Career Trauma ဆိုတာတကယ်ရှိသလား

Toxic Workplace ဆိုတာကို အခုနောက်ပိုင်းမှာလူတွေအပြောများလာကြပြီး Toxic Workplace မှာအလုပ်လုပ်ရတာက ဝန်ထမ်းတွေရဲ့ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတာကအမှန်ပဲဖြစ်ပါတယ်။လေ့လာသူတွေရဲ့အဆိုအရ Career Trauma ဆိုတာဟာ လုပ်ငန်းခွင်အတွင်းနှောင့်ယှက်ခံရမှုတွေ၊အနိုင်ကျင့်ခံရမှုတွေ၊ ရာထူးမတိုးဘဲကျန်ရစ်ခဲ့ရခြင်းတွေစတဲ့အခြေအနေတွေမှာအကြီးအ ကျယ်စိတ်ထိခိုက်ပြီး စိတ်ဒဏ်ရာအဖြစ်နဲ့ထင်ကျန်နေခြင်းကိုဆိုလိုပါတယ်။ ကိုယ့်ရဲ့အလုပ်ကကိုယ့်ရဲ့စားဝတ်နေရေးနဲ့ အခြေခံလိုအပ် ချက်တွေအတွက် လုံလောက်အောင်မပံ့ပိုးနိုင်တဲ့အခါမှာလည်း Career Trauma ဖြစ်ပေါ်လာနိုင်ပါတယ်။ Career Trauma ရဲ့လက္ခဏာတွေကိုလစ်လျူရှုပြီး ရှေ့ဆက်တိုးတဲ့အခါမျိုးတွေမှာ ဒီပြဿနာကပိုမိုဆိုးရွားလာတတ်ပါတယ်။ ဒီပြဿနာကို မကုသပဲပစ်ထားမိခဲ့ရင်အချိန်ကြာလာတာနဲ့အမျှပိုပိုဆိုးလာပြီး ဘာကိုမှလုပ်ကိုင်ချင်စိတ်၊ ကြိုးစားရယူချင်စိတ်မရှိဘဲဖြစ်သွားတတ်ပါတယ်။

Career Trauma ရဲ့ယေဘုယျလက္ခဏာရပ်တွေကဘာတွေလဲ
Career Trauma ထဲမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာထိခိုက်ခြင်းတွေပါဝင်နေပါတယ်။ အဲဒါတွေက…
ခန္ဓာကိုယ်ထုံကျင်သလိုခံစားရခြင်း၊ အိပ်‌စက်ရခက်ခဲခြင်း၊ အာရုံစူးစိုက်မှုမရနိုင်ခြင်း၊လုပ်ရိုးလုပ်စဉ်အကျင့်တွေပျက်ယွင်းလာခြင်း၊ အ လုပ်ပိုလုပ်ဖို့ အဆက်မပြတ်ဖိအားပေးမိနေခြင်း၊အစာမကြေခြင်း၊ စိုးရိမ်စိတ်များလာခြင်း၊ စိတ်ထိခိုက်လွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ သူငယ်ချင်းတွေ၊မိသားစုဝင်တွေနဲ့ဆက်ဆံရေးခက်ခဲလာြခင်း၊ ဒေါသကြီးလာခြင်း၊ ရန်လိုခြင်းစတဲ့လက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ်။ဒီလိုအနေအထားကို ရှောင်ရှားနိုင်ဖို့ကိုယ့်ကိုယ်ကိုယ်ဦးစားပေးပြီး ဂရုစိုက်ခြင်းကမဖြစ်မနေလုပ်ရမယ့်အရာဖြစ်ပါတယ်။ ဒါ့ကြောင့်ဒီအချက်လေးတွေကိုလုပ်ဆောင်သင့်ပါတယ်။

