သူမကိုအတင်းအဖျင်းပြောသူတွေအကြောင်း သီချင်းထဲထည့်ဆိုထားတဲ့ Ariana Grande

Ariana Grande ဟာ သူမရဲ့နောက်ဆုံးထွက် Single ဖြစ်တဲ့ Yes,and? သီချင်းကို ဇန်နဝါရီ ၁၂ ရက်နေ့ကဖြန့်ချိခဲ့ပါတယ်။ဒီသီချင်းရဲ့ Behind the scenes တွေကို သူမရဲ့ TikTok မှာ ဇန်နဝါရီ ၁၅ ရက်နေ့က ထပ်မံမျှဝေလာခဲ့တာတွေ့ရပါတယ်။ဒီဗီဒီယိုထဲမှာ သူမက သီ ချင်း Recording လုပ်နေရင်း I love that life လို့ပြောခဲ့တာဖြစ်ပါတယ်။သူမရဲ့ ဒီသီချင်းဟာ သုံးနှစ်အကြာမှပထမဆုံးထွက်ရှိလာတဲ့ သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းထဲမှာ ‘ငါဘယ်သူနဲ့ဖြစ်နေလဲဆိုတာကို မင်းတို့ဘာကြောင့်သိပ်စိတ်ဝင်စား’ ဆိုတဲ့ စာသားပါဝင်ခဲ့တာပါ။

ဒါဟာ သူမနဲ့ Ethan Slater တို့ရဲ့အချစ်ရေးအပေါ်လူတွေက ဝေဖန်ပြစ်တင်ခဲ့ကြတာကိုရည်ရွယ်တာဖြစ်ပါတယ်။Ethan Slater မှာ ဇနီးရှိလျက်နဲ့ Ariana Grande ကလုယူပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လူတော်တော်များများက Ariana Grande ကိုမုန်းခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ Ethan ရဲ့ဇနီးကိုယ်တိုင်က သူမနဲ့အီသန်ပြတ်စဲပြီးမှသာ Ariana Grande နဲ့ ဇာတ်လမ်းစတာပါဆိုတဲ့ အဖြေစကားတွေကြောင့် အားလုံးက Ariana ကိုအပြစ်တင်ပြောဆိုမိတဲ့အပေါ် တောင်းပန်စာလေးတွေရေးသားလာကြတာတွေ့ရပါတယ်။

Ju Ju

zawgyi

Ariana Grande ဟာ သူမရဲ႕ေနာက္ဆုံးထြက္ Single ျဖစ္တဲ့ Yes,and? သီခ်င္းကို ဇန္နဝါရီ ၁၂ ရက္ေန႔ကျဖန႔္ခ်ိခဲ့ပါတယ္။ဒီသီခ်င္းရဲ႕ Behind the scenes ေတြကို သူမရဲ႕ TikTok မွာ ဇန္နဝါရီ ၁၅ ရက္ေန႔က ထပ္မံမွ်ေဝလာခဲ့တာေတြ႕ရပါတယ္။ဒီဗီဒီယိုထဲမွာ သူမက သီ ခ်င္း Recording လုပ္ေနရင္း I love that life လို႔ေျပာခဲ့တာျဖစ္ပါတယ္။သူမရဲ႕ ဒီသီခ်င္းဟာ သုံးႏွစ္အၾကာမွပထမဆုံးထြက္ရွိလာတဲ့ သီခ်င္းတစ္ပုဒ္ပါ။ ဒီသီခ်င္းထဲမွာ ‘ငါဘယ္သူနဲ႔ျဖစ္ေနလဲဆိုတာကို မင္းတို႔ဘာေၾကာင့္သိပ္စိတ္ဝင္စား’ ဆိုတဲ့ စာသားပါဝင္ခဲ့တာပါ။

ဒါဟာ သူမနဲ႔ Ethan Slater တို႔ရဲ႕အခ်စ္ေရးအေပၚလူေတြက ေဝဖန္ျပစ္တင္ခဲ့ၾကတာကိုရည္႐ြယ္တာျဖစ္ပါတယ္။Ethan Slater မွာ ဇနီးရွိလ်က္နဲ႔ Ariana Grande ကလုယူပါတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ လူေတာ္ေတာ္မ်ားမ်ားက Ariana Grande ကိုမုန္းခဲ့ၾကတာပါ။ ေနာက္ပိုင္းမွာေတာ့ Ethan ရဲ႕ဇနီးကိုယ္တိုင္က သူမနဲ႔အီသန္ျပတ္စဲၿပီးမွသာ Ariana Grande နဲ႔ ဇာတ္လမ္းစတာပါဆိုတဲ့ အေျဖစကားေတြေၾကာင့္ အားလုံးက Ariana ကိုအျပစ္တင္ေျပာဆိုမိတဲ့အေပၚ ေတာင္းပန္စာေလးေတြေရးသားလာၾကတာေတြ႕ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*