မင်းသားကြီး Christian Oliver နဲ့သမီးနှစ်ယောက်လေယာဉ်ပျက်ကျလို့ကွယ်လွန်

Baby sitters Club နဲ့ Speed Racer ဇာတ်ကားတွေရဲ့မင်းသားကြီး Christian Oliver ဟာသူ့ရဲ့သမီးငယ်နှစ်ယောက်နဲ့အတူ လေယာဉ်ပျက်ကျလို့ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ(၄)ရက်နေ့မှာဖြစ်ပွားတဲ့ ကာရေဘီယံလေယာဉ်ပျက်ကျမှုမှာ သူတို့တွေအားလုံးပါဝင်သွားခဲ့တာဖြစ်ပါတယ်။ဒီပျက်ကျမှုဟာ Petit Nevis ကျွန်းအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လေယာဉ်ဟာပျံတက်ပြီးမကြာခင်မှာ စက်ချို့ယွင်းခဲ့ပြီး သမုဒ္ဒရာထဲကိုပျက်ကျသွားခဲ့တာဖြစ်တယ်လို့မျက်မြင်သက်သေတွေကဆိုကြပါတယ်။ Christian Oliver စီးလာတဲ့လေယာဉ်ဟာ one-engine အမျိုးအစားဖြစ်ပြီး ပိုင်ရှင်နဲ့လေယာဉ်မောင်းသူဟာ Robert Sachs ဖြစ်တယ်လို့ဆိုပါတယ်။လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်လေးဦးလုံးကိုကမ်းခြေစောင့်အရာရှိတွေက ဆယ်ယူနိုင်ခဲ့ပေမယ့်အသက်သေဆုံးသွားပြီလို့ အာဏာပိုင်တွေကကြေညာခဲ့ပါတယ်။ Christian Oliver ဟာ အသက် ၅၁ နှစ်ရှိပြီဖြစ်ပြီး သမီးနှစ်ယောက်ကတော့ အသက် ၁၂ နှစ်နဲ့ ၁၀ နှစ်အရွယ်တွေဖြစ်ကြပါတယ်။ သူဟာ Indiana Jones and the Dial of Destiny ဇာတ်ကားမှာလည်းအသံသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့သူဖြစ်ပါတယ်။

Ju Ju

zawgyi

Baby sitters Club နဲ႔ Speed Racer ဇာတ္ကားေတြရဲ႕မင္းသားႀကီး Christian Oliver ဟာသူ႔ရဲ႕သမီးငယ္ႏွစ္ေယာက္နဲ႔အတူ ေလယာဥ္ပ်က္က်လို႔ကြယ္လြန္သြားခဲ့တယ္လို႔သိရပါတယ္။ဇန္နဝါရီလ(၄)ရက္ေန႔မွာျဖစ္ပြားတဲ့ ကာေရဘီယံေလယာဥ္ပ်က္က်မႈမွာ သူတို႔ေတြအားလုံးပါဝင္သြားခဲ့တာျဖစ္ပါတယ္။ဒီပ်က္က်မႈဟာ Petit Nevis ကြၽန္းအနီးမွာျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ေလယာဥ္ဟာပ်ံတက္ၿပီးမၾကာခင္မွာ စက္ခ်ိဳ႕ယြင္းခဲ့ၿပီး သမုဒၵရာထဲကိုပ်က္က်သြားခဲ့တာျဖစ္တယ္လို႔မ်က္ျမင္သက္ေသေတြကဆိုၾကပါတယ္။ Christian Oliver စီးလာတဲ့ေလယာဥ္ဟာ one-engine အမ်ိဳးအစားျဖစ္ၿပီး ပိုင္ရွင္နဲ႔ေလယာဥ္ေမာင္းသူဟာ Robert Sachs ျဖစ္တယ္လို႔ဆိုပါတယ္။ေလယာဥ္ေပၚပါလာတဲ့ ခရီးသည္ေလးဦးလုံးကိုကမ္းေျခေစာင့္အရာရွိေတြက ဆယ္ယူႏိုင္ခဲ့ေပမယ့္အသက္ေသဆုံးသြားၿပီလို႔ အာဏာပိုင္ေတြကေၾကညာခဲ့ပါတယ္။ Christian Oliver ဟာ အသက္ ၅၁ ႏွစ္ရွိၿပီျဖစ္ၿပီး သမီးႏွစ္ေယာက္ကေတာ့ အသက္ ၁၂ ႏွစ္နဲ႔ ၁၀ ႏွစ္အ႐ြယ္ေတြျဖစ္ၾကပါတယ္။ သူဟာ Indiana Jones and the Dial of Destiny ဇာတ္ကားမွာလည္းအသံသ႐ုပ္ေဆာင္အျဖစ္ပါဝင္ခဲ့သူျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*