အချိန်တိုအတွင်း Confidence တက်စေမယ့်နည်းလမ်းများ

မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း (Confidence) ဆိုတာက ကိုယ့်ရဲ့စိတ်ခံစားချက်လေးကောင်းနေခြင်းကိုပဲဆိုလိုတာမဟုတ်ပါဘူးနော်။ Confidence ဆိုတဲ့အရာထဲမှာ Personal ပိုင်းရော Professional ပိုင်းမှာပါရရှိထားတဲ့ အောင်မြင်မှုတွေ၊ ရလဒ်တွေ ပေါင်းစပ်ပါဝင်နေတာဖြစ်ပါတယ်။ Confidence ရှိခြင်းက တစ်ပါးသူတွေနဲ့ကိုယ်ဘယ်လိုပြောဆိုဆက်ဆံသလဲ၊စိန်ခေါ်မှုတွေကိုဘယ်လိုကိုင်တွယ်သလဲ၊ ကိုယ့်ကိုယ်ကိုယ်ဘယ်လိုနားလည်လက်ခံထားသလဲဆိုတဲ့အရာတွေအပေါ်ကို သက်ရောက်စေပါတယ်။ကံကောင်းစွာနဲ့ပဲ Confidence ဆိုတာဟာတည်ဆောက်လို့ရတဲ့အရာဖြစ်ပါတယ်။ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ၊ တစ်ကိုယ်ရည်သပ်ရပ်သန့်ရှင်းမှု၊ လူအများနဲ့ဆက်ဆံတဲ့ပုံစံတွေကိုပြောင်းလဲလိုက်တာနဲ့တင် Confidence ကိုရရှိပိုင်ဆိုင်စေပါတယ်။ Confidenceကိုမြန်မြန်တည်ဆောက်နိုင်ဖို့ အောက်မှာဖော်ပြထားတဲ့အချက်တွေကို ပြောင်းလဲကြည့်၊လေ့ကျင့်ကြည့်ရုံပါပဲ။

Physical Fitness
ခန္ဓာကိုယ်ကို ကျစ်လစ်သန်မာအောင်တည်ဆောက်ခြင်းကနေ Confidence ကိုရရှိစေပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်တာက ကိုယ့်ရဲ့ရုပ် ပိုင်းကိုကျန်းမာလှပစေတဲ့အပြင်စိတ်ပိုင်းဆိုင်ရာကိုပါကောင်းတဲ့အကျိုးသက်ရောက်မှုတွေပေးပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊
အားကစားတစ်ခုခုလိုက်စားတာက စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်းတွေကိုဖယ်ရှားပေးပြီးပျော်ရွှင်စေတဲ့ဟော်မုန်းတွေကိုထုတ်လုပ်ပေးပါတယ်။တစ်ခုခုကိုပြီးမြောက်အောင်လုပ်ဆောင်နိုင်တယ်ဆိုတဲ့ ကျေနပ်စိတ်ကနေတဆင့်မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့စိတ်ဖြစ်တည်လာပါတယ်။

Positive Mindset
Confidence ရှိဖို့အဓိကတွန်းအားပေးတဲ့အရာတွေထဲမှာအပြုသဘောဆောင်တဲ့စိတ်လည်းပါဝင်ပါတယ်။ ကျွန်မတို့ရဲ့အတွေးတွေက
ကျွန်မတို့ရဲ့ခံစားချက်နဲ့အပြုအမူတွေအပေါ်ကို တိုက်ရိုက်အကျိုးသက်ရောက်ပါတယ်။ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်ပေးတာ၊ တစ်ပါးသူတွေအပေါ်အကောင်းမြင်စိတ်ထားတာက Confidence ကိုချက်ချင်းတိုးလာစေတဲ့အရာတွေပါပဲ။ ကိုယ်မပိုင်ဆိုင်တဲ့အရာတွေကိုအာ ရုံစိုက်တာထက် ကိုယ့်မှာပိုင်ဆိုင်ထားတဲ့အရာတွေကိုပဲအာရုံစိုက်ပြီး ကျေးဇူးတင်ပေးတာ၊အခက်အခဲတွေတွေ့ခဲ့ရင် ငါ့အရည်အချင်းကိုတက်အောင်လုပ်ပေးတာပဲဆိုတဲ့စိတ်မျိုးထားနိုင်တာ၊ဇွဲရှိတာ စတဲ့အချက်တွေက Confidence ရှိတဲ့လူသားတစ်ယောက်အဖြစ်ကို မြန်မြန်ရောက်ရှိစေပါတယ်။

