မိခင်တွေ အလုပ်နိုင်ဖို့အတွက် မန်နေဂျာများရဲ့ အခန်းကဏ္ဍ

အိမ်ထောင်တခုမှာ အဓိကပြုစုစောင့်ရှောက်ပေးတဲ့ အမျိုးသမီးတွေအတွက်အလုပ်အကိုင်အခွင့်အလမ်းက စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ အမေရိကန်မှာအလုပ်လုပ်ကိုင်နေတဲ့ မိခင်လေးဦးမှာ သုံးဦးက အလုပ်နဲ့မိဘအုပ်ထိန်းမှုဆိုင်ရာဖိစီးမှုများကြောင့် ၂၀၂၀ ခုနှစ်မှာ အလုပ်ထွက်ဖို့ အလေးအနက်စဉ်းစားပြီး အမျိုးသမီး ၂ဒသမ ၂သန်းနီးပါး အလုပ်ကနှုတ်ထွက်ခဲ့ကြပါတယ်။ဒီလိုဖြစ်လာတဲ့အခါ ကုမ္ပဏီတွေအတွက်လည်း နစ်နာဆုံးရှုံးမှုဖြစ်စေပါတယ်။ကျွမ်းကျင်ဝန်ထမ်းတွေ ဆုံးရှုံးရတယ်။ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးရပါတယ်။
အရေးအကြီးဆုံးကတော့ လုပ်ငန်းခွင်အတွင်းက ကျား၊ မ အချိုးညီမျှမှုအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်စေတာပါပဲ။ ဘုတ်အဖွဲ့မှာ အမျိုး သမီးအရေအတွက်များပြားတဲ့ ကုမ္ပဏီတွေကအမျိုးသမီးကိုယ်စားပြုမူနည်းပါးတဲ့ ကုမ္ပဏီများထက် သာလွန်တာကိုတွေ့ရပါတယ်။အ ရေးအကြီးဆုံးကတော့ လုပ်ငန်းခွင်မှာ အမျိုးသမီးတွေ များများရှိတာက လူတိုင်းအတွက်ပိုမိုကောင်းမွန်တဲ့ ကုမ္ပဏီကို ဖန်တီးပေးတာပါပဲ။

မန်နေဂျာများရဲ့ အခန်းကဏ္ဍ

ဒီနေရာမှာ မန်နေဂျာများအနေနဲ့ ဝန်ထမ်းများရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပရော်ဖက်ရှင်နယ်တာဝန်ဝတ္တရားများကို ဟန်ချက်ညီအောင် ကူညီဖို့အတွက်စံပြအနေအထားမှာ ရှိနေပါတယ်။ စူးစမ်းလိုစိတ်နဲ့ စာနာမှုတွေက မန်နေဂျာများအတွက်ဝန်ထမ်းများရဲ့ လိုအပ်ချက်များကို ကောင်းစွာနားလည်နိုင်ပြီးသူတို့ကိုအကောင်းဆုံးအလုပ်လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။တော်တော်များများ မိခင်တွေက အလုပ်ထဲမှာ မိခင်ဖြစ်ရတဲ့ စိတ်ဖိစီးမှုအပြင်အလုပ်ရဲ့အာမခံချက်ကိုပါ စိုးရိမ်ပူမှုတွေရှိနေကြပါတယ်။ အလုပ်နဲ့ မိခင်ဘဝဟန်ချက်ညီဖို့အတွက် နေ့ စဉ်ရုန်းကန်နေကြရပါတယ်။ တဖက်မှာလည်း မန်နေဂျာများကသူတို့ရဲ့ ရုန်းကန်မှုကို ချို့ယွင်းချက်အဖြစ် ရှုမြင်မှာ စိုးရိမ်နေရတယ်လို့ အ မျိုးသမီးအများစုကသူတို့ရဲ့စိန်ခေါ်မှုကို BetterUp ကိုပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။မိခင်တာဝန်နဲ့ အလုပ်တာဝန်မညီမျှတဲ့ တောင်းဆိုမှုတွေကြောင့် အမေရိကန်မှာအလုပ်လုပ်နေတဲ့မိခင်ပေါင်း ၂ဒသမ ၃သန်းခန့် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရပါတယ်။

