြောင်းသေသေချာချာသိအောင်လုပ်ထားရမှာဖြစ်ပြီး တကယ့်အင်တာဗျူးတခုလိုပဲသင်အားထုတ်ဖို့လိုပါတယ်။ ဒါမှသာတကယ့်အင်တာဗျူးမှာ သင့်အနေနဲ့ဘယ်လိုမေးခွန်းမျိုးမဆို ပြီးပြည့်စုံတဲ့အဖြေကို ဖြေပေးနိုင်မှာဖြစ်ပါတယ်။

ကိုယ့်အကြောင်း ဘယ်လိုပြောရမလဲ လေ့လာပါ

ကိုယ့်အကြောင်းကိုယ်တူးဆွရတာ တခါတလေမှာ စိတ်မသက်မသာဖြစ်နိုင်ပေမဲ့လည်းကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်ကို ဘယ်လိုပြောမလဲဆိုတဲ့အပိုင်းက အရေးကြီးပါတယ်။သင့်အရည်အချင်းနဲ့ ပန်းတိုင်များအကြောင်း ဘယ်လိုပြောရမလဲဆိုတာက အရေးကြီးပါတယ်။မင်းကို တခြားသူတွေနဲ့ ဘယ်အရာက ခြားနားကွဲပြားစေတာနဲ့ဆိုတာ ရှာဖွေပါ။ကိုယ်ကိုယ်ကိုယ်မြှင့်တင်ဖို့ များများလေ့ကျင့်လေ တကယ့်အင်တာဗျူးမှာခြောက်ခြားမှုနည်းလေပါပဲ။

ယုံကြည်မှုကိုရယူပါ

Sport Management Education Journal ကနေ လေ့လာမှုတစ်ခုအရ mock အင်တာဗျူးပါဝင်သူများက အတွေ့အကြုံရှိပြီးနောက်မှာ ယုံကြည်မှုပိုရှိပြီးစိုးရိမ်မှုနည်းပါးပါတယ်။ လေ့ကျင့်တာက ဖြစ်နိုင်ချေရှိတဲ့အင်တာဗျူးမေးခွန်းကိုဖြေဆိုဖို့အတွက်နဲ့တကယ့်အင်တာဗျူးတွေမှာလာမယ့်အကြောင်းအရာတွေကိုပြင်ဆင်ဖို့အတွက်အချိန်ရနိုင်ပါတယ်။ဒီအချက်တွေကတော့ mock interview ကဘယ်လိုအ ရေးပါသလဲ၊ဘယ်လိုအကျိုးကျေးဇူးရှိသလဲဆိုတာ မျှဝေပေးတာပဲဖြစ်ပါတယ်။ အင်တာဗျူးမှာစိုးရိမ်ကြောင့်ကျမှုကင်းစွာနဲ့ ယုံကြည်မှုရှိရှိဖြေဆိုနိုင်ပါစေ။

MYit

zawgyi






ယုံကြည်မှုကိုရယူပါ


MYit

Be the first to comment

Leave a Reply

Your email address will not be published.


*