နှစ်ကုန်လှူဒါန်းမှုအဖြစ် ဝမ်သန်း ၁၅၀ အထိအလှူပေးတဲ့ဗိုလ်ကြီးတို့စုံတွဲ

Crash Landing On You ဇာတ်လမ်းတွဲရိုက်ကူးရင်း ဖူးစာဆုံခဲ့ကြတဲ့သရုပ်ဆောင်ဟွန်ဘင်နဲ့ဆိုရီဂျင်းတို့ဟာ နှစ်ကုန်အလှူဒါနပြုတဲ့အနေနဲ့ ဝမ်သန်း ၁၅၀ အထိလှူဒါန်းမှုတွေလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။သူတို့ဟာ မွေးစအရွယ်နဲ့ကလေးငယ်များအတွက် ဆေးဝါးလှူဒါန်းမှုတွေအပြင် Single Mother တွေအတွက်လည်း ထောက်ပံ့လှူဒါန်းခဲ့တယ်လို့သိရပါတယ်။မင်းသမီးဆိုရီဂျင်းက “ကျွန်မကဒီလှူဒါန်းမှုတွေကိုခရစ္စမတ်လက်ဆောင်ပေးတယ်လို့သဘောထားပါတယ်။ ဒီလက်ဆောင်နဲ့ကလေးတွေနှလုံးသားကိုနွေးထွေးမှုရစေချင်ပါတယ်။

သူတို့အတွက်စိန်ခေါ်မှုတွေဖြစ်နေချိန်မှာကူညီတဲ့လက်တစ်စုံ ဖြစ်ချင်ပါတယ်”လို့သူမက ပြောခဲ့ပါတယ်။သူတို့ဇနီးမောင်နှံဟာ ၂၀၂၀ ခုနစ်ကလည်း ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေကိုကိုရိုနာကာကွယ်ရေးလုပ်ဆောင်နိုင်ဖို့အတွက် ဝမ်သန်း ၁၀၀ အထိလှူဒါန်းခဲ့ဖူးသလို ၂၀၂၂ ခုနစ်မှာတောမီးကြောင့်အိုးအိမ်ဆုံးရှုံးရသူတွေအတွက်လည်း ဝမ်သန်း ၂၀၀ အထိလှူဒါန်းခဲ့ဖူးတာတွေ့ရပါတယ်။သရုပ်ဆောင်ဟွန်ဘင်နဲ့ဆိုရီဂျင်းတို့ဟာ ၂၀၂၂ ခုနစ်၊ မတ်လမှာ လက်ထပ်ထိမ်းမြားခဲ့ပြီးလက်ရှိမှာသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

Ju Ju

zawgyi

Crash Landing On You ဇာတ္လမ္းတြဲ႐ိုက္ကူးရင္း ဖူးစာဆုံခဲ့ၾကတဲ့သ႐ုပ္ေဆာင္ဟြန္ဘင္နဲ႔ဆိုရီဂ်င္းတို႔ဟာ ႏွစ္ကုန္အလႉဒါနျပဳတဲ့အေနနဲ႔ ဝမ္သန္း ၁၅၀ အထိလႉဒါန္းမႈေတြလုပ္ခဲ့ၾကတယ္လို႔ဆိုပါတယ္။သူတို႔ဟာ ေမြးစအ႐ြယ္နဲ႔ကေလးငယ္မ်ားအတြက္ ေဆးဝါးလႉဒါန္းမႈေတြအျပင္ Single Mother ေတြအတြက္လည္း ေထာက္ပံ့လႉဒါန္းခဲ့တယ္လို႔သိရပါတယ္။မင္းသမီးဆိုရီဂ်င္းက “ကြၽန္မကဒီလႉဒါန္းမႈေတြကိုခရစၥမတ္လက္ေဆာင္ေပးတယ္လို႔သေဘာထားပါတယ္။ ဒီလက္ေဆာင္နဲ႔ကေလးေတြႏွလုံးသားကိုေႏြးေထြးမႈရေစခ်င္ပါတယ္။

သူတို႔အတြက္စိန္ေခၚမႈေတြျဖစ္ေနခ်ိန္မွာကူညီတဲ့လက္တစ္စုံ ျဖစ္ခ်င္ပါတယ္”လို႔သူမက ေျပာခဲ့ပါတယ္။သူတို႔ဇနီးေမာင္ႏွံဟာ ၂၀၂၀ ခုနစ္ကလည္း ဆင္းရဲႏြမ္းပါးတဲ့မိသားစုေတြကိုကို႐ိုနာကာကြယ္ေရးလုပ္ေဆာင္ႏိုင္ဖို႔အတြက္ ဝမ္သန္း ၁၀၀ အထိလႉဒါန္းခဲ့ဖူးသလို ၂၀၂၂ ခုနစ္မွာေတာမီးေၾကာင့္အိုးအိမ္ဆုံးရႈံးရသူေတြအတြက္လည္း ဝမ္သန္း ၂၀၀ အထိလႉဒါန္းခဲ့ဖူးတာေတြ႕ရပါတယ္။သ႐ုပ္ေဆာင္ဟြန္ဘင္နဲ႔ဆိုရီဂ်င္းတို႔ဟာ ၂၀၂၂ ခုနစ္၊ မတ္လမွာ လက္ထပ္ထိမ္းျမားခဲ့ၿပီးလက္ရွိမွာသားေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*