Doona ဇာတ်လမ်းတွဲထဲက ဆံပင်ပုံစံကို Suzy ဘာကြောင့်ရွေးချယ်ခဲ့တာလဲ

Suzy ပါဝင်ထားတဲ့ Doona ဇာတ်လမ်းတွဲဟာလက်ရှိလူငယ်ပရိသတ်တွေကြားမှာရေပန်းစားနေပါတယ်။ Kpop Idol တစ်ယောက်နဲ့သာမန်ကောင်လေးတစ်ယောက်ရဲ့အချစ်အကြောင်းကို လှလှပပလေးရိုက်ကူးပြထားပြီးမမနဲ့မောင်လေး Relationship တွေကိုသ ဘောကျသူဆိုရင်တော့ ကြည့်သင့်တဲ့ကားလို့ဆိုရမှာပါ။ဒီဇာတ်လမ်းတွဲထဲက Suzy ရဲ့ရှေ့တိုနောက်ရှည်ဆံပင်ပုံစံကလည်း Doona ဇာတ်လမ်းတွဲကိုလူတွေပိုပြီးစိတ်ဝင်စားလာစေတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ဒူနာဇာတ်ကောင်နဲ့ပတ်သက်ပြီး Suzy က “Webtoon ထဲမှာတော့ ဒူနာ့ဆံပင်ကခုလိုပုံစံမဟုတ်ပါဘူး။ဆံမြိတ်ရှေ့အတိ၊ ဆံပင်လှိုင်းအကြီးနဲ့ပါ။

ဒီလိုဆံပင်စတိုင်လ်မျိုးကကျွန်မမကြာခဏထားဖူးတဲ့ပုံစံဖြစ်နေတော့ ဒါကိုပြောင်းလိုက်တာပါ။ ဒူနာရဲ့ဇာတ်ကောင်စရိုက်ကလည်းသာမန်ထက်ထူးခြားတဲ့ပုံစံမို့ ကျွန်မရဲ့ဆံပင်ကိုလည်းထူးထူးခြားခြားလေးလုပ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ရှေ့တိုနောက်ရှည်ဆံပင်ကဒူနာရဲ့ပုံရိပ်ကိုလည်းပိုကောင်းစေတာမို့ ခုလိုလုပ်ဖို့ဆုံးဖြတ်ခဲ့တာပါ” လို့သူမကပြောပြခဲ့တာဖြစ်ပါတယ်။ Netflix Series ဖြစ်တဲ့ Doona မှာ Bae Suzy နဲ့ Yang Se-jong တို့ပါဝင်ပြီး အပိုင်း 9 ပိုင်း ထုတ်လွှင့်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

Suzy ပါဝင္ထားတဲ့ Doona ဇာတ္လမ္းတြဲဟာလက္ရွိလူငယ္ပရိသတ္ေတြၾကားမွာေရပန္းစားေနပါတယ္။ Kpop Idol တစ္ေယာက္နဲ႔သာမန္ေကာင္ေလးတစ္ေယာက္ရဲ႕အခ်စ္အေၾကာင္းကို လွလွပပေလး႐ိုက္ကူးျပထားၿပီးမမနဲ႔ေမာင္ေလး Relationship ေတြကိုသ ေဘာက်သူဆိုရင္ေတာ့ ၾကည့္သင့္တဲ့ကားလို႔ဆိုရမွာပါ။ဒီဇာတ္လမ္းတြဲထဲက Suzy ရဲ႕ေရွ႕တိုေနာက္ရွည္ဆံပင္ပုံစံကလည္း Doona ဇာတ္လမ္းတြဲကိုလူေတြပိုၿပီးစိတ္ဝင္စားလာေစတဲ့ အခ်က္တစ္ခ်က္ပဲျဖစ္ပါတယ္။ဒူနာဇာတ္ေကာင္နဲ႔ပတ္သက္ၿပီး Suzy က “Webtoon ထဲမွာေတာ့ ဒူနာ့ဆံပင္ကခုလိုပုံစံမဟုတ္ပါဘူး။ဆံၿမိတ္ေရွ႕အတိ၊ ဆံပင္လႈိင္းအႀကီးနဲ႔ပါ။

ဒီလိုဆံပင္စတိုင္လ္မ်ိဳးကကြၽန္မမၾကာခဏထားဖူးတဲ့ပုံစံျဖစ္ေနေတာ့ ဒါကိုေျပာင္းလိုက္တာပါ။ ဒူနာရဲ႕ဇာတ္ေကာင္စ႐ိုက္ကလည္းသာမန္ထက္ထူးျခားတဲ့ပုံစံမို႔ ကြၽန္မရဲ႕ဆံပင္ကိုလည္းထူးထူးျခားျခားေလးလုပ္ရမယ္ဆိုတဲ့ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ ေရွ႕တိုေနာက္ရွည္ဆံပင္ကဒူနာရဲ႕ပုံရိပ္ကိုလည္းပိုေကာင္းေစတာမို႔ ခုလိုလုပ္ဖို႔ဆုံးျဖတ္ခဲ့တာပါ” လို႔သူမကေျပာျပခဲ့တာျဖစ္ပါတယ္။ Netflix Series ျဖစ္တဲ့ Doona မွာ Bae Suzy နဲ႔ Yang Se-jong တို႔ပါဝင္ၿပီး အပိုင္း 9 ပိုင္း ထုတ္လႊင့္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*