ဂုဏ်သတင်းကျော်ကြားမှုအဆင့်နံပါတ် ၁ မှာရပ်တည်နေတဲ့ New Jeans

၂၀၂၃ ခုနစ်၊ အောက်တိုဘာလအတွင်းလုပ်ဆောင်ခဲ့တဲ့ big data analysis အရ New Jeans အဖွဲ့ဟာနာမည်ဂုဏ်သတင်းကျော်ကြားမှုအဆင့်နံပါတ် ၁ အဖြစ်ရပ်တည်နေတယ်လို့ကိုရီးယားသတင်းဌာနတွေက ဖော်ပြကြပါတယ်။ Korea Corporate Reputation Research Institute က စက်တင်ဘာလ ၉ ရက်နေ့ကနေအောက်တိုဘာလ ၉ ရက်နေ့အထိကိုရီးယား Girl Group တွေရဲ့ကျော်ကြားမှုကိုကဏ္ဍပေါင်းစုံကအချက်အလက်များစွာရယူပြီး အဖြေရှာခဲ့ကြတာဖြစ်ပါတယ်။

ရလဒ်တွေအရ နာမည်အမှတ်တံဆိပ်ပေါ်ပြူလာဖြစ်မှု ပထမနေရာမှာ New Jeans ၊ ဒုတိယနေရာမှာ IVE ၊ တတိယနေရာမှာ Black Pink တို့ကနေရာယူထားတယ်လို့သိရပါတယ်။၂၀၂၂ ခုနစ်၊ ဇူလိုင်လကစတင်ပွဲထွက်ခဲ့တဲ့ New Jeans အဖွဲ့ဟာ Super Shy ၊ ETA ၊ ASAP စတဲ့သီချင်းတွေနဲ့အောင်မြင်မှုများစွာရရှိထားပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*