လုပ်ငန်းခွင်ထဲက တာဝန်ခံမှုနဲ့ တာဝန်ယူမှု

လုပ်ငန်းခွင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာ လိုအပ်တဲ့ တာဝန်ခံမှုနဲ့ တာဝန်ယူမှုတွေမှာအသင်းသားတိုင်းမှာကိုယ်ပိုင်တာဝန်နဲ့ သတ် မှတ်ရက်များရှိတယ်ဆိုပေမဲ့ ဘယ်သူကနောက်ဆုံးမှာ တာဝန်ခံမှာလဲ။ ဥပမာအနေနဲ့ ဈေးကွက်ရှာဖွေရေးအဖွဲ့ကဝက်ဆိုက်အသစ်တခုလုပ်ဆောင်နေချိန်မှာ အဲဒီမှာတာဝန်ရှိသူတွေက ဝက်ဆိုက်ရေးသားသူ၊ဒီဇိုင်းရေးဆွဲသူ၊ နောက်တဦးက နည်းပညာပိုင်းဆိုင်ရာ အထောက်အထည်ဖော်မှုအတွက်တာဝန်အသီးသီးရှိနိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ အချက်အလက်များကို တခြားဌာနတခုကိုပေးဖို့ ပျက်ကွက်တဲ့အခါ အဖွဲ့ရဲ့ လိုအပ်ချက်ဖြစ်သွားနိုင်ပါတယ်။ အဲဒါဆိုရင်ပရောဂျက်တခုလုံးဆုံးရှုံးမှုအန္တရာယ်ရှိနိုင်ပါတယ်။ ဒါမျိုးဆိုရင် ဘယ်သူက
နောက်ဆုံးမှာတာဝန်ခံမှာလဲ။ ဟုတ်ပါတယ်။ ခေါင်းဆောင်တွေက နောက်ဆုံးမှာ တာဝန်ယူ၊တာဝန်ခံရပါတယ်။

လုပ်ငန်းဆောင်တာများ ထိရောက်မှုရှိစေဖို့၊ အလုပ်များကို လုံလောက်စွာ ပြီးမြောက်ပြီးသတ်မှတ်ရက်ပြည့်မီကြောင်း သေချာစေဖို့ ခေါင်းဆောင်များက တက်ကြွတဲ့ ချဉ်းကပ်မှုနဲ့လုပ်ဆောင်ရပါတယ်။ အဖွဲ့အတွင်းက တဦးချင်းစီကလည်း သူတို့ရဲ့တာဝန်တွေကိုကျေပွန်အောင်ထမ်းဆောင်ဖို့လိုသလို ခေါင်းဆောင်လုပ်သူကလည်း အဖွဲ့တွေကိုပံ့ပိုးပေးရပါမယ်။ ခေါင်းဆောင်များက တခြားအဖွဲ့များနဲ့ ပိုမိုကောင်းမွန်တဲ့ဆက်သွယ်ရေးလိုင်းများ ဖွင့်လှစ်တာ၊ ပံ့ပိုးကူညီရေးဝန်ထမ်းများခန့်အပ်တာ ဒါမှမဟုတ်အလုပ်များကို ဦးစားပေးသတ်မှတ်ခြင်းတွေကို လုပ်ဆောင်ရပါမယ်။

တာဝန်ယူမှုဆိုတာဘာလဲ

တာဝန်ယူမှုဆိုတာက တဦးချင်းကို ပေးအပ်ထားတဲ့ တာဝန်များကို ထမ်းဆောင်ဖို့၊ပြီးမြောက်ဖို့အတွက် စွမ်းရည်ဖြစ်ပါတယ်။ တာဝန်ယူမှုမှာ ကိုယ့်ရဲ့အကြီးအကဲကကိုယ့်အပေါ်ယုံကြည်မှုကလည်း တချက်အပါအဝင်ဖြစ်ပါတယ်။