အလုပ်တာဝန်တွေကြားမှာ ကိုယ့်အတွက်လုံလောက်တဲ့နားချိန်ရှိဖို့လိုပါတယ်။သဘာဝတရားနဲ့များများထိတွေ့ပေးပါ။ ဘာအီလက်ထရောနစ်အသုံးအဆောင်မှမပါဘဲအေးအေးဆေးဆေးလမ်းလျှောက် အနားယူပါ။ နေ့လယ်စာကိုအလုပ်စားပွဲမှာလုံးဝမစားပါနဲ့။ကိုယ့်စိတ်ကိုပျော်ရွှင်စေမယ့် ကိုယ်ဝါသနာပါရာတစ်ခုခုအတွက်အချိန်ပေးပါ။အိပ်ချိန်အပြည့်အဝထားပြီးအိပ်ဖို့လည်းလိုပါတယ်နော်။Career Trauma ဖြစ်တဲ့သူတွေကိုလေ့လာကြည့်တဲ့အခါ အလုပ်လက်မဲ့ဖြစ်ခြင်း၊အလုပ်ထုတ်ခံရခြင်းကြောင့် 28% ၊လုပ်ငန်းခွင်အတွင်းအကြမ်း ဖက်ခံရမှုကြောင့် 25 %၊လုပ်ဖော်ကိုင်ဖက်သေဆုံးမှုကြောင့် 19%၊ သဘာဝဘေးအန္တရာယ်နဲ့ကျန်းမာရေးကပ်ဘေးကြောင့် 14% စသဖြင့်တွေ့ရှိရတယ်လို့ဆိုပါတယ်။

ကိုယ့်အလုပ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့အကြာကြီးလုပ်ကိုင်ပြီး ကိုယ့် Career ကိုအောင်မြင်အောင်တည်ဆောက်မယ် ဆိုရင်တော့ အနားယူတတ်ဖို့နဲ့အားပြန်ဖြည့်တတ်ဖို့မဖြစ်မနေလိုပါတယ်။ နောက်ရက်အလုပ်သွားရမှာကို ငိုချင်နေမိပြီ၊ဖျားချင်သလိုဖြစ်လာပြီဆိုရင်တော့ ဒီအနေအထားတွေမှာ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ပြီးနားလည်သူနဲ့တိုင်ပင်ဆွေးနွေးကြည့်တာကရေရှည်အတွက်ပိုအဆင်ပြေမှာဖြစ်ပါတယ်။ကိုယ့်အတွက်လုပ်ငန်းခွင်ကမပျော်ရွှင်ရတဲ့နေရာတစ်ခုလိုခံစားမိလာပြီဆိုရင် အလုပ်ပိတ်ရက်၊နားရက်တွေမှာ တတ်နိုင်သမျှ အ လုပ်မလုပ်ဘဲအပြည့်အဝနားပါ။ အိပ်စက်ချိန်မှာ ဖုန်းကိုပိတ်ထားပါ။အလုပ်လုပ်နေရင်း စိတ်ပျော်ရွှင်စေမယ့်အရာလေးတွေကို မိမိဘာ သာရှာဖွေထားပါ။ ဥပမာ -သာယာတဲ့တီးလုံးသံစဉ်လေးတွေ နားထောင်တာမျိုး၊ အကြိုက်ဆုံး Playlist ထားတာမျိုးလုပ်ပေးပါ။

အလုပ်ချိန်အတွင်း နားချိန်သေးသေးလေးတွေယူပြီး ဝင်လေထွက်လေမှတ်နိုင်အောင်လေ့ကျင့်ပေးပါ။ဒီလိုကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပေးမှသာ လုပ်ငန်းခွင်အတွင်းမှာပျော်ရွှင်တဲ့ စွမ်းဆောင်ရည်ကောင်းတဲ့သူဖြစ်လာနိုင်မှာပါ။ အရာရာကိုလွှတ်ချပစ်ပြီးဘာကိုမှလုပ်ကိုင်ချင်စိတ်မရှိတော့တဲ့အခြေအနေမျိုးထိရောက်အောင် ပစ်မထားဘဲကိုယ့်ကိုယ်ကိုယ်ချစ်ပေးပါ၊ ဦးစားပေးပါလို့ အကြံပြုချင်ပါတယ်။

