လူတိုင်းကိုဆွဲဆောင်နိုင်တဲ့ ရာသီခွင် (၄)ခု

ဒီရာသီခွင်လေးခုကတော့ လူအများကိုဆွဲဆောင်နိုင်ပြီး ကျက်သရေတွေ၊ လွှမ်းမိုးမှုတွေပြုနိုင်တဲ့ရာသီခွင်တွေပဲဖြစ်ပါတယ်။ တချို့လူတွေက စန်းပွင့်ကြပြီး တွေ့ကြတဲ့သူတိုင်းကချစ်ခင်ကြတာ၊ နှစ်သက်ကြတာကို သဘာဝကပေးတဲ့ လက်ဆောင်တခုဖြစ်ပါတယ်။ဒီလက် ဆောင်ကို ဘယ်သူတွေကများ ရရှိနေကြပါသလဲ။

Leo
ဒီရာသီခွင်တွေက ယုံကြည်မှုအပြည့်နဲ့ ဆွဲဆောင်မှုရှိတဲ့ သူတွေအဖြစ်မွေးဖွားလာကြပါတယ်။အားကြီးတဲ့နေမင်းကိုအုပ်စိုးတဲ့ လီယိုတွေက သံလိုက်လိုဆွဲဆောင်မှုရှိကြပါတယ်။သူတို့ဆီကနေ အကြည်ဓာတ်တွေကူးစက်စေနိုင်ပြီး တွေ့တဲ့သူတိုင်းကနှစ်သက်သဘောကျကြပါတယ်။ သူတို့ရဲ့ သစ္စာစောင့်သိမှုကလည်းအများကြားမှာထင်ရှာပါတယ်။ လူတိုင်းကို သူတို့က ပုံစံအမျိုးမျိုးနဲ့ ဆွဲဆောင်နိုင်ကြပါတယ်။
ဒါကပဲ သူတို့ရဲ့ သဘာဝပေးတဲ့ လက်ဆောင်တခုဖြစ်ပါတယ်။

Libra
ဆွဲဆောင်မှုရှိတဲ့ ဒီရာသီဖွားတွေက ကျက်သရေက သဘာဝကပေးတဲ့လက်ဆောင်တခုလည်းဖြစ်ပါတယ်။ တခြားသူများနဲ့ နက်ရှိုင်းစွာဆက်သွယ်နိုင်တာကသူတို့ရဲ့မွေးရာပါ စွမ်းရည်ဖြစ်ပါတယ်။ သူတို့ရဲ့လူမှုဆက်ဆံရေးပြေပြစ်မှုကလူတိုင်းကိုသဘောကျစေပါတယ်။ လူ အများနဲ့လိုက်လျောညီထွေရှိတာအပြင်ဆွဲဆောင်မှုရှိတာကလည်း သူတို့ရဲ့ထူးခြားမှုတခုပါပဲ။

Scorpio
ဒီရာသီဖွားတွေကလည်း ဆွဲဆောင်မှုနဲ့ နက်နဲတဲ့စိတ်ခံစားမှုတို့ကိုပိုင်ဆိုင်ထားကြပါတယ်။သူတို့ရဲ့ စူးရှတဲ့အကြည့်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ပုံစံကတခြားသူတွေကိုဆွဲဆောင်မှုဖြစ်စေပါတယ်။ သူတို့တွေက တခြားသူတွေအပေါ်မှာ မီးပုံတိုးတဲ့ပိုးဖလံများလို ဆွဲဆောင်နိုင်တဲ့ သံလိုက်ဓာတ်ရှိကြပါတယ်။

Pisces
စိတ်ကူးယဉ်ဆန်တဲ့ ဒီရာသီခွင်တွေက သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေရဲ့နှလုံးသားနဲ့စတ်ကိုဆွဲဆောင်နိုင်ကြပါတယ်။ အကန့်အသတ်မရှိတဲ့စိတ်ကူးစိတ်သန်းများနဲ့ကိုယ်ချင်းစာတရားများကို ပိုင်ဆိုင်ထားပြီး တခြားသူများနဲ့ ချိတ်ဆက်နိုင်ကြပါတယ်။တခြားသူတွေကို ဆွဲဆောင်နိုင်ကြပါတယ်။ သူတို့မှာ နူးညံ့တဲ့စိတ်ထားနဲ့အလိုလိုသိနားလည်မှုက တခြားသူတွေအတွက် ဆွဲဆောင်မှုဖြစ်စေပါတယ်။

MYit

zawgyi


Leo

Libra

Scorpio

Pisces

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*