Toxic ဖြစ်တဲ့ ခေါင်းဆောင်အင်္ဂါရပ် (၆)ခု

သင့်ပတ်ဝန်းကျင်မှာ Toxicဖြစ်တဲ့ ခေါင်းဆောင်များကို တွေ့ဖူးပါသလား။ ခေါင်းဆောင်မှုရဲ့အကျိုးသက်ရောက်မှုတွေက အဖွဲ့အစည်းတခုရဲ့ ဖွံဖြိုးတိုးတက်မှုနဲ့အများကြီးသက်ဆိုင်နေပါတယ်။ ဆိုးရွားတဲ့ ခေါင်းဆောင်မှုအရည်အသွေးကိုဖြစ်စေတဲ့ Toxic ဖြစ်စေတဲ့ အင်္ဂါရပ်များကိုဖော်ပြပေးချင်ပါတယ်။

မကြာခဏ လိမ်ညာတာ ဒါမှမဟုတ် မကိုက်တဲ့မျှော်လင့်ချက်များ

အလုပ်ခွင်မှာ မရိုးသားမှုက အဆိပ်အတောက်ဖြစ်စေပါတယ်။ Toxic ဖြစ်တဲ့ခေါင်းဆောင်တွေကသူတို့ပြောတဲ့စကားများကို မကြာခဏ နောက်ပြန်ဆုတ်လေ့ရှိပါတယ်။ ဒါကအဆိပ်အတောက်ရှိတဲ့ ခေါင်းဆောင်တွေရဲ့ အင်္ဂါရပ်တွေထဲက တခုဖြစ်ပါတယ်။

အကြံပြုချက်ကို နားမထောင်တာ

လူတိုင်းမှာ သင်ယူဖို့နေရာရျိပေမဲ့ Toxic ခေါင်းဆောင်တွေကတော့ အပြုသဘောဆောင်တဲ့ဝေဖန်မှုများကို မကြားလိုကြပါဘူး။ အသင်း သားများရဲ့ စိုးရိမ်ပူပန်မှုများကအသင်းကိုတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ အဟန့်အတားဖြစ်စေပါတယ်။ အသင်းသားတွေကအကြံပြုချက်မပေးတော့ရင် လုပ်ငန်းတွေပဲထိခိုက်နစ်နာနိုင်ပါတယ်။ခေါင်းဆောင်တယောက်က အကြံပြုချက်တွေလာပြောတာမကြိုက်ဘူးဆိုရင် ဘယ်သူကမှအမုန်းခံပြီး ပြောရဲတော့မှာမဟုတ်ပါဘူး။ အာဏဦရှင်ဆန်တဲ့ လုပ်ငန်းခွင်ကိုဦးတည်စေပြီးခိုင်းတာလု့ပ်၊ ပြန်မပြောနဲ့ဆိုတဲ့ လုပ်ငန်းပုံစံမျိုးနဲ့ လည်ပတ်ရနိုင်ပါတယ်။

မောက်မာတာ

Toxic ခေါင်းဆောင်များက သူတို့ အမြဲမှန်တယ်လို့ ယုံကြည်ကြပါတယ်။ သူတို့ကအကြံပြုချက်များကို နား‌ထောင်ဖို့အတွက် အခက်အခဲရှိတာက အကြောင်းအရင်းများထဲကတခုဖြစ်ပါတယ်။ သူတို့က သူတို့အဖွဲ့လူတွေကို မေးခွန်းမထုတ်ဘဲ ပြောတဲ့အတိုင်းလက်ခံလိုက်ဖို့
လိုလားကြပါတယ်။

ဝန်ထမ်းများကို ခွဲခြားဆက်ဆံတာ

အဆိပ်အတောက်ဖြစ်စေတဲ့ ခေါင်းဆောင်များက အပြုသဘောဆောင်တာဖြစ်စေအဆိုးမြင်တာဖြစ်စေ အဖွဲ့ရှိလူများအပေါ်မှာ မကြာခ ဏဘက်လိုက်မှုများရှိနေတာမျိုးပါ။သူတို့က အားလုံးပါဝင်နိုင်တဲ့ ခေါင်းဆောင်မှုတွေကိုမကျင့်သုံးနိုင်ကြပါဘူး။ သူတို့ကဦးစားပေးဆက်ဆံမှုပုံစံ၊ အသက်အရွယ်၊ လူမျိုးရေး၊ လိင်ပိုင်းဆိုင်ရာ စတာတွေအပေါ်မှာဘက်လိုက်မှုရှိနေကြပါတယ်။ ဒီလိုခွဲခြားဆက်ဆံမှုက Toxic ဖြစ်တဲ့လုပ်ငန်းခွင်ကိုဖြစ်စေပါတယ်။

