Game Show တစ်ခုကိုဝင်ပြိုင်ချင်လို့လျှောက်ပေမယ့်အမြဲပယ်ခံရတယ်ဆိုတဲ့ အမ်မာစတုန်း

La La Land မင်းသမီး အကယ်ဒမီဆုရှင်အမ်မာစတုန်းကသူမရဲ့မဖြစ်နိုင်သေးတဲ့အိပ်မက်တစ်ခုကိုရင်ဖွင့်ခဲ့ပါတယ်။ သူမက အမေရိကန်ရုပ်သံ Game Show တစ်ခုဖြစ်တဲ့ Jeopardy မှာပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ အမြဲလိုဝင်ပြိုင်ချင်မိပေမယ့်ဘယ်တော့မှဝင်ခွင့်မအောင်ဘဲပယ်ချခံရတယ်လို့ဆိုပါတယ်။ Jeopardy ဟာ နာမည်ကြီး ရုပ်မြင်သံကြား Game Show တစ်ခုဖြစ်ပြီး 1964 ခုနစ်ကနေစတင်တင်ဆက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ Episode 8000 ကျော်အထိရောက်ရှိနေပါပြီ။ ဒီ Show က သမားရိုးကျ Game Show တွေလိုမဟုတ်ဘဲ ပြိုင်ပွဲဝင်တွေကအကြောင်းအရာတစ်ခုကိုအဖြေပုံစံ ပြောပြရတာဖြစ်ပါတယ်။ဒါကို ဒိုင်တွေက ဘယ်သူ၊ ဘယ်နေရာ၊ဘယ်အကြောင်းအရာဆိုတာကို ဆုံးဖြတ်ပြောဆိုရတာဖြစ်ပါတယ်။ Answer and Question ပုံစံနဲ့သွားတဲ့ပြိုင်ပွဲတစ်ခုပါ။ Jeopardy ဟာ အမ်မာစတုန်းအကြိုက်ဆုံး Game Show တစ်ခုဖြစ်ပြီး အဲဒီမှာပြိုင်ပွဲဝင်နိုင်ဖို့သူမကအမြဲတမ်းအိပ်မက်မက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

နှစ်တိုင်းဇွန်လရောက်ရင်ဝင်ခွင့်လျှောက်ကြည့်ပေမယ့် တစ်ခါမှမရခဲ့ဘူးလို့ သူမကပြောခဲ့တာပါ။“ကျွန်မဘယ်သူလဲဆိုတာကိုဖော်ပြစရာမလိုဘဲ အီးမေးလ်နဲ့ပဲ Quiz လေးတွေဖြေရတာပါ။ မင်းပါခွင့်ရမရ နောက် 9 လကနေ 12 လအတွင်း အကြောင်းပြန်မယ်လို့ပြောပေမယ့် ကျွန်မတစ်ခါမှမရပါဘူး။ဒါပေမဲ့ Jeopardy ကိုကျွန်မအမြဲကြည့်တယ်။ ကျွန်မအဖြေဘယ်နှခုမှန်လဲဆိုတာကို ချရေးထားတယ်”လို့သူမက ဖွင့်ဟခဲ့တာဖြစ်ပါတယ်။အမ်မာစတုန်းဟာမကြာသေးခင်ကပဲ Poor Things ရုပ်ရှင်နဲ့ Golden Globe ကချီးမြှင့်တဲ့အကောင်းဆုံးအ မျိုးသမီးဇာတ်ဆောင်ဆုကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

La La Land မင္းသမီး အကယ္ဒမီဆုရွင္အမ္မာစတုန္းကသူမရဲ႕မျဖစ္ႏိုင္ေသးတဲ့အိပ္မက္တစ္ခုကိုရင္ဖြင့္ခဲ့ပါတယ္။ သူမက အေမရိကန္႐ုပ္သံ Game Show တစ္ခုျဖစ္တဲ့ Jeopardy မွာၿပိဳင္ပြဲဝင္တစ္ေယာက္အေနနဲ႔ အၿမဲလိုဝင္ၿပိဳင္ခ်င္မိေပမယ့္ဘယ္ေတာ့မွဝင္ခြင့္မေအာင္ဘဲပယ္ခ်ခံရတယ္လို႔ဆိုပါတယ္။ Jeopardy ဟာ နာမည္ႀကီး ႐ုပ္ျမင္သံၾကား Game Show တစ္ခုျဖစ္ၿပီး 1964 ခုနစ္ကေနစတင္တင္ဆက္ခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Episode 8000 ေက်ာ္အထိေရာက္ရွိေနပါၿပီ။ ဒီ Show က သမား႐ိုးက် Game Show ေတြလိုမဟုတ္ဘဲ ၿပိဳင္ပြဲဝင္ေတြကအေၾကာင္းအရာတစ္ခုကိုအေျဖပုံစံ ေျပာျပရတာျဖစ္ပါတယ္။ဒါကို ဒိုင္ေတြက ဘယ္သူ၊ ဘယ္ေနရာ၊ဘယ္အေၾကာင္းအရာဆိုတာကို ဆုံးျဖတ္ေျပာဆိုရတာျဖစ္ပါတယ္။ Answer and Question ပုံစံနဲ႔သြားတဲ့ၿပိဳင္ပြဲတစ္ခုပါ။ Jeopardy ဟာ အမ္မာစတုန္းအႀကိဳက္ဆုံး Game Show တစ္ခုျဖစ္ၿပီး အဲဒီမွာၿပိဳင္ပြဲဝင္ႏိုင္ဖို႔သူမကအၿမဲတမ္းအိပ္မက္မက္ခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။

ႏွစ္တိုင္းဇြန္လေရာက္ရင္ဝင္ခြင့္ေလွ်ာက္ၾကည့္ေပမယ့္ တစ္ခါမွမရခဲ့ဘူးလို႔ သူမကေျပာခဲ့တာပါ။“ကြၽန္မဘယ္သူလဲဆိုတာကိုေဖာ္ျပစရာမလိုဘဲ အီးေမးလ္နဲ႔ပဲ Quiz ေလးေတြေျဖရတာပါ။ မင္းပါခြင့္ရမရ ေနာက္ 9 လကေန 12 လအတြင္း အေၾကာင္းျပန္မယ္လို႔ေျပာေပမယ့္ ကြၽန္မတစ္ခါမွမရပါဘူး။ဒါေပမဲ့ Jeopardy ကိုကြၽန္မအၿမဲၾကည့္တယ္။ ကြၽန္မအေျဖဘယ္ႏွခုမွန္လဲဆိုတာကို ခ်ေရးထားတယ္”လို႔သူမက ဖြင့္ဟခဲ့တာျဖစ္ပါတယ္။အမ္မာစတုန္းဟာမၾကာေသးခင္ကပဲ Poor Things ႐ုပ္ရွင္နဲ႔ Golden Globe ကခ်ီးျမႇင့္တဲ့အေကာင္းဆုံးအ မ်ိဳးသမီးဇာတ္ေဆာင္ဆုကိုပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*