အာရှပရိသတ်နဲ့တွေ့ဆုံမယ့် BLACKPINK အဖွဲ့ဝင် Lisa ရဲ့ ငါးနိုင်ငံခရီးကြေညာ

အာရှပရိသတ်နဲ့တွေ့ဆုံမယ့် BLACKPINK အဖွဲ့က Lisa ရဲ့ အာရှငါးနိုင်ငံခရီးစဉ်ကိုကြေညာခဲ့ပါတယ်။ ဒီခရီးစဉ်က စင်္ကာပူ၊ ထိုင်းအပါအ ဝင် ငါးနိုင်ငံဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဝင် Lisa က ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ အာရှငါးနိုင်ငံမှာပရိသတ်တွေ့ဆုံဖျော်ဖြေပွဲ ကျင်းပမှာဖြစ်ပါတယ်။ အဆိုတော်က ကမ္ဘာတစ်ဝှမ်းကသူမရဲ့ပရိသတ်များနဲ့ တွေ့ဆုံရန်စီစဉ်ထားတာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ 24 ရက်နေ့မှာတော့ LLOUD က BLACKPINK ရဲ့ Lisa ကသူမရဲ့ပရိသတ်များနဲ့ Lisa Meetup Asia 2024 ကို ကြေညာခဲ့တာဖြစ်ပါတယ်။ ပိုစတာမှာစင်ကာပူ၊ ဘန်ကောက်၊ ဂျာကာတာအပါအဝင် နိုင်ငံအလိုက်ရက်စွဲများနဲ့ ဖော်ပြထားပါတယ်။

အဆိုပါပွဲကို ၂၀၂၄ခုနှစ် နိုဝင်ဘာ ၁၁ရက်ကနေစတင်ပြီး ၂၀၂၄ခုနှစ် နိုဝင်ဘာ ၁၉ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပါတယ်။ ၂၀၂၃ခုနှစ်မှာ သူမက တဦးချင်းလှုပ်ရှားမှုအတွက် YG Entertainment နဲ့ လမ်းခွဲခဲ့ပါတယ်။ဒါပေမဲ့ သူမက ကေပေါ့(ပ်)အဖွဲ့မှာ ပါဝင်နေဆဲဖြစ်ပြီး အေဂျင်စီအောက်မှာအဖွဲ့လိုက်လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။အဆိုတော်က ၂၀၂၄ခုနှစ်မှာ Lloud လို့ ခေါ်တဲ့ ကိုယ်ပိုင်အေဂျင်စီစတင်ခဲ့ပြီး ROCKSTAR ကဒီအမှတ်တံဆိပ်အောက်မှာ ပထမဆုံးထွက်ရှိတဲ့ သီချင်းဖြစ်ပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*