မြန်မြန်ဆန်ဆန်ပဲ Fall in love သွားတတ်တဲ့ ရာသီခွင် (၄) ခု

သင်ဟာ ချက်ခြင်းပဲ ချစ်မိတတ်သူတယောက်လား။ ဒါမှမဟုတ် တခြားသူတွေထက်ခံစားချက်ပိုမြန်တယ်လို့ ထင်ရတဲ့ သူငယ်ချင်းတွေ သင့်အနားမှာရှိသလား။နက္ခတ်ဗေဒင်တွေအရတော့ အချို့ရာသီခွင်တွေက အချစ်ရေးမှာ ခပ်မြန်မြန်ပဲချစ်မိသွားတတ်ကြပါတယ်။

Aries (Mar 21 – Apr 19)
ဒီရာသီဖွားလေးတွေက မီးတောက်ကလေးတွေဖြစ်ကြပါတယ်။ သူတို့ရဲ့စိတ်အားထက်သန်မှုနဲ့အလိုလိုသိတတ်မှုတွေကြောင့် နှလုံးသားရေးရာနဲ့ပတ်သက်ရင် အချိန်မဖြုန်းကြပါဘူး။ သူတို့ကအပြင်းအထန်နဲ့ မကြောက်မရွံ့ချစ်တတ်ပြီး အစွဲအလန်းအကြီးဆုံး ချစ်သူတွေဖြစ်ကြပါတယ်။

Pisces (Feb 19 – Mar 20)
စိတ်ကူးယဉ်ဆန်တဲ့ Pisces လေးတွေကတော့အချစ်ဂြိုလ်ကနေမွေးဖွားလာသူများဖြစ်ကြပါတယ်။ သူတို့တွေက အချစ်ဆိုတဲ့အယူအဆကိုအကောင်းမြင်တတ်ကြပါတယ်။ နက်ရှိုင်းတဲ့စိတ်ခံစားမှုများနဲ့ ဆက်သွယ်မှုများကိုလိုလားတောင့်တကြပြီး အထိအခိုက်မခံတဲ့ စိတ်ဝိညာဉ်ကိုပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့်ပဲခပ်မြန်မြန်ချစ်မိတတ်ကြတဲ့ ရာသီခွင်တွေထဲမှာ နံပါတ်သုံးနေရာမှာရောက်ရှိနေတာဖြစ်ပါတယ်။

Sagittarius (Nov 22 – Dec 21)
Sagittarians ကတော့ စွန့်စားမယ် ကိုယ့်အချစ်ရေ လိုက်ရဲလားဆိုသူတွေဖြစ်ပါတယ်။ သူတို့ကစွန့်စားမှုနဲ့ စိတ်လှုပ်ရှားမှုတွေအတွက် ရှင်သန်နေတဲ့ လွတ်လပ်တဲ့ ဝိညာဉ်တွေဖြစ်ကြပါတယ်။နှလုံးသားရေးရာနဲ့ပတ်သက်လာရင် စွန့်စားဖို့ ဝန်မလေးကြပါဘူး။ တစုံတဦးကိုတွေ့တဲ့အခါမှာချက်ခြင်းပဲ ချစ်စိတ်ဝင်စားနိုင်ပါတယ်။

Libra (Sep 23 – Oct 22)
နောက်ဆုံးအနေနဲ့ ချစ်စရာကောင်းတဲ့ Libra လေးတွေပဲဖြစ်ပါတယ်။ အချစ်နဲ့ အလှတရားဂြိုလ် Venus က အုပ်ချုပ်တဲ့ Libra လေးတွေရဲ့ တဦးချင်းစီရဲ့ အချစ်ဇာတ်လမ်းကစိတ်လှုပ်ရှားဖွယ်ဖြစ်ပါတယ်။ သူတို့တွေက သဟဇာတဖြစ်မှုနဲ့ ပေါင်းစည်းမှုကို တန်ဖိုးထားပြီးပြီး ပြည့်စုံတဲ့ ဆက်ဆံရေးကို ရှာဖွေရာမှာ မြန်မြန်ဆန်ဆန်ပဲ ချစ်မိစေဖို့တွန်းအားဖြစ်စေပါတယ်။

MYit

zawgyi


Aries (Mar 21 – Apr 19)

Pisces (Feb 19 – Mar 20)


Libra (Sep 23 – Oct 22)

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*