Ju Ju

zawgyi

Toxic Workplace ဆိုတာကို အခုေနာက္ပိုင္းမွာလူေတြအေျပာမ်ားလာၾကၿပီး Toxic Workplace မွာအလုပ္လုပ္ရတာက ဝန္ထမ္းေတြရဲ႕ကိုယ္က်န္းမာေရးနဲ႔ စိတ္က်န္းမာေရးကို ထိခိုက္ေစတာကအမွန္ပဲျဖစ္ပါတယ္။ေလ့လာသူေတြရဲ႕အဆိုအရ Career Trauma ဆိုတာဟာ လုပ္ငန္းခြင္အတြင္းေႏွာင့္ယွက္ခံရမႈေတြ၊အႏိုင္က်င့္ခံရမႈေတြ၊ ရာထူးမတိုးဘဲက်န္ရစ္ခဲ့ရျခင္းေတြစတဲ့အေျခအေနေတြမွာအႀကီးအ က်ယ္စိတ္ထိခိုက္ၿပီး စိတ္ဒဏ္ရာအျဖစ္နဲ႔ထင္က်န္ေနျခင္းကိုဆိုလိုပါတယ္။ ကိုယ့္ရဲ႕အလုပ္ကကိုယ့္ရဲ႕စားဝတ္ေနေရးနဲ႔ အေျခခံလိုအပ္ ခ်က္ေတြအတြက္ လုံေလာက္ေအာင္မပံ့ပိုးႏိုင္တဲ့အခါမွာလည္း Career Trauma ျဖစ္ေပၚလာႏိုင္ပါတယ္။ Career Trauma ရဲ႕လကၡဏာေတြကိုလစ္လ်ဴရႈၿပီး ေရွ႕ဆက္တိုးတဲ့အခါမ်ိဳးေတြမွာ ဒီျပႆနာကပိုမိုဆိုး႐ြားလာတတ္ပါတယ္။ ဒီျပႆနာကို မကုသပဲပစ္ထားမိခဲ့ရင္အခ်ိန္ၾကာလာတာနဲ႔အမွ်ပိုပိုဆိုးလာၿပီး ဘာကိုမွလုပ္ကိုင္ခ်င္စိတ္၊ ႀကိဳးစားရယူခ်င္စိတ္မရွိဘဲျဖစ္သြားတတ္ပါတယ္။

Career Trauma ရဲ႕ေယဘုယ်လကၡဏာရပ္ေတြကဘာေတြလဲ
Career Trauma ထဲမွာ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာနဲ႔ စိတ္ခံစားမႈပိုင္းဆိုင္ရာထိခိုက္ျခင္းေတြပါဝင္ေနပါတယ္။ အဲဒါေတြက…
ခႏၶာကိုယ္ထုံက်င္သလိုခံစားရျခင္း၊ အိပ္‌စက္ရခက္ခဲျခင္း၊ အာ႐ုံစူးစိုက္မႈမရႏိုင္ျခင္း၊လုပ္႐ိုးလုပ္စဥ္အက်င့္ေတြပ်က္ယြင္းလာျခင္း၊ အ လုပ္ပိုလုပ္ဖို႔ အဆက္မျပတ္ဖိအားေပးမိေနျခင္း၊အစာမေၾကျခင္း၊ စိုးရိမ္စိတ္မ်ားလာျခင္း၊ စိတ္ထိခိုက္လြယ္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ သူငယ္ခ်င္းေတြ၊မိသားစုဝင္ေတြနဲ႔ဆက္ဆံေရးခက္ခဲလာျခင္း၊ ေဒါသႀကီးလာျခင္း၊ ရန္လိုျခင္းစတဲ့လကၡဏာေတြျဖစ္ေပၚလာတတ္ပါတယ္။ဒီလိုအေနအထားကို ေရွာင္ရွားႏိုင္ဖို႔ကိုယ့္ကိုယ္ကိုယ္ဦးစားေပးၿပီး ဂ႐ုစိုက္ျခင္းကမျဖစ္မေနလုပ္ရမယ့္အရာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ဒီအခ်က္ေလးေတြကိုလုပ္ေဆာင္သင့္ပါတယ္။

