စလ်မန်းခန်းအိမ်ကို သေနတ်နဲ့လာပစ်လို့ ဖမ်းဆီးခံရတဲ့ အာနွဂျ် အချုပ်ခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေ
စလ်မန်းခန်းရဲ့နေအိမ်ကို ဧပြီလ ၁၄ရက်နေ့က သေနတ်ဖြင့်လာရောက်ခြိမ်းခြောက်ပစ်ခတ်ခဲ့လို့ဧပြီ ၂၆ရက်နေ့မှာ ဖမ်းဆီးခံရတဲ့ ၁၂ဦးထဲက တဦးဖြစ်တဲ့ အသက် ၂၃နှစ်အရွယ်အာနွဂျ်ဆိုတဲ့သူက မွန်ဘိုင်းရဲဌာနချုပ်မှာ ဧပြီ ၃၀ရက်နေ့ကကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့တယ်လို့ ရဲကပြောပါတယ်။အာနွဂျ်က မွန်ဘိုင်းရဲဌာနချုပ်ရှိ မှူခင်းဌာနခွဲအသုံးပြုတဲ့ သော့ခတ်ထားတဲ့ပထမထပ်ရေချိုးခန်းထဲမှာ မိမိကိုယ်ကိုယ်အဆုံးစီရင်ပြီး သေဆုံးခဲ့တာလို့ ရဲကပြောခဲ့ပါတယ်။ဧပြီ ၃၀ရက်နေ့၊ နေ့လည် ၁၂ခွဲလောက်မှာ အာနွဂျ်က ရေချိုးခန်းကိုသွားခဲ့တယ်လို့ ရဲအရာရှိကပြောပါတယ်။
အချိန်အတော်ကြာပြီးနောက်မှာ အကျဉ်းသားတချို့ကိုသူ့ကိုအိမ်သာပြတင်းပေါက်မှာ ကြိုးဆွဲချနေတာကို တွေ့ခဲ့တာလို့ဆိုပါတယ်။သူ့ ကို အနီးဆုံးဆေးရုံကို ပို့ဆောင်ခဲ့ပြီး သေဆုံးကြောင်း ကြေညာခဲ့ပါတယ်။ အလောင်းကိုဆေးရုံသို့ စစ်ဆေးရန်ပို့ဆောင်ထားပြီး ဆက် လက်စုံစမ်းမယ်လို့ဖော်ပြထားပါတယ်။အာနွဂျ်က စလ်မန်းခန်းအိမ်ကိုသေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ အဖွဲ့ကို သေနတ်နဲ့ခဲယမ်းများထုတ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုခံထားရတာဖြစ်ပါတယ်။ဧပြီ ၁၄ရက်နေ့မှာ စလ်မန်းခန်းနေအိမ်ရှေ့ကို ဆိုင်ကယ်နဲ့လာရောက်ပြီးသေနတ်နဲ့
၄ချက်လာပစ်သွားတဲ့ ကြေးစား ၂ဦးကိုလည်း လက်ရှိမှာ ဖမ်းဆီးရရှိထားပါတယ်။
MYit
zawgyi
စလ်မန်းခန်းရဲ့နေအိမ်ကို ဧပြီလ ၁၄ရက်နေ့က သေနတ်ဖြင့်လာရောက်ခြိမ်းခြောက်ပစ်ခတ်ခဲ့လို့ဧပြီ ၂၆ရက်နေ့မှာ ဖမ်းဆီးခံရတဲ့ ၁၂ဦးထဲက တဦးဖြစ်တဲ့ အသက် ၂၃နှစ်အရွယ်အာနွဂ်ျဆိုတဲ့သူက မွန်ဘိုင်းရဲဌာနချုပ်မှာ ဧပြီ ၃၀ရက်နေ့ကကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့တယ်လို့ ရဲကပြောပါတယ်။အာနွဂ်ျက မွန်ဘိုင်းရဲဌာနချုပ်ရှိ မှူခင်းဌာနခွဲအသုံးပြုတဲ့ သော့ခတ်ထားတဲ့ပထမထပ်ရေချိုးခန်းထဲမှာ မိမိကိုယ်ကိုယ်အဆုံးစီရင်ပြီး သေဆုံးခဲ့တာလို့ ရဲကပြောခဲ့ပါတယ်။ဧပြီ ၃၀ရက်နေ့၊ နေ့လည် ၁၂ခွဲလောက်မှာ အာနွဂ်ျက ရေချိုးခန်းကိုသွားခဲ့တယ်လို့ ရဲအရာရှိကပြောပါတယ်။
၎ချက်လာပစ်သွားတဲ့ ကြေးစား ၂ဦးကိုလည်း လက်ရှိမှာ ဖမ်းဆီးရရှိထားပါတယ်။
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*