အော်စကာနှစ်ဆုရှင်မင်းသားကြီး Michael Caine ရုပ်ရှင်လောကမှအနားယူပြီ

The Dark Knight ၊ Inception၊ The Prestige၊ The Man Who Would Be King ၊ The Quiet American စတဲ့ဇာတ်ကားကောင်းမြောက်များစွာရိုက်ကူးခဲ့တဲ့ အော်စကာဆုရှင်မင်းသားကြီး Michael Caine အနေနဲ့ရုပ်ရှင်လောကကနေ အနားယူတော့မယ်လို့တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။အသက် ၉၀ နှစ်ရှိပြီဖြစ်တဲ့မင်းသားကြီးက BBC Radio 4 နဲ့အင်တာဗျူးမှာသူအနားယူတော့မယ့်အ ကြောင်းတရားဝင်ပြောခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့်လို အသက် ၉၀ အရွယ်အဘိုးကြီးက ဘယ်လိုမှခေါင်းဆောင်မင်းသားမဖြစ်နိုင်တော့ဘူးလေ။

ငယ်ငယ်ချောချောမင်းသား၊ မင်းသမီးလေးတွေကိုပဲတင်ရိုက်ချင်ကြတော့မှာပါ။ အဲလိုတွေးမိလို့ဒီလောကကနေအနားယူဖို့ဆုံးဖြတ်လိုက်တာပါ” လို့ပြောခဲ့တာဖြစ်ပါတယ်။ Michael Caine ရဲ့နောက်ထပ်ထွက်ရှိလာမယ့်ရုပ်ရှင်အနေနဲ့ The Great Escaper ကျန်ရှိနေသေးပြီး
ဒီဇာတ်ကားမှာ ဗြိတိန်မင်းသမီးကြီး Glenda Jackson လည်းတွဲဖက်ပါဝင်တာဖြစ်ပါတယ်။မင်းသမီးကြီး Glenda Jackson ဟာ ထိုဇာတ်ကားရိုက်ကူးပြီးစီးချိန်ဇွန်လမှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။မင်းသားကြီး Michael Caine ဟာ Hannah and Her Sisters ၊ The Cider House Rules စတဲ့ရုပ်ရှင်ကားတွေနဲ့ အော်စကာဆုတွေကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

The Dark Knight ၊ Inception၊ The Prestige၊ The Man Who Would Be King ၊ The Quiet American စတဲ့ဇာတ္ကားေကာင္းေျမာက္မ်ားစြာ႐ိုက္ကူးခဲ့တဲ့ ေအာ္စကာဆုရွင္မင္းသားႀကီး Michael Caine အေနနဲ႔႐ုပ္ရွင္ေလာကကေန အနားယူေတာ့မယ္လို႔တရားဝင္ေၾကညာလိုက္ၿပီျဖစ္ပါတယ္။အသက္ ၉၀ ႏွစ္ရွိၿပီျဖစ္တဲ့မင္းသားႀကီးက BBC Radio 4 နဲ႔အင္တာဗ်ဴးမွာသူအနားယူေတာ့မယ့္အ ေၾကာင္းတရားဝင္ေျပာခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ့္လို အသက္ ၉၀ အ႐ြယ္အဘိုးႀကီးက ဘယ္လိုမွေခါင္းေဆာင္မင္းသားမျဖစ္ႏိုင္ေတာ့ဘူးေလ။

ငယ္ငယ္ေခ်ာေခ်ာမင္းသား၊ မင္းသမီးေလးေတြကိုပဲတင္႐ိုက္ခ်င္ၾကေတာ့မွာပါ။ အဲလိုေတြးမိလို႔ဒီေလာကကေနအနားယူဖို႔ဆုံးျဖတ္လိုက္တာပါ” လို႔ေျပာခဲ့တာျဖစ္ပါတယ္။ Michael Caine ရဲ႕ေနာက္ထပ္ထြက္ရွိလာမယ့္႐ုပ္ရွင္အေနနဲ႔ The Great Escaper က်န္ရွိေနေသးၿပီး
ဒီဇာတ္ကားမွာ ၿဗိတိန္မင္းသမီးႀကီး Glenda Jackson လည္းတြဲဖက္ပါဝင္တာျဖစ္ပါတယ္။မင္းသမီးႀကီး Glenda Jackson ဟာ ထိုဇာတ္ကား႐ိုက္ကူးၿပီးစီးခ်ိန္ဇြန္လမွာကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။မင္းသားႀကီး Michael Caine ဟာ Hannah and Her Sisters ၊ The Cider House Rules စတဲ့႐ုပ္ရွင္ကားေတြနဲ႔ ေအာ္စကာဆုေတြကိုပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*