ယုံကြည်မှုမရှိတာ

အဆိပ်သင့်တဲ့ ခေါင်းဆောင်များက ပုံမှန်အားဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအများအပြားမရှိကြပါဘူး။ ယုံကြည်မှုမရှိတာက လက် အောက်ငယ်သားတွေအပေါ်မှာလည်းယုံကြည်ဖို့ ခက်ခဲပါတယ်။ ဥပမာအနေနဲ့ မန်နေဂျာတယောက်က ဝန်ထမ်းတယောက်ကိုအလုပ် ခိုင်းစေဖို့ ယုံကြည်မှုမရှိတာကြောင့် အသေးစိတ်ကအစစီမံခန့်ခွဲနိုင်ပါတယ်။

အရည်အချင်းမရှိတာ

Toxic ခေါင်းဆောင်များက သူတို့အမြဲမှန်တယ်လို့ ယုံကြည်နေတတ်ပါတယ်။ သူတို့ကဆိုးရွားတဲ့ဆုံးဖြတ်ချက်များချတတ်ပြီး သူတို့အလုပ်ကို ထိထိရောက်ရောက်လုပ်ဆောင်ဖို့ရုန်းကန်ရတတ်ပါတယ်။ သူတို့က မိမိကိုယ်ကိုယ်မြှင့်တင်ဖို့အတွက်တခြားသူများကိုနှိမ့်ချဝေဖန်ကြပါတယ်။ဒီအချက်တွေကတော့ Toxicဖြစ်စေတဲ့ ခေါင်းဆောင်မှုရဲ့ အင်္ဂါရပ်တွေပဲဖြစ်ပါတယ်။

MYit

zawgyi

သင့္ပတ္ဝန္းက်င္မွာ Toxicျဖစ္တဲ့ ေခါင္းေဆာင္မ်ားကို ေတြ႕ဖူးပါသလား။ ေခါင္းေဆာင္မႈရဲ႕အက်ိဳးသက္ေရာက္မႈေတြက အဖြဲ႕အစည္းတခုရဲ႕ ဖြံၿဖိဳးတိုးတက္မႈနဲ႔အမ်ားႀကီးသက္ဆိုင္ေနပါတယ္။ ဆိုး႐ြားတဲ့ ေခါင္းေဆာင္မႈအရည္အေသြးကိုျဖစ္ေစတဲ့ Toxic ျဖစ္ေစတဲ့ အဂၤါရပ္မ်ားကိုေဖာ္ျပေပးခ်င္ပါတယ္။

မၾကာခဏ လိမ္ညာတာ ဒါမွမဟုတ္ မကိုက္တဲ့ေမွ်ာ္လင့္ခ်က္မ်ား

အလုပ္ခြင္မွာ မ႐ိုးသားမႈက အဆိပ္အေတာက္ျဖစ္ေစပါတယ္။ Toxic ျဖစ္တဲ့ေခါင္းေဆာင္ေတြကသူတို႔ေျပာတဲ့စကားမ်ားကို မၾကာခဏ ေနာက္ျပန္ဆုတ္ေလ့ရွိပါတယ္။ ဒါကအဆိပ္အေတာက္ရွိတဲ့ ေခါင္းေဆာင္ေတြရဲ႕ အဂၤါရပ္ေတြထဲက တခုျဖစ္ပါတယ္။

အႀကံျပဳခ်က္ကို နားမေထာင္တာ

လူတိုင္းမွာ သင္ယူဖို႔ေနရာရ်ိေပမဲ့ Toxic ေခါင္းေဆာင္ေတြကေတာ့ အျပဳသေဘာေဆာင္တဲ့ေဝဖန္မႈမ်ားကို မၾကားလိုၾကပါဘူး။ အသင္း သားမ်ားရဲ႕ စိုးရိမ္ပူပန္မႈမ်ားကအသင္းကိုတိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ အဟန႔္အတားျဖစ္ေစပါတယ္။ အသင္းသားေတြကအႀကံျပဳခ်က္မေပးေတာ့ရင္ လုပ္ငန္းေတြပဲထိခိုက္နစ္နာႏိုင္ပါတယ္။ေခါင္းေဆာင္တေယာက္က အႀကံျပဳခ်က္ေတြလာေျပာတာမႀကိဳက္ဘူးဆိုရင္ ဘယ္သူကမွအမုန္းခံၿပီး ေျပာရဲေတာ့မွာမဟုတ္ပါဘူး။ အာဏဦရွင္ဆန္တဲ့ လုပ္ငန္းခြင္ကိုဦးတည္ေစၿပီးခိုင္းတာလု႔ပ္၊ ျပန္မေျပာနဲ႔ဆိုတဲ့ လုပ္ငန္းပုံစံမ်ိဳးနဲ႔ လည္ပတ္ရႏိုင္ပါတယ္။