အလုပ်လုပ်နေတဲ့ မိခင်များကို ထောက်ပံ့ခြင်းကနေ စတင်ပါ

လိုက်လျောညီထွေရှိတဲ့ အားလုံးပါဝင်တဲ့ အလုပ်ပတ်ဝန်းကျင်ကို သင်ဖန်တီးတဲ့အခါအလုပ်လုပ်နေတဲ့ မိခင်များကနေ စတင်လိုက်ပါ။ အလုပ်နဲ့မိသားစုဘဝဟန်ချက်ညီဖို့လုပ်ဆောင်ပါ။ သင့်ရဲ့စာနာတတ်တဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်ပါ။ ဒါမှသာဝန်ထမ်းများရဲ့ မပြောလိုတဲ့ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ သိရှိနိုင်မှာဖြစ်ပါတယ်။“ကိုယ်ချင်းစာစိတ်က ကြွက်သားတခုဖြစ်တာကြောင့်လေ့ကျင့် ခန်းလုပ်ဖို့ လိုအပ်ပါတယ်”ဒီစကားကိုတော့ မိုက်ခရိုဆော့ရဲ့ စီအီးအို Satya Nadella ကပြောခဲ့တာဖြစ်ပါတယ်။ကိုယ်ချင်းစာတရားနဲ့ ဂရုဏာတရားကို သင်ယူနိုင်ပါတယ်တဲ့။

MYit

zawgyi

အိမ္ေထာင္တခုမွာ အဓိကျပဳစုေစာင့္ေရွာက္ေပးတဲ့ အမ်ိဳးသမီးေတြအတြက္အလုပ္အကိုင္အခြင့္အလမ္းက စိန္ေခၚမႈေတြအမ်ားႀကီးရွိပါတယ္။ အေမရိကန္မွာအလုပ္လုပ္ကိုင္ေနတဲ့ မိခင္ေလးဦးမွာ သုံးဦးက အလုပ္နဲ႔မိဘအုပ္ထိန္းမႈဆိုင္ရာဖိစီးမႈမ်ားေၾကာင့္ ၂၀၂၀ ခုႏွစ္မွာ အလုပ္ထြက္ဖို႔ အေလးအနက္စဥ္းစားၿပီး အမ်ိဳးသမီး ၂ဒသမ ၂သန္းနီးပါး အလုပ္ကႏႈတ္ထြက္ခဲ့ၾကပါတယ္။ဒီလိုျဖစ္လာတဲ့အခါ ကုမၸဏီေတြအတြက္လည္း နစ္နာဆုံးရႈံးမႈျဖစ္ေစပါတယ္။ကြၽမ္းက်င္ဝန္ထမ္းေတြ ဆုံးရႈံးရတယ္။ လူ႔စြမ္းအားအရင္းအျမစ္ေတြ ဆုံးရႈံးရပါတယ္။
အေရးအႀကီးဆုံးကေတာ့ လုပ္ငန္းခြင္အတြင္းက က်ား၊ မ အခ်ိဳးညီမွ်မႈအတြက္ ႀကီးမားတဲ့စိန္ေခၚမႈျဖစ္ေစတာပါပဲ။ ဘုတ္အဖြဲ႕မွာ အမ်ိဳး သမီးအေရအတြက္မ်ားျပားတဲ့ ကုမၸဏီေတြကအမ်ိဳးသမီးကိုယ္စားျပဳမူနည္းပါးတဲ့ ကုမၸဏီမ်ားထက္ သာလြန္တာကိုေတြ႕ရပါတယ္။အ ေရးအႀကီးဆုံးကေတာ့ လုပ္ငန္းခြင္မွာ အမ်ိဳးသမီးေတြ မ်ားမ်ားရွိတာက လူတိုင္းအတြက္ပိုမိုေကာင္းမြန္တဲ့ ကုမၸဏီကို ဖန္တီးေပးတာပါပဲ။

