ဘန်ကောက်မှာရိုက်ကူးခဲ့တဲ့ လီဆာရဲ့ Rockstar သီချင်းအသစ်က သုံးနာရီအတွင်း ကြည့်ရှုသူ ငါးသန်းရှိခဲ့

ဘန်ကောက်မြို့ရှိ Yaowarat ခရိုင်မှာ ရိုက်ကူးခဲ့တဲ့ Rockstar သီချင်းဗီဒီယိုက သုံးနာရီအတွင်းကြည့်ရှုသူ ငါးသန်းကျော်ရှိခဲ့ပါတယ်။
ဗီဒီယိုအသစ်က YouTube ပေါ်တင်ပြီး သုံးနာရီအကြာမှာ ကြည့်ရှုသူငါးသန်းကျော်သွားခဲ့တာပါ။လီဆာရဲ့နောက်ဆုံးထွက်သီချင်းကို ကြည့်ရှုသူနှုန်းမှာ ဆက်လက်မြင့်တက်နေပါတယ်။

ဘန်ကောက်မြို့ Yaowarat ခရိုင်မှာရိုက်ကူးခဲ့တာကြောင့် ထိုင်းနိုင်ငံမှာဟိုလေးတကျော်ဖြစ်ခဲ့ပါတယ်။ လီဆာက မြို့တော်ရဲ့နာမည်ကျော် ကြားတဲ့ တရုတ်တန်းရှိလမ်းတခုမှာ သီချင်းကိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Rockstar ကို တစ်ကမ္ဘာလုံးတွင် တစ်ချိန်တည်း ပြသခဲ့ပါတယ်။ ထိုင်းမှာတော့ ဇွန်လ ၂၈ရက်နေ့မနက် ၇ နာရီက Youtube မှာ ထွက်ရှိခဲ့ပါတယ်။လက်ရှိဒီစာရေးကိုရေးနေချိန် ထိုင်းစံတော်ချိန်ညနေမ ၃နာရီခွဲမှာတော့ သီချင်းဗီဒီယိုကိုကြည့်ရှုသူ စုစုပေါင်း တစ်ဆယ့်ငါးသန်းကျော်ဖြစ်နေခဲ့ပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*