အလုပ္တာဝန္ေတြၾကားမွာ ကိုယ့္အတြက္လုံေလာက္တဲ့နားခ်ိန္ရွိဖို႔လိုပါတယ္။သဘာဝတရားနဲ႔မ်ားမ်ားထိေတြ႕ေပးပါ။ ဘာအီလက္ထေရာနစ္အသုံးအေဆာင္မွမပါဘဲေအးေအးေဆးေဆးလမ္းေလွ်ာက္ အနားယူပါ။ ေန႔လယ္စာကိုအလုပ္စားပြဲမွာလုံးဝမစားပါနဲ႔။ကိုယ့္စိတ္ကိုေပ်ာ္႐ႊင္ေစမယ့္ ကိုယ္ဝါသနာပါရာတစ္ခုခုအတြက္အခ်ိန္ေပးပါ။အိပ္ခ်ိန္အျပည့္အဝထားၿပီးအိပ္ဖို႔လည္းလိုပါတယ္ေနာ္။Career Trauma ျဖစ္တဲ့သူေတြကိုေလ့လာၾကည့္တဲ့အခါ အလုပ္လက္မဲ့ျဖစ္ျခင္း၊အလုပ္ထုတ္ခံရျခင္းေၾကာင့္ 28% ၊လုပ္ငန္းခြင္အတြင္းအၾကမ္း ဖက္ခံရမႈေၾကာင့္ 25 %၊လုပ္ေဖာ္ကိုင္ဖက္ေသဆုံးမႈေၾကာင့္ 19%၊ သဘာဝေဘးအႏၲရာယ္နဲ႔က်န္းမာေရးကပ္ေဘးေၾကာင့္ 14% စသျဖင့္ေတြ႕ရွိရတယ္လို႔ဆိုပါတယ္။

ကိုယ့္အလုပ္ကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔အၾကာႀကီးလုပ္ကိုင္ၿပီး ကိုယ့္ Career ကိုေအာင္ျမင္ေအာင္တည္ေဆာက္မယ္ ဆိုရင္ေတာ့ အနားယူတတ္ဖို႔နဲ႔အားျပန္ျဖည့္တတ္ဖို႔မျဖစ္မေနလိုပါတယ္။ ေနာက္ရက္အလုပ္သြားရမွာကို ငိုခ်င္ေနမိၿပီ၊ဖ်ားခ်င္သလိုျဖစ္လာၿပီဆိုရင္ေတာ့ ဒီအေနအထားေတြမွာ ကိုယ့္ကိုယ္ကိုယ္ျပန္သုံးသပ္ၿပီးနားလည္သူနဲ႔တိုင္ပင္ေဆြးေႏြးၾကည့္တာကေရရွည္အတြက္ပိုအဆင္ေျပမွာျဖစ္ပါတယ္။ကိုယ့္အတြက္လုပ္ငန္းခြင္ကမေပ်ာ္႐ႊင္ရတဲ့ေနရာတစ္ခုလိုခံစားမိလာၿပီဆိုရင္ အလုပ္ပိတ္ရက္၊နားရက္ေတြမွာ တတ္ႏိုင္သမွ် အ လုပ္မလုပ္ဘဲအျပည့္အဝနားပါ။ အိပ္စက္ခ်ိန္မွာ ဖုန္းကိုပိတ္ထားပါ။အလုပ္လုပ္ေနရင္း စိတ္ေပ်ာ္႐ႊင္ေစမယ့္အရာေလးေတြကို မိမိဘာ သာရွာေဖြထားပါ။ ဥပမာ -သာယာတဲ့တီးလုံးသံစဥ္ေလးေတြ နားေထာင္တာမ်ိဳး၊ အႀကိဳက္ဆုံး Playlist ထားတာမ်ိဳးလုပ္ေပးပါ။

အလုပ္ခ်ိန္အတြင္း နားခ်ိန္ေသးေသးေလးေတြယူၿပီး ဝင္ေလထြက္ေလမွတ္ႏိုင္ေအာင္ေလ့က်င့္ေပးပါ။ဒီလိုကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ေပးမွသာ လုပ္ငန္းခြင္အတြင္းမွာေပ်ာ္႐ႊင္တဲ့ စြမ္းေဆာင္ရည္ေကာင္းတဲ့သူျဖစ္လာႏိုင္မွာပါ။ အရာရာကိုလႊတ္ခ်ပစ္ၿပီးဘာကိုမွလုပ္ကိုင္ခ်င္စိတ္မရွိေတာ့တဲ့အေျခအေနမ်ိဳးထိေရာက္ေအာင္ ပစ္မထားဘဲကိုယ့္ကိုယ္ကိုယ္ခ်စ္ေပးပါ၊ ဦးစားေပးပါလို႔ အႀကံျပဳခ်င္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*