အနမ်းပေးတဲ့နေရာမှာ ဆရာကျသူမင်းသားလေးယောက်

ကိုရီးယားဇာတ်လမ်းတွဲထဲက မင်းသားတော်တော်များများဟာ Kissing Scenes လို့ခေါ်တဲ့အနမ်းပေးတဲ့ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးရလေ့ရှိပါတယ်။ ဒီလိုမင်းသားတွေထဲက ဘယ်သူတွေကများအနမ်းပေးရာမှာ အတော်ဆုံးဖြစ်မလဲ၊ ကြည့်ရှုသူကိုပါရင်ခုန်စေလောက်အောင်ဆွဲဆောင်နိုင်စွမ်းရှိတဲ့မင်းသားတွေကဘယ်သူများဖြစ်မလဲဆိုတာတစ်ကမ္ဘာလုံးမှာရှိတဲ့ပရိသတ်တွေကရွေးချယ်ပေးထားကြပါတယ်။ကမ္ဘာတစ်ဝှမ်းကကိုရီးယားဇာတ်လမ်းတွဲနှစ်သက်သူပရိသတ်တွေက Master of kissing scenes ကိုအွန်လိုင်းပေါ်ကနေမဲပေးရွေးချယ်ခဲ့ကြတာပါ။ ဒီလိုရွေးချယ်တဲ့အခါအနမ်းမှာဆရာကျတဲ့မင်းသားလေးယောက် ထွက်ပေါ်လာတာကိုတွေ့ရပါတယ်။

သူတို့တွေကတော့ နံပါတ် (၁) Ji Chang Wook ၊ နံပါတ်(၂) Park Seo Joon ၊ နံပါတ်(၃) Seo In Guk နဲ့ နံပါတ်(၄) Gong Yoo တို့ဖြစ်ပါတယ်။ Ji Chang Wook ရဲ့အနမ်း Skill တွေကို Kara Secret Love ၊ Healer၊ Empress Ki တို့မှာသာမက သူ့ရဲ့ဇာတ်လမ်းတွဲတော် တော်များများမှာတွေ့မြင်နိုင်ပါတယ်။ Park Seo Joon ကတော့ What’s wrong with secretary kim ဇာတ်လမ်းတွဲထဲကလိုအနမ်းခန်းတွေကြောင့် အမျိုးသမီးပရိသတ်တွေအသည်းနှလုံးကို ဆွဲယူနိုင်ခဲ့သူပါ။ခပ်အေးအေးပုံစံနဲ့မထင်မှတ်တဲ့အချိန်မှာအနမ်းတွေပေးတတ်တဲ့ ဇာတ်ဝင်ခန်းတွေကိုများများရိုက်ကူးလေ့ရှိသူကတော့ Seo In Guk ဖြစ်ပါတယ်။ မင်းသားကြီး Gong Yoo ကတော့ Coffee Prince မှသည် Goblin ဇာတ်ကောင်အထိ လှပတဲ့အနမ်းခန်းတွေအများကြီးရိုက်ကူးဖူးတဲ့သူဖြစ်ပါတယ်။ကဲ… ဒီလူတွေကအနမ်းမှာဆရာကြီးတွေဆိုတာ ဟုတ်၊မဟုတ် ဝေဖန်ပေးခဲ့နိုင်ပါတယ်နော်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*