ကိုယ့်ရဲ့ပုံပန်းသွင်ပြင်အပေါ်ဂရုစိုက်ခြင်း
မိမိကိုယ်ကိုသပ်ရပ်အောင်နေခြင်း၊ ကျန်းမာသန့်ရှင်းအောင်နေခြင်းတွေကလည်း Confidenceတည်ဆောက်တဲ့နေရာမှာမဖြစ်မနေလို အပ်ပါတယ်။ ရေမချိုး၊ သွားမတိုက်၊ မျက်နှာမသစ်ဘဲဘယ်သူမှလူတွေကြားထဲမှာရဲရဲဝံ့ဝံ့စကားပြောနိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ပုံပန်း  သွင်ပြင်ကိုဂရုစိုက်တဲ့နေရာမှာ သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေလောက်ပြီးပြည့်စုံတဲ့မျက်နှာနဲ့လှပကြော့ရှင်းနေဖို့မလိုအပ်ပါဘူး။
ကိုယ့်ကိုသက်သောင့်သက်သာရှိစေတဲ့ပြင်ဆင်ပုံမျိုးကသာ ကိုယ့်ကို Confidence ရှိစေမှာဖြစ်ပါတယ်။

Confidence အတွက် နောက်ထပ်မဖြစ်မနေဆင်မြန်းသင့်တဲ့အရာကတော့ အပြုံးဖြစ်ပါတယ်။နှစ်နှစ်ခြိုက်ခြုက်ပြုံးတဲ့သူတစ်ယောက်ရဲ့ မျက်နှာဟာဘယ်လိုဖြစ်ဖြစ်ကြည့်ကောင်းနေမှာပါ။ကိုယ့်ကို Confidence ရှိလာစေတဲ့နောက်ထပ်အချက်တွေထဲမှာ Networking တော်ခြင်း၊စဉ်ဆက်မပြတ်သင်ယူလေ့လာနေခြင်း၊ စိတ်ပျော်ရွှင်ကျန်းမာစေဖို့အဓိကထားခြင်း၊အများအတွက်ပံ့ပိုးကူညီလေ့ရှိခြင်း စတဲ့အချက်တွေပဲဖြစ်ပါတယ်။မိတ်ဆွေတို့ထဲမှာလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘူးလို့ထင်မိရင်အခုအချက်လေးတွေအတိုင်းလုပ်ဆောင်ကြည့်ပါ။ Confidence ရှိခြင်းနဲ့အတူ တစ်ကိုရည်ဘဝမှာရော၊လုပ်ငန်းခွင်မှာပါအောင်မြင်မှုတွေရရှိပိုင်ဆိုင်လာပါလိမ့်မယ်။

