အလုပ်ကမ်းလှမ်းမှုကို ယဉ်ကျေးစွာ ငြင်းပယ်ဖို့ နည်းလမ်း (၄)ခု

အလုပ်ကမ်းလှမ်းချက်နှစ်ခုကိုတပြိုင်နက်ထဲမှာ သင်ရရှိခဲ့မယ်ဆိုရင်သေချာပေါက်တော့ တခုကိုသင်လက်လွတ်ရမှာပါ။ အဲဒီလိုအချိန်မျိုးမှာ ဘယ်အလုပ်ကသင့်အတွက်အဆင်အပြေဆုံးလဲဆိုတာကို စဉ်းစားဆုံးဖြတ်ပြီး တခြားအလုပ်တခုကိုယဉ်ကျေးစွာငြင်းပယ်တတ်ဖို့လိုပါတယ်။

ငြင်းပယ်လိုကြောင်း သေချာပါစေ

ဒီအလုပ်ကိုသင်ငြင်းပယ်မယ်ဆိုတာ ပထမဆုံးသေချာဖို့လိုပါတယ်။ ဆုံးဖြတ်ချက်ကတခါတလေမှာ လွယ်လွယ်ကူကူချရတာတော့မ ဟုတ်ပါဘူး။ ဒါကြောင့် ဒီအလုပ်ကသင်လက်ခံဖို့ မသေချာဘူးလားဆိုတာကိုခိုင်လုံတဲ့အကြောင်းပြချက် ကိုယ့်မှာရှိနေဖို့လိုပါတယ်။
လစာ၊ အကျိုးခံစားခွင့်၊ လုပ်ငန်းခွင်လိုက်လျောညီထွေမှု၊ ကိုယ်နဲ့ကိုက်ညီမှု၊အဖွဲ့အစည်းရဲ့အခြေအနေ၊ တိုးတက်မှု၊ကိုယ့်အနာဂတ်အ တွက်အခွင့်အလမ်းစတာတွေအားလုံးကိုသေသေချာချာလေ့လာဖို့လိုပါတယ်။

လေးမြတ်မှုနဲ့ ကျေးဇူးတင်ကြောင်းပြသပါ

နံပါတ်နှစ်အချက်ကတော့ အလုပ်တခုကိုငြင်းပယ်တော့မယ်ဆိုရင်ကိုယ့်ကိုရွေးချယ်ပေးတဲ့အတွက်၊ ကိုယ့်အတွက် အချိန်ကုန်တဲ့လုပ်ငန်း စဉ်တခုလုပ်ခဲ့ရတဲ့အတွက် အရင်ဆုံးကျေးဇူးတင်စကားဆိုပါ။လျှောက်လွှာတင်တာကနေ အင်တာဗျူးအဆင့်အထိများလွန်တဲ့အဆင့်တွေကိုလုပ်ဆောင်ရတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့သူတို့အပေါ်လေးစားမှုနဲ့ကျေးဇူးတင်ကြောင်းကိုပေါ်လွင်အောင်ပြသပါ။ ဒီအခွင့် အရေးကိုသင်အလေးအနက်ထားခဲ့တယ်ဆိုတာကို ပြသပါ။

တံခါးကိုဖွင့်ထားပါ

အခုသူတို့ကမ်းလှမ်းတဲ့ အလုပ်က သင့်စိတ်ကူးအိပ်မက်နဲ့မကိုက်ညီပေမဲ့ကွန်ရက်ချိတ်ဆက်မှုအတွက် တံခါးကိုဖွင့်ထားခဲ့ပါတယ်။နောက် တကြိမ်သင်စိတ်ဝင်စားတဲ့အလုပ်အတွက်အဆင်သင့်ရှိနေမယ်ဖြစ်ကြောင်းကို သူတို့သိအောင်ပြောကြားခဲ့ပါတယ်။အလုပ်ခန့်ထားရေးအဖွဲ့နဲ့ ချိတ်ဆက်မှုပြုလုပ်ခဲ့ဖို့ပါပဲ။ ဒါကြောင့်တံခါးတွေကိုဖွင့်ထားခဲ့ဖို့လိုပါတယ်။

သင့်ဆုံးဖြတ်ချက်ကို ရှင်းပြပါ

သင်ဘာကြောင့် ဒီလိုဆုံးဖြတ်ရသလဲဆိုတဲ့အချက်ကို ကျိုးကြောင်းသင့်တင့်စွာနဲ့ ရှင်းပြပါ။ပွင့်လင်းမြင်သာမှုရှိဖို့လိုပေမဲ့ အသေးစိတ်အ ချက်အလက်များကို မျှဝေဖို့ မလိုအပ်ပါဘူး။ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်ကောင်းကောင်းတခုသင့်မှာရှိနေဖို့တော့လိုပါတယ်။ဒီအချက်တွေကတော့ ကမ်းလှမ်းလာတဲ့အလုပ်တခုကို ပရော်ဖက်ရှင်နယ်ကျကျငြင်းပယ်တာပါပဲ။ ငြင်းပယ်ပေမဲ့လည်း တဖက်မှာလည်း ကိုယ့်အတွက်တံခါးတချပ်ကိုဖွင့်ထားခဲ့ဖို့လိုပါတယ်။

