Kanye West ရဲ့ Vultures 1 တေးအယ်လ်ဘမ်ကိုဖယ်ရှားတော့မယ့် FUGA

Kanye West ရဲ့ Music Distributor ဖြစ်တဲ့ FUGA က ပြီးခဲ့တဲ့နှစ်ကတည်းက Kanye West နဲ့အလုပ်ဆက်လုပ်ဖို့ ငြင်းဆိုခဲ့ပြီးဖြစ် ကြောင်းနဲ့ Kanye West ဟာ နှစ်ရှည်လများ Customer ဖြစ်ခဲ့တဲ့အတွက် သူ့ရဲ့ တေးအယ်လ်ဘမ်ကို Streaming Service တွေပေါ်အ လိုအလျောက်တင်ခဲ့တာဖြစ်ကြောင်းပြောကြားလာပါတယ်။“ FUGA အနေနဲ့ Vultures 1 တေးအယ်လ်ဘမ်ကိုထုတ်ဖို့ အခွင့်အရေးရခဲ့ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့က ငြင်းခဲ့ပါတယ်” ဆိုပြီး Downtown Music မှပြောရေးဆိုခွင့်ရှိသူကပြောခဲ့တာဖြစ်ပါတယ်။Downtown Music ဟာ FUGA ရဲ့မိခင်ကုမ္ပဏီဖြစ်ပါတယ်။

“ဖေဖော်ဝါရီ 9 ရက်နေ့မှာတော့ FUGA ရဲ့ Customer ဟောင်းအနေနဲ့ Streaming Service ပေါ်ကို သူ့အယ်လ်ဘမ်ကိုအလိုအလျောက်စနစ်နဲ့တင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ စာချုပ်ပါစည်းမျဥ်းကိုချိုးဖောက်တာဖြစ်ပါတယ်။ အဲဒါကြောင့်ကျွန်တော်တို့ပြန်ဖယ်ရှားပစ်ဖို့လုပ် ဆောင်နေပါတယ်” ဆိုပြီး Kanye West ရဲ့အယ်လ်ဘမ်အသစ်နဲ့ပတ်သက်ပြီးပြောခဲ့တာဖြစ်ပါတယ်။ဒီပြဿနာဟာ Kanye West နဲ့ Ty Dolla Sign တို့ပူး‌ပေါင်းဖန်တီးတဲ့ Good (Don’t Die) သီချင်းကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ သူတို့ရဲ့ Good (Don’t Die) သီချင်းဟာ Copy ဖြစ်ပြီးဒစ္စကိုဘုရင်မ Donna Summer ရဲ့ I Feel Love သီချင်းသံစဉ်နဲ့တူညီနေတယ်လို့ Donna Summer ကပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

Ju Ju

zawgyi

Kanye West ရဲ႕ Music Distributor ျဖစ္တဲ့ FUGA က ၿပီးခဲ့တဲ့ႏွစ္ကတည္းက Kanye West နဲ႔အလုပ္ဆက္လုပ္ဖို႔ ျငင္းဆိုခဲ့ၿပီးျဖစ္ ေၾကာင္းနဲ႔ Kanye West ဟာ ႏွစ္ရွည္လမ်ား Customer ျဖစ္ခဲ့တဲ့အတြက္ သူ႔ရဲ႕ ေတးအယ္လ္ဘမ္ကို Streaming Service ေတြေပၚအ လိုအေလ်ာက္တင္ခဲ့တာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။“ FUGA အေနနဲ႔ Vultures 1 ေတးအယ္လ္ဘမ္ကိုထုတ္ဖို႔ အခြင့္အေရးရခဲ့ပါတယ္။ ဒါေပမဲ့ကြၽန္ေတာ္တို႔က ျငင္းခဲ့ပါတယ္” ဆိုၿပီး Downtown Music မွေျပာေရးဆိုခြင့္ရွိသူကေျပာခဲ့တာျဖစ္ပါတယ္။Downtown Music ဟာ FUGA ရဲ႕မိခင္ကုမၸဏီျဖစ္ပါတယ္။

“ေဖေဖာ္ဝါရီ 9 ရက္ေန႔မွာေတာ့ FUGA ရဲ႕ Customer ေဟာင္းအေနနဲ႔ Streaming Service ေပၚကို သူ႔အယ္လ္ဘမ္ကိုအလိုအေလ်ာက္စနစ္နဲ႔တင္ခဲ့တာျဖစ္ပါတယ္။ ဒါဟာ စာခ်ဳပ္ပါစည္းမ်ဥ္းကိုခ်ိဳးေဖာက္တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ကြၽန္ေတာ္တို႔ျပန္ဖယ္ရွားပစ္ဖို႔လုပ္ ေဆာင္ေနပါတယ္” ဆိုၿပီး Kanye West ရဲ႕အယ္လ္ဘမ္အသစ္နဲ႔ပတ္သက္ၿပီးေျပာခဲ့တာျဖစ္ပါတယ္။ဒီျပႆနာဟာ Kanye West နဲ႔ Ty Dolla Sign တို႔ပူး‌ေပါင္းဖန္တီးတဲ့ Good (Don’t Die) သီခ်င္းေၾကာင့္ျဖစ္ေပၚလာတာျဖစ္ပါတယ္။ သူတို႔ရဲ႕ Good (Don’t Die) သီခ်င္းဟာ Copy ျဖစ္ၿပီးဒစၥကိုဘုရင္မ Donna Summer ရဲ႕ I Feel Love သီခ်င္းသံစဥ္နဲ႔တူညီေနတယ္လို႔ Donna Summer ကေျပာဆိုလာခဲ့တာ ျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*