Ju Ju

zawgyi

မိမိကိုယ္ကိုယုံၾကည္မႈရွိျခင္း (Confidence) ဆိုတာက ကိုယ့္ရဲ႕စိတ္ခံစားခ်က္ေလးေကာင္းေနျခင္းကိုပဲဆိုလိုတာမဟုတ္ပါဘူးေနာ္။ Confidence ဆိုတဲ့အရာထဲမွာ Personal ပိုင္းေရာ Professional ပိုင္းမွာပါရရွိထားတဲ့ ေအာင္ျမင္မႈေတြ၊ ရလဒ္ေတြ ေပါင္းစပ္ပါဝင္ေနတာျဖစ္ပါတယ္။ Confidence ရွိျခင္းက တစ္ပါးသူေတြနဲ႔ကိုယ္ဘယ္လိုေျပာဆိုဆက္ဆံသလဲ၊စိန္ေခၚမႈေတြကိုဘယ္လိုကိုင္တြယ္သလဲ၊ ကိုယ့္ကိုယ္ကိုယ္ဘယ္လိုနားလည္လက္ခံထားသလဲဆိုတဲ့အရာေတြအေပၚကို သက္ေရာက္ေစပါတယ္။ကံေကာင္းစြာနဲ႔ပဲ Confidence ဆိုတာဟာတည္ေဆာက္လို႔ရတဲ့အရာျဖစ္ပါတယ္။ကိုယ့္ရဲ႕စိတ္ပိုင္းဆိုင္ရာ၊ တစ္ကိုယ္ရည္သပ္ရပ္သန႔္ရွင္းမႈ၊ လူအမ်ားနဲ႔ဆက္ဆံတဲ့ပုံစံေတြကိုေျပာင္းလဲလိုက္တာနဲ႔တင္ Confidence ကိုရရွိပိုင္ဆိုင္ေစပါတယ္။ Confidenceကိုျမန္ျမန္တည္ေဆာက္ႏိုင္ဖို႔ ေအာက္မွာေဖာ္ျပထားတဲ့အခ်က္ေတြကို ေျပာင္းလဲၾကည့္၊ေလ့က်င့္ၾကည့္႐ုံပါပဲ။

Physical Fitness
ခႏၶာကိုယ္ကို က်စ္လစ္သန္မာေအာင္တည္ေဆာက္ျခင္းကေန Confidence ကိုရရွိေစပါတယ္။ေလ့က်င့္ခန္းပုံမွန္လုပ္တာက ကိုယ့္ရဲ႕႐ုပ္ ပိုင္းကိုက်န္းမာလွပေစတဲ့အျပင္စိတ္ပိုင္းဆိုင္ရာကိုပါေကာင္းတဲ့အက်ိဳးသက္ေရာက္မႈေတြေပးပါတယ္။ ေလ့က်င့္ခန္းပုံမွန္လုပ္တာ၊
အားကစားတစ္ခုခုလိုက္စားတာက စိတ္ဖိစီးျခင္း၊ စိတ္ဓာတ္က်ျခင္းေတြကိုဖယ္ရွားေပးၿပီးေပ်ာ္႐ႊင္ေစတဲ့ေဟာ္မုန္းေတြကိုထုတ္လုပ္ေပးပါတယ္။တစ္ခုခုကိုၿပီးေျမာက္ေအာင္လုပ္ေဆာင္ႏိုင္တယ္ဆိုတဲ့ ေက်နပ္စိတ္ကေနတဆင့္မိမိကိုယ္ကိုယုံၾကည္မႈရွိတဲ့စိတ္ျဖစ္တည္လာပါတယ္။

Positive Mindset
Confidence ရွိဖို႔အဓိကတြန္းအားေပးတဲ့အရာေတြထဲမွာအျပဳသေဘာေဆာင္တဲ့စိတ္လည္းပါဝင္ပါတယ္။ ကြၽန္မတို႔ရဲ႕အေတြးေတြက
ကြၽန္မတို႔ရဲ႕ခံစားခ်က္နဲ႔အျပဳအမူေတြအေပၚကို တိုက္႐ိုက္အက်ိဳးသက္ေရာက္ပါတယ္။ကိုယ့္ကိုယ္ကိုယ္အေကာင္းျမင္ေပးတာ၊ တစ္ပါးသူေတြအေပၚအေကာင္းျမင္စိတ္ထားတာက Confidence ကိုခ်က္ခ်င္းတိုးလာေစတဲ့အရာေတြပါပဲ။ ကိုယ္မပိုင္ဆိုင္တဲ့အရာေတြကိုအာ ႐ုံစိုက္တာထက္ ကိုယ့္မွာပိုင္ဆိုင္ထားတဲ့အရာေတြကိုပဲအာ႐ုံစိုက္ၿပီး ေက်းဇူးတင္ေပးတာ၊အခက္အခဲေတြေတြ႕ခဲ့ရင္ ငါ့အရည္အခ်င္းကိုတက္ေအာင္လုပ္ေပးတာပဲဆိုတဲ့စိတ္မ်ိဳးထားႏိုင္တာ၊ဇြဲရွိတာ စတဲ့အခ်က္ေတြက Confidence ရွိတဲ့လူသားတစ္ေယာက္အျဖစ္ကို ျမန္ျမန္ေရာက္ရွိေစပါတယ္။