MYit

zawgyi

အလုပ္ကမ္းလွမ္းခ်က္ႏွစ္ခုကိုတၿပိဳင္နက္ထဲမွာ သင္ရရွိခဲ့မယ္ဆိုရင္ေသခ်ာေပါက္ေတာ့ တခုကိုသင္လက္လြတ္ရမွာပါ။ အဲဒီလိုအခ်ိန္မ်ိဳးမွာ ဘယ္အလုပ္ကသင့္အတြက္အဆင္အေျပဆုံးလဲဆိုတာကို စဥ္းစားဆုံးျဖတ္ၿပီး တျခားအလုပ္တခုကိုယဥ္ေက်းစြာျငင္းပယ္တတ္ဖို႔လိုပါတယ္။

ျငင္းပယ္လိုေၾကာင္း ေသခ်ာပါေစ

ဒီအလုပ္ကိုသင္ျငင္းပယ္မယ္ဆိုတာ ပထမဆုံးေသခ်ာဖို႔လိုပါတယ္။ ဆုံးျဖတ္ခ်က္ကတခါတေလမွာ လြယ္လြယ္ကူကူခ်ရတာေတာ့မ ဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီအလုပ္ကသင္လက္ခံဖို႔ မေသခ်ာဘူးလားဆိုတာကိုခိုင္လုံတဲ့အေၾကာင္းျပခ်က္ ကိုယ့္မွာရွိေနဖို႔လိုပါတယ္။
လစာ၊ အက်ိဳးခံစားခြင့္၊ လုပ္ငန္းခြင္လိုက္ေလ်ာညီေထြမႈ၊ ကိုယ္နဲ႔ကိုက္ညီမႈ၊အဖြဲ႕အစည္းရဲ႕အေျခအေန၊ တိုးတက္မႈ၊ကိုယ့္အနာဂတ္အ တြက္အခြင့္အလမ္းစတာေတြအားလုံးကိုေသေသခ်ာခ်ာေလ့လာဖို႔လိုပါတယ္။

ေလးျမတ္မႈနဲ႔ ေက်းဇူးတင္ေၾကာင္းျပသပါ

နံပါတ္ႏွစ္အခ်က္ကေတာ့ အလုပ္တခုကိုျငင္းပယ္ေတာ့မယ္ဆိုရင္ကိုယ့္ကိုေ႐ြးခ်ယ္ေပးတဲ့အတြက္၊ ကိုယ့္အတြက္ အခ်ိန္ကုန္တဲ့လုပ္ငန္း စဥ္တခုလုပ္ခဲ့ရတဲ့အတြက္ အရင္ဆုံးေက်းဇူးတင္စကားဆိုပါ။ေလွ်ာက္လႊာတင္တာကေန အင္တာဗ်ဴးအဆင့္အထိမ်ားလြန္တဲ့အဆင့္ေတြကိုလုပ္ေဆာင္ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕သူတို႔အေပၚေလးစားမႈနဲ႔ေက်းဇူးတင္ေၾကာင္းကိုေပၚလြင္ေအာင္ျပသပါ။ ဒီအခြင့္ အေရးကိုသင္အေလးအနက္ထားခဲ့တယ္ဆိုတာကို ျပသပါ။

တံခါးကိုဖြင့္ထားပါ

အခုသူတို႔ကမ္းလွမ္းတဲ့ အလုပ္က သင့္စိတ္ကူးအိပ္မက္နဲ႔မကိုက္ညီေပမဲ့ကြန္ရက္ခ်ိတ္ဆက္မႈအတြက္ တံခါးကိုဖြင့္ထားခဲ့ပါတယ္။ေနာက္ တႀကိမ္သင္စိတ္ဝင္စားတဲ့အလုပ္အတြက္အဆင္သင့္ရွိေနမယ္ျဖစ္ေၾကာင္းကို သူတို႔သိေအာင္ေျပာၾကားခဲ့ပါတယ္။အလုပ္ခန႔္ထားေရးအဖြဲ႕နဲ႔ ခ်ိတ္ဆက္မႈျပဳလုပ္ခဲ့ဖို႔ပါပဲ။ ဒါေၾကာင့္တံခါးေတြကိုဖြင့္ထားခဲ့ဖို႔လိုပါတယ္။

သင့္ဆုံးျဖတ္ခ်က္ကို ရွင္းျပပါ

သင္ဘာေၾကာင့္ ဒီလိုဆုံးျဖတ္ရသလဲဆိုတဲ့အခ်က္ကို က်ိဳးေၾကာင္းသင့္တင့္စြာနဲ႔ ရွင္းျပပါ။ပြင့္လင္းျမင္သာမႈရွိဖို႔လိုေပမဲ့ အေသးစိတ္အ ခ်က္အလက္မ်ားကို မွ်ေဝဖို႔ မလိုအပ္ပါဘူး။က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ အေၾကာင္းျပခ်က္ေကာင္းေကာင္းတခုသင့္မွာရွိေနဖို႔ေတာ့လိုပါတယ္။ဒီအခ်က္ေတြကေတာ့ ကမ္းလွမ္းလာတဲ့အလုပ္တခုကို ပေရာ္ဖက္ရွင္နယ္က်က်ျငင္းပယ္တာပါပဲ။ ျငင္းပယ္ေပမဲ့လည္း တဖက္မွာလည္း ကိုယ့္အတြက္တံခါးတခ်ပ္ကိုဖြင့္ထားခဲ့ဖို႔လိုပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*