မန္ေနဂ်ာမ်ားရဲ႕ အခန္းက႑

ဒီေနရာမွာ မန္ေနဂ်ာမ်ားအေနနဲ႔ ဝန္ထမ္းမ်ားရဲ႕ ကိုယ္ေရးကိုယ္တာနဲ႔ပေရာ္ဖက္ရွင္နယ္တာဝန္ဝတၱရားမ်ားကို ဟန္ခ်က္ညီေအာင္ ကူညီဖို႔အတြက္စံျပအေနအထားမွာ ရွိေနပါတယ္။ စူးစမ္းလိုစိတ္နဲ႔ စာနာမႈေတြက မန္ေနဂ်ာမ်ားအတြက္ဝန္ထမ္းမ်ားရဲ႕ လိုအပ္ခ်က္မ်ားကို ေကာင္းစြာနားလည္ႏိုင္ၿပီးသူတို႔ကိုအေကာင္းဆုံးအလုပ္လုပ္ေဆာင္ႏိုင္ဖို႔ ကူညီေပးပါတယ္။ေတာ္ေတာ္မ်ားမ်ား မိခင္ေတြက အလုပ္ထဲမွာ မိခင္ျဖစ္ရတဲ့ စိတ္ဖိစီးမႈအျပင္အလုပ္ရဲ႕အာမခံခ်က္ကိုပါ စိုးရိမ္ပူမႈေတြရွိေနၾကပါတယ္။ အလုပ္နဲ႔ မိခင္ဘဝဟန္ခ်က္ညီဖို႔အတြက္ ေန႔ စဥ္႐ုန္းကန္ေနၾကရပါတယ္။ တဖက္မွာလည္း မန္ေနဂ်ာမ်ားကသူတို႔ရဲ႕ ႐ုန္းကန္မႈကို ခ်ိဳ႕ယြင္းခ်က္အျဖစ္ ရႈျမင္မွာ စိုးရိမ္ေနရတယ္လို႔ အ မ်ိဳးသမီးအမ်ားစုကသူတို႔ရဲ႕စိန္ေခၚမႈကို BetterUp ကိုပြင့္ပြင့္လင္းလင္းေျပာဆိုခဲ့ပါတယ္။မိခင္တာဝန္နဲ႔ အလုပ္တာဝန္မညီမွ်တဲ့ ေတာင္းဆိုမႈေတြေၾကာင့္ အေမရိကန္မွာအလုပ္လုပ္ေနတဲ့မိခင္ေပါင္း ၂ဒသမ ၃သန္းခန႔္ ပင္ပန္းႏြမ္းနယ္မႈကို ခံစားေနရပါတယ္။

အလုပ္လုပ္ေနတဲ့ မိခင္မ်ားကို ေထာက္ပံ့ျခင္းကေန စတင္ပါ

လိုက္ေလ်ာညီေထြရွိတဲ့ အားလုံးပါဝင္တဲ့ အလုပ္ပတ္ဝန္းက်င္ကို သင္ဖန္တီးတဲ့အခါအလုပ္လုပ္ေနတဲ့ မိခင္မ်ားကေန စတင္လိုက္ပါ။ အလုပ္နဲ႔မိသားစုဘဝဟန္ခ်က္ညီဖို႔လုပ္ေဆာင္ပါ။ သင့္ရဲ႕စာနာတတ္တဲ့ ေခါင္းေဆာင္မႈစြမ္းရည္ကို ျမႇင့္တင္ပါ။ ဒါမွသာဝန္ထမ္းမ်ားရဲ႕ မေျပာလိုတဲ့ လိုအပ္ခ်က္မ်ားကို ပိုမိုေကာင္းမြန္စြာ သိရွိႏိုင္မွာျဖစ္ပါတယ္။“ကိုယ္ခ်င္းစာစိတ္က ႂကြက္သားတခုျဖစ္တာေၾကာင့္ေလ့က်င့္ ခန္းလုပ္ဖို႔ လိုအပ္ပါတယ္”ဒီစကားကိုေတာ့ မိုက္ခ႐ိုေဆာ့ရဲ႕ စီအီးအို Satya Nadella ကေျပာခဲ့တာျဖစ္ပါတယ္။ကိုယ္ခ်င္းစာတရားနဲ႔ ဂ႐ုဏာတရားကို သင္ယူႏိုင္ပါတယ္တဲ့။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*