မျက်နှာချင်းဆိုင် ဆက်သွယ်မှုရဲ့ အားသာချက် (၄)ချက်
မျက်နှာချင်းဆိုင် ဆက်သွယ်မှုရဲ့ အရေးပါပုံနဲ့ Remote work တွေမှာ ပိုမိုထိရောက်စွာအတူတကွလုပ်ဆောင်နိုင်ပုံကို မျှဝေပေးချင်ပါတယ်။
နားလည်မှုလွဲမှားမှုကို လျော့နည်းစေတာ
တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောဆိုမှုတွေကို မြင်နိုင်ခြင်းကတစ်ဖက်လူပြောနေတာကို ပိုမိုလွယ်ကူစွာ နားလည်စေပါတယ်။
အီးမေးလ် ဒါမှမဟုတ် ဖုန်းခေါ်ဆိုမှုများနဲ့ တခြားဆက်သွယ်ရေးလမ်းကြောင်းများကယုံကြည်စိတ်ချရမှုနည်းပါတယ်။ မျက်နှာချင်းဆိုင်မဟုတ်တဲ့အတွက် တဦးရဲ့မျက်နှာကိုတဦးမမြင်ရဘဲ နားလည်မှုလွဲစေနိုင်ပါတယ်။မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံမှုက နားလည်မှုလွဲမှားမှုကိုလျှော့ချပေးနိုင်ပြီးပဋိပက္ခဖြေရှင်းရာမှာလည်း ကူညီပေးနိုင်ပါတယ်။
ပိုမိုမြန်ဆန်ပြီး ပိုမိုထိရောက်စေတာ
မျက်နှာချင်းဆိုင်စကားပြောဆိုတာက ငါးမိနစ်အတွင်း ဖြေရှင်းနိုင်တဲ့ ရှည်လျားပြီးစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အီးမေးလ်တခုထက်စာရင် ပိုကောင်းပါတယ်။ အီးမေးလ်တွေကနာမည်ဆိုးနဲ့ အချိန်ကုန်စေပြီး ကုန်ထုတ်စွမ်းအားအတွက် အကျိုးမရှိပါဘူး။ ဝန်ထမ်းများက
အလုပ်နဲ့ပတ်သက်တဲ့ အကြောင်းများကို တနေ့မှာ သုံးနာရီထက်ပိုပြီး အီးမေးလ်ဖြင့်ဆက်သွယ်ကြပါတယ်။ဒါပေမဲ့ မျက်နှာချင်းဆိုင်စကားပြောဆိုလိုက်တာ အီးမေးလ်ပေါင်းများစွာထက် ပိုပြီးအကျိုးရှိစေပါတယ်။ ဒါကြောင့် ဆက်သွယ်မှုမြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့မျက်နှာချင်းဆိုင် ဆက်သွယ်တာပါပဲ။
ထိတွေ့ဆက်ဆံမှုကို တိုးစေတာ
မျက်နှာချင်းဆိုင်အဖွဲ့အစည်းအဝေးများက အသိုင်းအဝိုင်းရဲ့ ခံစားချက်ကိုဖန်တီးဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အီးမေးလ်များနဲ့ စာတိုတွေက မပြုလုပ်နိုင်တဲ့နည်းလမ်းနဲ့ တက်ကြွစွာ ထိတွေ့ဆက်ဆံမှုနဲ့ ပူးပေါင်းပါဝင်မှုကိုလည်း အားပေးနိုင်ပါတယ်။ကံကေင်းတာက လူကိုယ်တိုင်တွေ့ဆုံမှုများလိုပဲ Virtual အစည်းအဝေးတွေကထိရောက်မှုရှိပါတယ်။
ယုံကြည်မှုတည်ဆောက်တာ
ယုံကြည်မှုက အောင်မြင်တဲ့ အသင်းတိုင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတခုဖြစ်ပါတယ်။မျက်နှာချင်းဆိုင်အပြန်အလှန်ဆက်သွယ်မှုက အဖွဲ့ဝင်တွေကြားမှာဆက်သွယ်မှုကိုအားကောင်းစေပါတယ်။ အထူးသဖြင့် ယုံကြည်မှုတည်ဆောက်ဖို့အတွက်မျက်နှာချင်းဆိုင် အ ပြန်အလှန်ဆက်သွယ်မှုကို အသုံးချဖို့ အရေးကြီးပါတယ်။
MYit
zawgyi
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*