သူတပါးကိုကူညီတတ်တာကြောင့် နာမည်ကြီးတဲ့ ရာသီခွင် (၄)ခု

ဒီရာသီခွင်လေးတွေကတော့ တပါးသူကိုကူညီလို့ဆိုပြီး နာမည်ကြီးကြပါတယ်။သင့်သူငယ်ချင်းတွေ၊ မိတ်ဆွေတွေထဲမှာရော ကူညီတတ်တဲ့သူတယောက်ကို တွေ့ဖူးသလား။ကူညီတတ်တာကကိုယ်ကိုယ်တိုင်လည်း ဖြစ်နေနိုင်ပါတယ်။ ဒီရာသီခွင်တွေကသူတပါးကိုကူညီတတ်သူတွေလို့ဆိုပါတယ်။

Cancer
ကရကဋ်ရာသီခွင်တွေက စာနာမှုနဲ့ ကရုဏာအားကောင်းပါတယ်။ဒီရေနိမိတ်အောက်မွေးဖွားသူတွေက တခြားသူများရဲ့ စိတ်ခံစားမှုကို
နက်နက်ရှိုင်းရှိုင်းနားလည်ကြပြီး လိုအပ်တဲ့အချိန်များမှာ နှစ်သိမ့်မှုပေးလေ့ ရှိကြပါတယ်။သူတို့က သဘာဝကပို့လွှတ်လိုက်တဲ့ ပြုစုစောင့် ရှောက်သူများဖြစ်ပါတယ်။ မိသားစုတွေ၊သူငယ်ချင်းတွေအတွက် ယုံကြည်စိတ်ချရတဲ့ သူတွေဖြစ်ပါတယ်။

Virgo
Virgos တွေက စေ့စေ့စပ်စပ်နဲ့ အာရုံစိုက်လုပ်ဆောင်တာတွေကြောင့် လူသိများပါတယ်။ဒါ့အပြင် တပါးသူကို ကူညီတတ်ကြသူတွေဖြစ်ပါတယ်။ သူတို့တွေကတတ်နိုင်သမျှကူညီပေးလိုကြတဲ့ စစ်မှန်တဲ့ဆန္ဒရှိကြပါတယ်။လက်တွေ့ကျတဲ့အကြံဉာဏ်များပေးနိုင်ကြပြီး ရှုပ် ထွေးတဲ့အခြေအနေများကိုကူညီဖြေရှင်းပေးတတ်ကြပါတယ်။

Libra
Libras တွေက ဟန်ချက်ညီမှုနဲ့ သဟဇာတဖြစ်မှုတွေရဲ့နိမိတ်ဖြစ်ပါတယ်။ သူတို့ကစေတနာကောင်းကြပြီး တပါးသူကိုကူညီတတ်ကြပါတယ်။ သူတို့က အနားကလူတွေအတွက်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးကြပါတယ်။ ပဋိပက္ခတွေကိုဖျန်ဖြေရာမှာအထူးကျွမ်းကျင်ကြပါတယ်။

Pisces
Pisceans များကတပါးသူကို ကူညီကြသူတွေအဖြစ်လူသိများပါတယ်။ သူတို့ကစေတနာထားတတ်ကြပြီး တခြားသူတွေရဲ့ ရုန်းကန်မှုများကို စာနာနားလည်နိုင်စွမ်းရှိကြတဲ့မွေးရာပါစွမ်းရည်ရှိကြပါတယ်။ ဒုက္ခများကိုသက်သာစေဖို့ ချစ်ခြင်းမေတ္တာကို ဖြန့်ကျက်ဖို့ကြိုပမ်းတတ်ကြပါတယ်။ သူတို့ရဲ့စေတနာက အကန့်အသတ်မရှိပါဘူး။

MYit

zawgyi


Cancer

Virgo

Libra

Pisces

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*