ေမာက္မာတာ

Toxic ေခါင္းေဆာင္မ်ားက သူတို႔ အၿမဲမွန္တယ္လို႔ ယုံၾကည္ၾကပါတယ္။ သူတို႔ကအႀကံျပဳခ်က္မ်ားကို နား‌ေထာင္ဖို႔အတြက္ အခက္အခဲရွိတာက အေၾကာင္းအရင္းမ်ားထဲကတခုျဖစ္ပါတယ္။ သူတို႔က သူတို႔အဖြဲ႕လူေတြကို ေမးခြန္းမထုတ္ဘဲ ေျပာတဲ့အတိုင္းလက္ခံလိုက္ဖို႔
လိုလားၾကပါတယ္။

ဝန္ထမ္းမ်ားကို ခြဲျခားဆက္ဆံတာ

အဆိပ္အေတာက္ျဖစ္ေစတဲ့ ေခါင္းေဆာင္မ်ားက အျပဳသေဘာေဆာင္တာျဖစ္ေစအဆိုးျမင္တာျဖစ္ေစ အဖြဲ႕ရွိလူမ်ားအေပၚမွာ မၾကာခ ဏဘက္လိုက္မႈမ်ားရွိေနတာမ်ိဳးပါ။သူတို႔က အားလုံးပါဝင္ႏိုင္တဲ့ ေခါင္းေဆာင္မႈေတြကိုမက်င့္သုံးႏိုင္ၾကပါဘူး။ သူတို႔ကဦးစားေပးဆက္ဆံမႈပုံစံ၊ အသက္အ႐ြယ္၊ လူမ်ိဳးေရး၊ လိင္ပိုင္းဆိုင္ရာ စတာေတြအေပၚမွာဘက္လိုက္မႈရွိေနၾကပါတယ္။ ဒီလိုခြဲျခားဆက္ဆံမႈက Toxic ျဖစ္တဲ့လုပ္ငန္းခြင္ကိုျဖစ္ေစပါတယ္။

ယုံၾကည္မႈမရွိတာ

အဆိပ္သင့္တဲ့ ေခါင္းေဆာင္မ်ားက ပုံမွန္အားျဖင့္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈအမ်ားအျပားမရွိၾကပါဘူး။ ယုံၾကည္မႈမရွိတာက လက္ ေအာက္ငယ္သားေတြအေပၚမွာလည္းယုံၾကည္ဖို႔ ခက္ခဲပါတယ္။ ဥပမာအေနနဲ႔ မန္ေနဂ်ာတေယာက္က ဝန္ထမ္းတေယာက္ကိုအလုပ္ ခိုင္းေစဖို႔ ယုံၾကည္မႈမရွိတာေၾကာင့္ အေသးစိတ္ကအစစီမံခန႔္ခြဲႏိုင္ပါတယ္။

အရည္အခ်င္းမရွိတာ

Toxic ေခါင္းေဆာင္မ်ားက သူတို႔အၿမဲမွန္တယ္လို႔ ယုံၾကည္ေနတတ္ပါတယ္။ သူတို႔ကဆိုး႐ြားတဲ့ဆုံးျဖတ္ခ်က္မ်ားခ်တတ္ၿပီး သူတို႔အလုပ္ကို ထိထိေရာက္ေရာက္လုပ္ေဆာင္ဖို႔႐ုန္းကန္ရတတ္ပါတယ္။ သူတို႔က မိမိကိုယ္ကိုယ္ျမႇင့္တင္ဖို႔အတြက္တျခားသူမ်ားကိုႏွိမ့္ခ်ေဝဖန္ၾကပါတယ္။ဒီအခ်က္ေတြကေတာ့ Toxicျဖစ္ေစတဲ့ ေခါင္းေဆာင္မႈရဲ႕ အဂၤါရပ္ေတြပဲျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*