ခြင်္သေ့ကဲ့သို့ ရဲရင့်တဲ့ ရာသီခွင် (၄)ခု

ရဲစွမ်းသတ္တိနဲ့ပတ်သက်လာရင် တချို့ရာသီခွင်တွေက ထင်ထင်ရှားရှားကြီးရှိနေပါတယ်။ သူတို့ရဲ့ရဲ့စွမ်းသတ္တိ၊ ခံနိုင်ရည်ရှိမှုနဲ့ အလျှော့မပေးတဲ့စိတ်ဓာတ်တွေကြောင့်ခြင်္သေ့တွေလို့တင်စားရလောက်အထိ ဖြစ်ပါတယ်။

Aries
မကြောက်မရွံ့ နဲ့ရှေ့ဆောင်တယောက်ဖြစ်တဲ့ ဒီရာသီခွင်တွေကိုလည်းခြင်္သေ့နဲ့တင်စားကြပါတယ်။ သဘာဝခေါင်းဆောင်တွေဖြစ်ကြပြီး သတ္တိရှိပြီးဆုံးဖြတ်ချက်ချရာမှာလည်း ရဲဝံ့ကြပါတယ်။ သူတို့ရဲ့ကိုယ်ပိုင်ဘဝမှာ ရဲရင့်တဲ့ခြေလှမ်းတွေနဲ့စိတ်ခေါ်မှုတွေကို ဖြတ်ကျော်ကြသူတွေဖြစ်ပါတယ်။သူတို့ရဲ့ ရဲစွမ်းသတ္တိက သူတို့ရဲ့ယုံကြည်မှုနဲ့ အကောင်းမြင်မှုတို့ကနေပေါက်ဖွားလာတာဖြစ်ပါတယ်။ သူတို့စိတ်ထဲရှိသမျှကို အောင်နိုင်မယ်လို့ ယုံကြည်ကြပြီးထူးထူးခြားခြားစွမ်းဆောင်နိုင်သူတွေဖြစ်ကြပါတယ်။

Leo
ရဲရင့်တဲ့ ခြင်္သေ့ဆိုရင် Leo တွေက ထိပ်ဆုံးကနေ ရှိနေပါတယ်။ နေမင်းကိုအုပ်ချုပ်တဲ့လီယိုတွေက ယုံကြည်မှုရှိပြီး ဆွဲဆောင်မှုရှိကြပါတယ်။ သူတို့က ရှေ့သို့တက်ဖို့မကြောက်ကြပါဘူး။ ဒုက္ခကိုရင်ဆိုင်ဖို့အတွက် စိတ်ခွန်အားကိုပိုင်ဆိုင်ထားကြပါတယ်။သူတို့က အများအကြိုက်နဲ့ဆန့်ကျင်ဘက်ဖြစ်နေရင်တောင် သူတို့ရဲ့ယုံကြည်ချက်တွေကိုခုခံပြောဆိုဖို့ မကြောက်ရွံ့တတ်ကြပါဘူး။ ဒါကြောင့်ပဲခေါင်း ဆောင်မှုစွမ်းရည်နဲ့ပြည့်ကြသူတွေအဖြစ် သတ်မှတ်ခံရပါတယ်။

Scorpio
မကြောက်မရွံ့ နဲ့ ခုခံကာကွယ်သူဆိုရင် Scorpio ‌တွေကိုပြေးမြင်မိကြမှာပါ။ သူတို့ရဲ့ပြင်းထန်တဲ့စိတ်ဆန္ဒနဲ့ ခံနိုင်ရည်ကြောင့် လူသိများပါတယ်။ သူတို့က စိန်ခေါ်မှုတွေကိုထိပ်တိုက်ရင်ဆိုင်နိုင်ပြီး ဉာဏ်ရည်ထက်မြက်ကြပါတယ်။ Scorpios တွေရဲ့ ရဲစွမ်းသတ္တိက သူတို့ရဲ့စိတ်မှာနက်ရှိုင်းစွာအမြစ်တွယ်နေပါတယ်။ သူတို့ကချစ်ရသူတွေအပေါ်မှာ သစ္စာစောင့်သိပြီး ကာကွယ်ဖို့ ကြိုးစားသွားကြမယ့်သူတွေဖြစ်ပါတယ်။

Sagittarius
စွန့်စားလိုစိတ်ရှိတဲ့ ဆာဂျီတွေကတော့ ရဲရင့်ကြသူတွေလည်းဖြစ်ပါတယ်။သူတို့ရဲ့အကောင်းမြင်စိတ်နဲ့ စူးစမ်းလိုစိတ်က လူသိများပါတယ်။ သူတို့က လွတ်လပ်မှုနဲ့အတွေ့အကြုံသစ်များကို ရယူလိုကြပါတယ်။ တခုခုကိုလုပ်ဖို့ ရဲရင့်တဲ့ ခြေလှမ်းများလှမ်းဖို့သူတို့ကိုယ်သူတို့တွန်းအားပေးကြပါတယ်။သူတို့ကအမြဲတမ်းသက်သောင့်သက်သာဖြစ်တဲ့နေရာကနေ ထွက်ခွာဖို့အတွက်အမြဲတမ်းတွေးတောနေတတ်ပါတယ်။ ဒါကြောင့်ပဲ ခြင်္သေ့နဲ့ တင်စားကြတာဖြစ်ပါတယ်။

MYit

zawgyi


Aries

Leo

Scorpio

Sagittarius

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*