တာဝန်ခံမှုဆိုတာဘာလဲ

တာဝန်ခံမှုက တာဝန်ဝတ္တရားများကို အသိအမှတ်ပြုမှုနဲ့ လုပ်ဆောင်ချက်များ၊ဆုံးဖြတ်ချက်များနဲ့ အမှားများအတွက် ရလဒ်များအပေါ် လက်ခံမှုဖြစ်ပါတယ်။လုပ်ငန်းခွင်မှာ တာဝန်ခံမှုဆိုတာ အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်အားလုံး သူတို့ရဲ့လုပ်ဆောင်ချက်တွေအတွက် တာဝန်ယူမှုပါ။ ဒီအချက်က အလုပ်သင်ကနေအကြီးတန်းအမှုဆောင်များအထိ အဆင့်တိုင်းရှိ ဝန်ထမ်းများအတွက် ဖြစ်ပါတယ်။အဖွဲ့အစည်းအတွင်းရှိ ခေါင်းဆောင်များအတွက် တာဝန်ခံမှုက သူတို့ရဲ့ အဖွဲ့အစည်းရဲ့အောင်မြင်မှုမှာ ပါဝင်နိုင်ပါတယ်။ လုပ်ငန်းခွင်အတွင်း တာဝန်ယူမှု တာဝန်ခံမှုကအရေးကြီးပါတယ်။ ကုမ္ပဏီရဲ့ တန်ဖိုးများ၊ ရည်မှန်းချက်များနဲ့ မျှော်လင့်ချက်များကိုရှင်းရှင်းလင်းလင်းဖော်ပြပြီး ဝန်ထမ်းများအားလုံးကို တရားမျှတဲ့ စံနှုန်းများအတိုင်းလုပ်ဆောင်ထားတဲ့ စီမံခန့်ခွဲမှုတို့ ပါဝင်ပါတယ်။

MYit

zawgyi

လုပ္ငန္းခြင္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားမွာ လိုအပ္တဲ့ တာဝန္ခံမႈနဲ႔ တာဝန္ယူမႈေတြမွာအသင္းသားတိုင္းမွာကိုယ္ပိုင္တာဝန္နဲ႔ သတ္ မွတ္ရက္မ်ားရွိတယ္ဆိုေပမဲ့ ဘယ္သူကေနာက္ဆုံးမွာ တာဝန္ခံမွာလဲ။ ဥပမာအေနနဲ႔ ေဈးကြက္ရွာေဖြေရးအဖြဲ႕ကဝက္ဆိုက္အသစ္တခုလုပ္ေဆာင္ေနခ်ိန္မွာ အဲဒီမွာတာဝန္ရွိသူေတြက ဝက္ဆိုက္ေရးသားသူ၊ဒီဇိုင္းေရးဆြဲသူ၊ ေနာက္တဦးက နည္းပညာပိုင္းဆိုင္ရာ အေထာက္အထည္ေဖာ္မႈအတြက္တာဝန္အသီးသီးရွိႏိုင္ပါတယ္။ ဒါေပမဲ့ လိုအပ္တဲ့ အခ်က္အလက္မ်ားကို တျခားဌာနတခုကိုေပးဖို႔ ပ်က္ကြက္တဲ့အခါ အဖြဲ႕ရဲ႕ လိုအပ္ခ်က္ျဖစ္သြားႏိုင္ပါတယ္။ အဲဒါဆိုရင္ပေရာဂ်က္တခုလုံးဆုံးရႈံးမႈအႏၲရာယ္ရွိႏိုင္ပါတယ္။ ဒါမ်ိဳးဆိုရင္ ဘယ္သူက
ေနာက္ဆုံးမွာတာဝန္ခံမွာလဲ။ ဟုတ္ပါတယ္။ ေခါင္းေဆာင္ေတြက ေနာက္ဆုံးမွာ တာဝန္ယူ၊တာဝန္ခံရပါတယ္။

