ခဏခဏအသည်းကွဲရတဲ့ ရာသီခွင် (၄)ခု

ဒီရာသီခွင်တွေကတော့ နှလုံးသားကြေကွဲမှုတွေ မကြာခဏတွေ့ဆုံခံစားရတဲ့သူတွေဖြစ်ပါတယ်။အသည်းကွဲတာက ဘယ်လွယ်မလဲ။ ဒါပေမဲ့ သူတို့တွေက တခြားသူတွေထက်ပိုပြီးအသည်းကွဲတဲ့အကြိမ်ရေပိုများပြီး ခံနိုင်ရည်ရှိပုံရပါတယ်။

Cancer
ဒီရာသီခွင်တွေက စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို လိုချင်တောင့်တကြပြီးသူတို့ကိုလက်မခံတဲ့အခါမှာ ထိလွယ်ရှလွယ်တဲ့ နှလုံးသားတွေအ လွယ်တကူကွဲအက်သွားကြပါတယ်။ သူတို့ရဲ့ လေးနက်တဲ့ချစ်ခြင်းက တခါတရံမှာ သူတို့ကိုထိခိုက်နာကျင်စေနိုင်ပါတယ်။

Pisces
ဒီရာသီဖွားတွေက စိတ်ကူးယဉ်ဆန်တဲ့သဘာဝကြောင့်လူသိများပါတယ်။ သူတို့က အချစ်ကိုတခါတလေမှာ လက်တွေ့မကျတဲ့ မျှော်လင့် ချက်များထားတတ်တာကြောင့်အသည်းကွဲရတတ်ပါတယ်။ သူတို့က သူတို့ရဲ့ချစ်သူအပေါ်မှာစံနမူနာပြလေ့ရှိကြပြီးလက်တွေ့ဘဝမှာ သူတို့ရဲ့စိတ်ကူးယဉ်မှုများနဲ့ မကိုက်ညီဘူးဆိုရင် သူတို့အသည်းကွဲတတ်ကြပါတယ်။ သူတို့ကတွေက စိတ်ကူးယဉ်ဆန်မှုနဲ့ လက်တွေဘဝကို
ချိန်ခွင်လျှာညှိဖို့လိုပါတယ်။

Libra
ဒီရာသီဖွားတွေက ပြီးပြည့်စုံတဲ့ ဆက်ဆံရေးကိုရှာဖွေကြပါတယ်။ လက်တွဲဖော်ကိုတန်ဖိုးထားပြီးထိပ်တိုက်ရင်ဆိုင်တွေ့တာမျိုးရှောင်ကြပါတယ်။ မဖြေရှင်းနိုင်တဲ့ပြဿနာများနဲ့ နောက်ဆုံးမှာစိတ်နှလုံးကွဲကြေကြရပါတယ်။

Scorpio
Scorpio တွေက လေးနက်စွာနဲ့ ပြင်းပြစွာ ချစ်တတ်ပါတယ်။ ဒီအချက်ကြောင့်ပဲအချစ်ရေးမှာနှလုံးသားကြေကွဲရတတ်ပါတယ်။ သူတို့တွေက မယုံနိုင်လောက်အောင် သစ္စာရှိကြပြီး သူတို့လိုပဲအလားတူသစ္စာရှိဖို့မျှော်လင့်ကြပါတယ်။ သူတို့ရဲ့ယုံကြည်မှုပျက်သွားတဲ့အခါမှာ နာကျင်စွာနဲ့အသည်းကွဲကြရပါတယ်။

MYit

zawgyi


Cancer

Pisces

Libra

Scorpio

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*