မယိမ်းမယိုင် သစ္စာရှိတယ်လို့ နာမည်ကျော်တဲ့ ရာသီခွင် (၄)ခု

နက္ခတ်ဗေဒင်တွေအရ သစ္စာစောင့်သိမှုရှိကြတဲ့ ရာသီခွင် (၄)ခုရှိကြပါတယ်။ ခိုင်မြဲသောမိတ်ဆွေ ဒါမှမဟုတ် လက်တွဲဖော်ကိုရှာဖွေနေသူတွေအတွက်တော့ ဒီရာသီဖွား လေးခုကမယိမ်းယိုင်တဲ့ သစ္စာစောင့်သိမှုကိုရှာတွေ့နိုင်ပါလိမ့်မယ်။ ဒါက နက္ခတ်သဘောအရပြောတာဖြစ်လို့ လူတိုင်းအတွက် မှန်မယ်လို့ မပြောနိုင်ပါဘူး။ အရမ်း Serious မထားဖို့မေတ္တာရပ်ခံလိုပါတယ်။

Taurus: April 20-May 20
တည်ကြည်တဲ့အဖော်ကိုလိုချင်ရင်တော့ ဒီရာသီဖွားလေးတွေရှိပါတယ်။ သူတို့က မယိမ်းယိုင်တဲ့သစ္စာရှိမှုကြောင့်လည်း ကျော်ကြားပါတယ်။ ကမ္ဘာမြေနိမိတ်အောက်မှာမွေးဖွားလာသူလေးတွေဖြစ်တာကြောင့် ယုံကြည်စိတ်ချမှုနဲ့ ကတိကဝတ်တည်မှုတွေကြောင့်လူသိများပါတယ်။ ခင်မင်ရင်းနှီးမှုမှာဖြစ်စေ အချစ်ရေးမှာဖြစ်စေ နှောင်ကြိုးတခုဖွဲ့ပြီးတာနဲ့သူတို့ရဲ့သစ္စာတရားကို အပြီးတိုင်အပ်နှံကြပါတယ်။

Cancer: June 21-July 22
ဂဏန်းလေးတွေကို ဘယ်သူတွေက စိတ်ကင်ဆာပေးတယ်လို့ နာမည်တပ်ကြပါလိမ့်။သူတို့တွေက အစောင့်အရှောက်နဲ့ အကာအကွယ်အတွက် နာမည်ကြီးပါတယ်။သူတို့ချစ်ရသူအပေါ်မှာ အထူးသစ္စာရှိကြပါတယ်။ ယုံကြည်မှုနဲ့နားလည်မှုအပေါ်အခြေခံတဲ့ခိုင်မာတဲ့နှောင် ကြိုးတွေကို ဖန်တီးတတ်ကြပါတယ်။

Leo: July 23-August 22
သစ္စာရှိတဲ့ ခေါင်းဆောင်လို့ နာမည်ကြီးတဲ့ ဒီရာသီဖွားလေးပါ။ ရဲရင့်ပြီး ဆွဲဆောင်မှုရှိတဲ့ကိုယ်ရည်ကိုယ်သွေးကြောင့်လူသိများပါတယ်။ သူတို့က အကာအကွယ်ပေးပြီးသစ္စာရှိမှုရဲ့အုပ်မြစ်ကို တန်ဖိုးထားကြပါတယ်။ သူတို့ချစ်ရသူကို ကာကွယ်ပေးနိုင်ပြီးမယိမ်းယိုင်တဲ့ သစ္စာတရားကိုပေးအပ်ထားပါတယ်။

Scorpio: October 23-November 21
ဒီရာသီဖွားလေးတွေကတော့ စိတ်အားထက်သန်တဲ့ မဟာမိတ်လေးတွေအဖြစ်နာမည်ကြီးပါတယ်။ သူတို့တွေက အလွန်သစ္စာရှိကြသူတွေအဖြစ် ထင်ရှားပါတယ်။သူတို့တန်ဖိုးထားတဲ့သူများအပေါ်မှာ ပြင်းထန်စွာ ကာကွယ်ပေးတတ်ကြပါတယ်။ဒီရာသီခွင်လေးခုကတော့ သစ္စာတရားနဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ရာသီခွင်လေးခုပဲဖြစ်ပါတယ်။

MYit

zawgyi


Taurus: April 20-May 20

Cancer: June 21-July 22

Leo: July 23-August 22


MYit

Be the first to comment

Leave a Reply

Your email address will not be published.


*