ကိုရီးယားသရုပ်ဆောင် Steven Yeun ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Best Actor ဆုရရှိ

ကိုရီးယား-အမေရိကန်ကပြားဖြစ်တဲ့ Steven Yeun ဟာ ဇန်နဝါရီလ (၇) ရက်နေ့ကကျင်းပတဲ့ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Best Actor ဆုကိုရရှိခဲ့တယ်လို့သိရပါတယ်။ သူဟာ Beef ဇာတ်လမ်းတွဲနဲ့ Best Actor (Limited Series) ဆုကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။Steven Yeun ဟာ ရွှေကမ္ဘာလုံးဆုပေးပွဲမှာဆုရရှိတဲ့ပထမဆုံးသောအာရှလူမျိုး(လူငယ်သရုပ်ဆောင်)အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူနဲ့အတူတွဲဖက်သရုပ်ဆောင်တဲ့ Ali Wong ဟာလည်း ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကိုရရှိခဲ့ပြီးသူဟာလည်းဆုရရှိတဲ့ပထမဆုံးသောအာရှလူမျိုးအမျိုးသမီးသရုပ်ဆောင်(လူငယ်သရုပ်ဆောင်)အဖြစ်မှတ်တမ်းဝင်ခဲ့တာပါ။ Beef ဇာတ်လမ်းတွဲမှာ Steven Yeun ဟာဒေါသနဲ့လုံးပန်းတိုက်ခိုက်နေရတဲ့ အမျိုးသားတစ်ယောက်အဖြစ်အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပါတယ်။

၂၀၂၀ ခုနစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ကား Minari မှာလည်းအမေရိကန်နိုင်ငံကိုရွှေ့ပြောင်းလာခဲ့ပြီး မိသားစုအတွက်ရောဝင်ငွေရှာဖို့အတွက်ပါရုန်းကန်ရတဲ့ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက်အဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တာကိုတွေ့ရမှာပါ။ ဒါအပြင်သူဟာ Walking Dead လိုနာမည်ကြီးဇာတ်လမ်းတွဲမှာလည်းပါဝင်နိုင်ခဲ့သူပါ။ Steven Yeun ဟာ အသက် ၄၀ ရှိပြီဖြစ်ပြီး ဇနီးနဲ့သားသမီးနှစ်ဦးရှိပါတယ်။
ရွှေကမ္ဘာလုံးဆုပေးပွဲအခမ်းအနားမှာတော့ သူဟာဇနီးဖြစ်သူကိုအထူးတလည်ကျေးဇူးတင်စကားဆိုသွားတာကို တွေ့ရပါတယ်။

Ju Ju

zawgyi

ကိုရီးယား-အေမရိကန္ကျပားျဖစ္တဲ့ Steven Yeun ဟာ ဇန္နဝါရီလ (၇) ရက္ေန႔ကက်င္းပတဲ့ေ႐ႊကမာၻလုံးဆုေပးပြဲမွာ Best Actor ဆုကိုရရွိခဲ့တယ္လို႔သိရပါတယ္။ သူဟာ Beef ဇာတ္လမ္းတြဲနဲ႔ Best Actor (Limited Series) ဆုကိုဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။Steven Yeun ဟာ ေ႐ႊကမာၻလုံးဆုေပးပြဲမွာဆုရရွိတဲ့ပထမဆုံးေသာအာရွလူမ်ိဳး(လူငယ္သ႐ုပ္ေဆာင္)အျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ သူနဲ႔အတူတြဲဖက္သ႐ုပ္ေဆာင္တဲ့ Ali Wong ဟာလည္း ေ႐ႊကမာၻလုံးဆုေပးပြဲမွာ အေကာင္းဆုံးအမ်ိဳးသမီးသ႐ုပ္ေဆာင္ဆုကိုရရွိခဲ့ၿပီးသူဟာလည္းဆုရရွိတဲ့ပထမဆုံးေသာအာရွလူမ်ိဳးအမ်ိဳးသမီးသ႐ုပ္ေဆာင္(လူငယ္သ႐ုပ္ေဆာင္)အျဖစ္မွတ္တမ္းဝင္ခဲ့တာပါ။ Beef ဇာတ္လမ္းတြဲမွာ Steven Yeun ဟာေဒါသနဲ႔လုံးပန္းတိုက္ခိုက္ေနရတဲ့ အမ်ိဳးသားတစ္ေယာက္အျဖစ္အေကာင္းဆုံးသ႐ုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

၂၀၂၀ ခုနစ္ကထြက္ရွိခဲ့တဲ့႐ုပ္ရွင္ကား Minari မွာလည္းအေမရိကန္ႏိုင္ငံကိုေ႐ႊ႕ေျပာင္းလာခဲ့ၿပီး မိသားစုအတြက္ေရာဝင္ေငြရွာဖို႔အတြက္ပါ႐ုန္းကန္ရတဲ့ခင္ပြန္းတစ္ေယာက္၊ ဖခင္တစ္ေယာက္အျဖစ္ပီပီျပင္ျပင္သ႐ုပ္ေဆာင္ခဲ့တာကိုေတြ႕ရမွာပါ။ ဒါအျပင္သူဟာ Walking Dead လိုနာမည္ႀကီးဇာတ္လမ္းတြဲမွာလည္းပါဝင္ႏိုင္ခဲ့သူပါ။ Steven Yeun ဟာ အသက္ ၄၀ ရွိၿပီျဖစ္ၿပီး ဇနီးနဲ႔သားသမီးႏွစ္ဦးရွိပါတယ္။
ေ႐ႊကမာၻလုံးဆုေပးပြဲအခမ္းအနားမွာေတာ့ သူဟာဇနီးျဖစ္သူကိုအထူးတလည္ေက်းဇူးတင္စကားဆိုသြားတာကို ေတြ႕ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*