ကိုယ့္ရဲ႕ပုံပန္းသြင္ျပင္အေပၚဂ႐ုစိုက္ျခင္း
မိမိကိုယ္ကိုသပ္ရပ္ေအာင္ေနျခင္း၊ က်န္းမာသန႔္ရွင္းေအာင္ေနျခင္းေတြကလည္း Confidenceတည္ေဆာက္တဲ့ေနရာမွာမျဖစ္မေနလို အပ္ပါတယ္။ ေရမခ်ိဳး၊ သြားမတိုက္၊ မ်က္ႏွာမသစ္ဘဲဘယ္သူမွလူေတြၾကားထဲမွာရဲရဲဝံ့ဝံ့စကားေျပာႏိုင္မွာမဟုတ္ပါဘူး။ ကိုယ့္ရဲ႕ပုံပန္း  သြင္ျပင္ကိုဂ႐ုစိုက္တဲ့ေနရာမွာ သ႐ုပ္ေဆာင္မင္းသား၊ မင္းသမီးေတြေလာက္ၿပီးျပည့္စုံတဲ့မ်က္ႏွာနဲ႔လွပေၾကာ့ရွင္းေနဖို႔မလိုအပ္ပါဘူး။
ကိုယ့္ကိုသက္ေသာင့္သက္သာရွိေစတဲ့ျပင္ဆင္ပုံမ်ိဳးကသာ ကိုယ့္ကို Confidence ရွိေစမွာျဖစ္ပါတယ္။

Confidence အတြက္ ေနာက္ထပ္မျဖစ္မေနဆင္ျမန္းသင့္တဲ့အရာကေတာ့ အၿပဳံးျဖစ္ပါတယ္။ႏွစ္ႏွစ္ၿခိဳက္ျခဳက္ၿပဳံးတဲ့သူတစ္ေယာက္ရဲ႕ မ်က္ႏွာဟာဘယ္လိုျဖစ္ျဖစ္ၾကည့္ေကာင္းေနမွာပါ။ကိုယ့္ကို Confidence ရွိလာေစတဲ့ေနာက္ထပ္အခ်က္ေတြထဲမွာ Networking ေတာ္ျခင္း၊စဥ္ဆက္မျပတ္သင္ယူေလ့လာေနျခင္း၊ စိတ္ေပ်ာ္႐ႊင္က်န္းမာေစဖို႔အဓိကထားျခင္း၊အမ်ားအတြက္ပံ့ပိုးကူညီေလ့ရွိျခင္း စတဲ့အခ်က္ေတြပဲျဖစ္ပါတယ္။မိတ္ေဆြတို႔ထဲမွာလည္း ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈမရွိဘူးလို႔ထင္မိရင္အခုအခ်က္ေလးေတြအတိုင္းလုပ္ေဆာင္ၾကည့္ပါ။ Confidence ရွိျခင္းနဲ႔အတူ တစ္ကိုရည္ဘဝမွာေရာ၊လုပ္ငန္းခြင္မွာပါေအာင္ျမင္မႈေတြရရွိပိုင္ဆိုင္လာပါလိမ့္မယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*