မိခင်နဲ့ ညီမဖြစ်သူ တနေ့ထဲကွယ်လွန်ကြောင်း ကြေညာခဲ့တဲ့ Mariah Carey

ဂရမ်မီဆုရှင် Mariah Carey ရဲ့မိခင် Patricia နဲ့ ညီမဖြစ်သူ Alison တို့ နှစ်ဦးစလုံးကတရက်ထဲကွယ်လွန်သွားခဲ့တယ်လို့ အဆိုတော်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။“ပြီးခဲ့တဲ့ သီတင်းပတ်က အမေ့ကို ဆုံးရှုံးလိုက်ရလို့ စိတ်တွေ ကြေကွဲရပါတယ်” လို့ဂရမ်မီဆုရှင်အဆို တော်က ပြောပါတယ်။ “ဝမ်းနည်းစရာကောင်းတာက ကြေကွဲစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုမှာ ငါ့ညီမကလည်း အဲဒီနေ့မှာပဲအ သက်ဆုံးရှုံးသွားတယ်”

“မကွယ်လွန်ခင်မှာ အမေ့နဲ့ နောက်ဆုံးအပတ်ကို ဖြတ်သန်းနိုင်ခဲ့လို့ ကောင်းချီးခံစားရတယ်။ဒီအခြေအနေမှာ လူတိုင်းရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးမှုနဲ့ လေးစားမှုကို ကျေးဇူးတင်ပါတယ်။”သူတို့ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းအသေးစိတ်ကိုတော့ ချက်ချင်းမသိရှိရသေးပါဘူး။ People မဂ္ဂဇင်းက သူတို့ရဲ့သေဆုံးမှုသတင်းနဲ့ Carey ရဲ့ ထုတ်ပြန်ချက်ကို ပထမဆုံးဖော်ပြခဲ့တာပါ။သူမရဲ့မိခင် Patricia က အော်ပရာအဆိုတော်တစ်ဦးဖြစ်ပြီး အဆိုတော်ရဲ့ဖခင် Alfred Roy Carey နဲ့လက်ထပ်ခဲ့ပါတယ်။ အဆိုတော် သုံးနှစ်သမီးအရွယ်မှာ မိဘများကွာ ရှင်းပြတ်စဲခဲ့တာဖြစ်ပါတယ်။

Carey က မကြာခဏဆိုသလို သူမရဲ့မိခင်နဲ့ ရန်ဖြစ်တဲ့အကြောင်းရေးသားခဲ့တာပါ။ ၂၀၂၀ခုနှစ်မှာ သူမရဲ့မိခင်၊ ညီမဖြစ်သူနဲ့ ရှုပ်ထွေးတဲ့ဆက်ဆံရေးအသေးစိတ်ကို ဖော်ပြခဲ့ပြီးသူမမိခင်က သူမငယ်စဉ်က မလုံခြုံတဲ့အခြေအနေများမှာထားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေလည်း ရှိခဲ့ပါတယ်။ဝမ်းနည်းစရာကောင်းတာက တရက်ထဲမှာပဲ မိခင်ရော ညီမဖြစ်သူကိုပါဆုံးရှုံးလိုက်ရတာပါ။ဖြစ်စဉ် အသေးစိတ်ကိုဖော်ပြမထားပေမဲ့ ဒီဖြစ်ရပ်ဆိုးကြီးအတွက် သူမကို စာနာနားလည်ပြီးအားပေးနေကြတဲ့ ပရိသတ်တွေရှိနေတာကြောင့် သူမကကျေးဇူးတင်စကားဆိုခဲ့တာဖြစ်ပါတယ်။

MYit

zawgyi

ဂရမ္မီဆုရွင္ Mariah Carey ရဲ႕မိခင္ Patricia နဲ႔ ညီမျဖစ္သူ Alison တို႔ ႏွစ္ဦးစလုံးကတရက္ထဲကြယ္လြန္သြားခဲ့တယ္လို႔ အဆိုေတာ္က တနလၤာေန႔မွာ ေျပာၾကားခဲ့ပါတယ္။“ၿပီးခဲ့တဲ့ သီတင္းပတ္က အေမ့ကို ဆုံးရႈံးလိုက္ရလို႔ စိတ္ေတြ ေၾကကြဲရပါတယ္” လို႔ဂရမ္မီဆုရွင္အဆို ေတာ္က ေျပာပါတယ္။ “ဝမ္းနည္းစရာေကာင္းတာက ေၾကကြဲစရာေကာင္းတဲ့အျဖစ္အပ်က္တစ္ခုမွာ ငါ့ညီမကလည္း အဲဒီေန႔မွာပဲအ သက္ဆုံးရႈံးသြားတယ္”

“မကြယ္လြန္ခင္မွာ အေမ့နဲ႔ ေနာက္ဆုံးအပတ္ကို ျဖတ္သန္းႏိုင္ခဲ့လို႔ ေကာင္းခ်ီးခံစားရတယ္။ဒီအေျခအေနမွာ လူတိုင္းရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ ပံ့ပိုးမႈနဲ႔ ေလးစားမႈကို ေက်းဇူးတင္ပါတယ္။”သူတို႔ရဲ႕ ေသဆုံးရတဲ့ အေၾကာင္းရင္းအေသးစိတ္ကိုေတာ့ ခ်က္ခ်င္းမသိရွိရေသးပါဘူး။ People မဂၢဇင္းက သူတို႔ရဲ႕ေသဆုံးမႈသတင္းနဲ႔ Carey ရဲ႕ ထုတ္ျပန္ခ်က္ကို ပထမဆုံးေဖာ္ျပခဲ့တာပါ။သူမရဲ႕မိခင္ Patricia က ေအာ္ပရာအဆိုေတာ္တစ္ဦးျဖစ္ၿပီး အဆိုေတာ္ရဲ႕ဖခင္ Alfred Roy Carey နဲ႔လက္ထပ္ခဲ့ပါတယ္။ အဆိုေတာ္ သုံးႏွစ္သမီးအ႐ြယ္မွာ မိဘမ်ားကြာ ရွင္းျပတ္စဲခဲ့တာျဖစ္ပါတယ္။

Carey က မၾကာခဏဆိုသလို သူမရဲ႕မိခင္နဲ႔ ရန္ျဖစ္တဲ့အေၾကာင္းေရးသားခဲ့တာပါ။ ၂၀၂၀ခုႏွစ္မွာ သူမရဲ႕မိခင္၊ ညီမျဖစ္သူနဲ႔ ရႈပ္ေထြးတဲ့ဆက္ဆံေရးအေသးစိတ္ကို ေဖာ္ျပခဲ့ၿပီးသူမမိခင္က သူမငယ္စဥ္က မလုံၿခဳံတဲ့အေျခအေနမ်ားမွာထားခဲ့တယ္ဆိုတဲ့စြပ္စြဲခ်က္ေတြလည္း ရွိခဲ့ပါတယ္။ဝမ္းနည္းစရာေကာင္းတာက တရက္ထဲမွာပဲ မိခင္ေရာ ညီမျဖစ္သူကိုပါဆုံးရႈံးလိုက္ရတာပါ။ျဖစ္စဥ္ အေသးစိတ္ကိုေဖာ္ျပမထားေပမဲ့ ဒီျဖစ္ရပ္ဆိုးႀကီးအတြက္ သူမကို စာနာနားလည္ၿပီးအားေပးေနၾကတဲ့ ပရိသတ္ေတြရွိေနတာေၾကာင့္ သူမကေက်းဇူးတင္စကားဆိုခဲ့တာျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*