ကြော်ငြာဘုရင်မအဖြစ်တစ်ခေတ်ထလာပြန်တဲ့ လီဟိုရီ

K-pop ရဲ့ပထမဆုံးမျိုးဆက်ဖြစ်ပြီး ဆွဲဆောင်မှုအပြည့်နဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့ လီဟိုရီကအခုဆိုရင်ကြော်ငြာရိုက်ကူးမှုများစွာ လက်ခံရိုက်ကူးနေရပြီး ကြော်ငြာဘုရင်မဖြစ်လာခဲ့ပြန်ပါပြီ။နိုဝင်ဘာလ ၁ ရက်နေ့က သူမရဲ့ Instagram Account မှာ My Heart Runs ဆိုတဲ့ Caption နဲ့ကားအငှားဝန်ဆောင်မှုကုမ္ပဏီအတွက်ကြော်ငြာရိုက်ကူးနေကြောင်း ဖော်ပြလာခဲ့တာဖြစ်ပါတယ်။လီဟိုရီဟာ ၂၀၁၂ ခုနစ်က သတ္တဝါလေးတွေနဲ့ သဘာဝပတ်ဝန်းကျင်ကိုအကာအကွယ်မပေးနိုင်တဲ့ကုန်အမှတ်တံဆိပ်ကြော်ငြာမျိုးတွေ လက်ခံရိုက်ကူးမှုမပြုတော့ဘူးဆိုတဲ့ကြေညာချက်နဲ့အတူကြော်ငြာလောကကိုစွန့်ခွာခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ရဲ့ဇူလိုင်လမှာတော့ သူမကကြော်ငြာဘုရင်မတစ်ယောက်ပြန်ဖြစ်ချင်တယ်လို့ပြောလာခဲ့ပြီး ကြော်ငြာရိုက်ကူးမှုတွေအတွက်
Antenna Music ကိုဆက်သွယ်နိုင်ပါတယ်လို့ ပြောလာခဲ့တာဖြစ်ပါတယ်။သူမဟာ ပြီးခဲ့တဲ့လထဲမှာတင် ကြော်ငြာရိုက်ကူးမှု ၄ ခုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အားကစားပစ္စည်းအမှတ်တံဆိပ်တစ်ခုက လီဟိုရီနဲ့စာချုပ်ချုပ်၊ ကြော်ငြာရိုက်ပြီးချိန်မှာတင် ဝယ်လိုအား၁.၅ ဆ တက်လာခဲ့တာမို့ သူမနဲ့ကြော်ငြာရိုက်ကူးချင်သူတွေများပြားလာတာလည်းဖြစ်နိုင်ပါတယ်။ Lotte On ကလည်း ပြီးခဲ့တဲ့နှစ်ကသူမကိုကြော်ငြာမော်ဒယ်လ်အဖြစ်သုံးပြီးနောက်ပိုင်း ရောင်းအား ၄၀%တက်လာခဲ့တယ်လို့ပြောလာခဲ့တာပဲဖြစ်ပါတယ်။ လီဟိုရီဟာ လက်ရှိမှာ အသက် ၄၄ နှစ်ရှိပြီဖြစ်ပါတယ်။

Ju Ju

zawgyi

K-pop ရဲ႕ပထမဆုံးမ်ိဳးဆက္ျဖစ္ၿပီး ဆြဲေဆာင္မႈအျပည့္နဲ႔အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ လီဟိုရီကအခုဆိုရင္ေၾကာ္ျငာ႐ိုက္ကူးမႈမ်ားစြာ လက္ခံ႐ိုက္ကူးေနရၿပီး ေၾကာ္ျငာဘုရင္မျဖစ္လာခဲ့ျပန္ပါၿပီ။ႏိုဝင္ဘာလ ၁ ရက္ေန႔က သူမရဲ႕ Instagram Account မွာ My Heart Runs ဆိုတဲ့ Caption နဲ႔ကားအငွားဝန္ေဆာင္မႈကုမၸဏီအတြက္ေၾကာ္ျငာ႐ိုက္ကူးေနေၾကာင္း ေဖာ္ျပလာခဲ့တာျဖစ္ပါတယ္။လီဟိုရီဟာ ၂၀၁၂ ခုနစ္က သတၱဝါေလးေတြနဲ႔ သဘာဝပတ္ဝန္းက်င္ကိုအကာအကြယ္မေပးႏိုင္တဲ့ကုန္အမွတ္တံဆိပ္ေၾကာ္ျငာမ်ိဳးေတြ လက္ခံ႐ိုက္ကူးမႈမျပဳေတာ့ဘူးဆိုတဲ့ေၾကညာခ်က္နဲ႔အတူေၾကာ္ျငာေလာကကိုစြန႔္ခြာခဲ့တာျဖစ္ပါတယ္။

ဒီႏွစ္ရဲ႕ဇူလိုင္လမွာေတာ့ သူမကေၾကာ္ျငာဘုရင္မတစ္ေယာက္ျပန္ျဖစ္ခ်င္တယ္လို႔ေျပာလာခဲ့ၿပီး ေၾကာ္ျငာ႐ိုက္ကူးမႈေတြအတြက္
Antenna Music ကိုဆက္သြယ္ႏိုင္ပါတယ္လို႔ ေျပာလာခဲ့တာျဖစ္ပါတယ္။သူမဟာ ၿပီးခဲ့တဲ့လထဲမွာတင္ ေၾကာ္ျငာ႐ိုက္ကူးမႈ ၄ ခုျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္။အားကစားပစၥည္းအမွတ္တံဆိပ္တစ္ခုက လီဟိုရီနဲ႔စာခ်ဳပ္ခ်ဳပ္၊ ေၾကာ္ျငာ႐ိုက္ၿပီးခ်ိန္မွာတင္ ဝယ္လိုအား၁.၅ ဆ တက္လာခဲ့တာမို႔ သူမနဲ႔ေၾကာ္ျငာ႐ိုက္ကူးခ်င္သူေတြမ်ားျပားလာတာလည္းျဖစ္ႏိုင္ပါတယ္။ Lotte On ကလည္း ၿပီးခဲ့တဲ့ႏွစ္ကသူမကိုေၾကာ္ျငာေမာ္ဒယ္လ္အျဖစ္သုံးၿပီးေနာက္ပိုင္း ေရာင္းအား ၄၀%တက္လာခဲ့တယ္လို႔ေျပာလာခဲ့တာပဲျဖစ္ပါတယ္။ လီဟိုရီဟာ လက္ရွိမွာ အသက္ ၄၄ ႏွစ္ရွိၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*