လုပ္ငန္းေဆာင္တာမ်ား ထိေရာက္မႈရွိေစဖို႔၊ အလုပ္မ်ားကို လုံေလာက္စြာ ၿပီးေျမာက္ၿပီးသတ္မွတ္ရက္ျပည့္မီေၾကာင္း ေသခ်ာေစဖို႔ ေခါင္းေဆာင္မ်ားက တက္ႂကြတဲ့ ခ်ဥ္းကပ္မႈနဲ႔လုပ္ေဆာင္ရပါတယ္။ အဖြဲ႕အတြင္းက တဦးခ်င္းစီကလည္း သူတို႔ရဲ႕တာဝန္ေတြကိုေက်ပြန္ေအာင္ထမ္းေဆာင္ဖို႔လိုသလို ေခါင္းေဆာင္လုပ္သူကလည္း အဖြဲ႕ေတြကိုပံ့ပိုးေပးရပါမယ္။ ေခါင္းေဆာင္မ်ားက တျခားအဖြဲ႕မ်ားနဲ႔ ပိုမိုေကာင္းမြန္တဲ့ဆက္သြယ္ေရးလိုင္းမ်ား ဖြင့္လွစ္တာ၊ ပံ့ပိုးကူညီေရးဝန္ထမ္းမ်ားခန႔္အပ္တာ ဒါမွမဟုတ္အလုပ္မ်ားကို ဦးစားေပးသတ္မွတ္ျခင္းေတြကို လုပ္ေဆာင္ရပါမယ္။

တာဝန္ယူမႈဆိုတာဘာလဲ

တာဝန္ယူမႈဆိုတာက တဦးခ်င္းကို ေပးအပ္ထားတဲ့ တာဝန္မ်ားကို ထမ္းေဆာင္ဖို႔၊ၿပီးေျမာက္ဖို႔အတြက္ စြမ္းရည္ျဖစ္ပါတယ္။ တာဝန္ယူမႈမွာ ကိုယ့္ရဲ႕အႀကီးအကဲကကိုယ့္အေပၚယုံၾကည္မႈကလည္း တခ်က္အပါအဝင္ျဖစ္ပါတယ္။

တာဝန္ခံမႈဆိုတာဘာလဲ

တာဝန္ခံမႈက တာဝန္ဝတၱရားမ်ားကို အသိအမွတ္ျပဳမႈနဲ႔ လုပ္ေဆာင္ခ်က္မ်ား၊ဆုံးျဖတ္ခ်က္မ်ားနဲ႔ အမွားမ်ားအတြက္ ရလဒ္မ်ားအေပၚ လက္ခံမႈျဖစ္ပါတယ္။လုပ္ငန္းခြင္မွာ တာဝန္ခံမႈဆိုတာ အဖြဲ႕အစည္းတစ္ခုရဲ႕ အဖြဲ႕ဝင္အားလုံး သူတို႔ရဲ႕လုပ္ေဆာင္ခ်က္ေတြအတြက္ တာဝန္ယူမႈပါ။ ဒီအခ်က္က အလုပ္သင္ကေနအႀကီးတန္းအမႈေဆာင္မ်ားအထိ အဆင့္တိုင္းရွိ ဝန္ထမ္းမ်ားအတြက္ ျဖစ္ပါတယ္။အဖြဲ႕အစည္းအတြင္းရွိ ေခါင္းေဆာင္မ်ားအတြက္ တာဝန္ခံမႈက သူတို႔ရဲ႕ အဖြဲ႕အစည္းရဲ႕ေအာင္ျမင္မႈမွာ ပါဝင္ႏိုင္ပါတယ္။ လုပ္ငန္းခြင္အတြင္း တာဝန္ယူမႈ တာဝန္ခံမႈကအေရးႀကီးပါတယ္။ ကုမၸဏီရဲ႕ တန္ဖိုးမ်ား၊ ရည္မွန္းခ်က္မ်ားနဲ႔ ေမွ်ာ္လင့္ခ်က္မ်ားကိုရွင္းရွင္းလင္းလင္းေဖာ္ျပၿပီး ဝန္ထမ္းမ်ားအားလုံးကို တရားမွ်တဲ့ စံႏႈန္းမ်ားအတိုင္းလုပ္ေဆာင္ထားတဲ့ စီမံခန႔္ခြဲမႈတို႔ ပါဝင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*