တေလာဆွစ်နဲ့ လမ်းခွဲခြင်းအပေါ် နှုတ်ဆိတ်နေတဲ့ မင်းသား Joe Alwyn

မင်းသား Joe Alwyn ကတော့ အဆိုတော်တေလာဆွစ်နဲ့ ခြောက်နှစ်ကြာဆက်ဆံရေးတခုကို ၂၀၂၃ခုနှစ်၊ ဧပြီမှာ အဆုံးသတ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းသားဘက်ကတော့နှုတ်ဆိတ်နေခဲ့ပါတယ်။အဆိုပါလမ်းခွဲမှုအတွက် သတင်းခေါင်းကြီးပိုင်းတွေမှာအုတ်အုတ် ကျက်ကျက်ပါခဲ့ပါတယ်။မင်းသားက ဇွန်လ ၁၅ရက်နေ့ထုတ် The Sunday Times သတင်းစာနဲ့အင်တာဗျူးမှာတော့သူ့ရဲ့ကိုယ်ရေး ကိုယ်တာကို ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ပြောခဲ့တာဖြစ်ပါတယ်။ Emma Stone နဲ့တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်သစ် Kinds Of Kindness ကိုကြော်ငြာရန်အတွက် အင်တာဗျူးတခုမှာ လမ်းခွဲခြင်းနဲ့ပတ်သက်ပြီးပထမဆုံးအကြိမ်ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

“၆နှစ်ခွဲကျော် ကြာမြင့်တဲ့ ချစ်ခြင်းမေတ္တာနဲ့ အပြည့်အ၀ ကတိသစ္စာပြုထားတဲ့ဆက်ဆံရေးရဲ့အဆုံးသတ်မှာ ဘယ်သူမဆို လူတိုင်း စာနာနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။အဲဒါက ပြောရခက်တဲ့ အခြေအနေတခုပါ။ ပုံမှန်မဟုတ်တဲ့အခြေအနေမှာ ပုံမှန်မဟုတ်တဲ့အရာတွေဖြစ်ပြီး တပတ်အကြာမှာတော့ ဒီကိစ္စကအပြင်ကိုပေါက်ကြားသွားပြီးတကမ္ဘာလုံးစီပြန့်နှံ့သွားပါတယ် ” လို့ ဆိုပါတယ်။သူတို့နှစ်ယောက်တွဲနေစဉ်ကာလကလည်း သူတို့ရဲ့အချစ်ရေးကိစ္စနဲ့ပတ်သက်ပြီးပြောဆိုခဲပါတယ်။ အဆိုတော်က သူ့ရဲ့ပါဆင်နယ်ကိစ္စရပ်တွေကို လျှို့ဝှက်ထားဖို့အပြန်အလှန်ဆုံးဖြတ်ချက်များအကြောင်းကို Miss American မှတ်တမ်းရုပ်ရှင်းမှာပြောကြားခဲ့ပါတယ်။

MYit

zawgyi

မင္းသား Joe Alwyn ကေတာ့ အဆိုေတာ္ေတလာဆြစ္နဲ႔ ေျခာက္ႏွစ္ၾကာဆက္ဆံေရးတခုကို ၂၀၂၃ခုႏွစ္၊ ဧၿပီမွာ အဆုံးသတ္ခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး မင္းသားဘက္ကေတာ့ႏႈတ္ဆိတ္ေနခဲ့ပါတယ္။အဆိုပါလမ္းခြဲမႈအတြက္ သတင္းေခါင္းႀကီးပိုင္းေတြမွာအုတ္အုတ္ က်က္က်က္ပါခဲ့ပါတယ္။မင္းသားက ဇြန္လ ၁၅ရက္ေန႔ထုတ္ The Sunday Times သတင္းစာနဲ႔အင္တာဗ်ဴးမွာေတာ့သူ႔ရဲ႕ကိုယ္ေရး ကိုယ္တာကို ပထမဆုံးအႀကိမ္ လူသိရွင္ၾကားထုတ္ေျပာခဲ့တာျဖစ္ပါတယ္။ Emma Stone နဲ႔တြဲဖက္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္သစ္ Kinds Of Kindness ကိုေၾကာ္ျငာရန္အတြက္ အင္တာဗ်ဴးတခုမွာ လမ္းခြဲျခင္းနဲ႔ပတ္သက္ၿပီးပထမဆုံးအႀကိမ္ဖြင့္ဟခဲ့တာျဖစ္ပါတယ္။

“၆ႏွစ္ခြဲေက်ာ္ ၾကာျမင့္တဲ့ ခ်စ္ျခင္းေမတၱာနဲ႔ အျပည့္အ၀ ကတိသစၥာျပဳထားတဲ့ဆက္ဆံေရးရဲ႕အဆုံးသတ္မွာ ဘယ္သူမဆို လူတိုင္း စာနာနားလည္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။အဲဒါက ေျပာရခက္တဲ့ အေျခအေနတခုပါ။ ပုံမွန္မဟုတ္တဲ့အေျခအေနမွာ ပုံမွန္မဟုတ္တဲ့အရာေတြျဖစ္ၿပီး တပတ္အၾကာမွာေတာ့ ဒီကိစၥကအျပင္ကိုေပါက္ၾကားသြားၿပီးတကမာၻလုံးစီျပန႔္ႏွံ႔သြားပါတယ္ ” လို႔ ဆိုပါတယ္။သူတို႔ႏွစ္ေယာက္တြဲေနစဥ္ကာလကလည္း သူတို႔ရဲ႕အခ်စ္ေရးကိစၥနဲ႔ပတ္သက္ၿပီးေျပာဆိုခဲပါတယ္။ အဆိုေတာ္က သူ႔ရဲ႕ပါဆင္နယ္ကိစၥရပ္ေတြကို လွ်ိဳ႕ဝွက္ထားဖို႔အျပန္အလွန္ဆုံးျဖတ္ခ်က္မ်ားအေၾကာင္းကို Miss American မွတ္တမ္း႐ုပ္ရွင္းမွာေျပာၾကားခဲ့ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*