အကောင်းဆုံးချစ်သူတွေဖြစ်ကြတဲ့ ရာသီခွင် (၄) ခု
သင့်ကို ခြွင်းချက်မရှိ နားလည်ပြီး ချစ်တတ်တဲ့ ချစ်သူကို ရှာရတာ စိန်ခေါ်မှုတစ်ခုပဲမဟုတ်လား။ကံကောင်းစွာနဲ့ နက္ခတ်ဗေဒင်အရ ဒီရာ သီခွင် ၄ခုကတော့ သင့်ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။
Taurus: April 20-May 20
အားကိုးထိုက်တဲ့ အချစ်ရေးကိုလိုချင်တဲ့ရင်တော့ Taurus တွေကို ပိုင်ဆိုင်ဖို့ ကြိုးစားလိုက်ပါ။ဒီရာသီခွင်တွေက အချစ်တတ်ဆုံးချစ်သူတွေအဖြစ် သတ်မှတ်ခံရပါတယ်။ သူတို့ကယုံကြည်စိတ်ချရပြီး တည်ငြိမ်တဲ့သဘောသဘာဝကြောင့်ကောင်းမွန်တဲ့လက်တွဲဖော်တွေဖြစ်စေပါတယ်။ သူတို့တဦးချင်းစီမှာ အချစ်ကိုပြသတဲ့အမူအရာနဲ့ ချစ်သူအပေါ်စေတနာထားတာတွေကြောင့် လူသိများပါတယ်။ သူတို့က
သက်သောင့်သက်သာနဲ့ သစ္စာရှိမှုကို တန်ဖိုးထားကြပါတယ်။ ဒီရာသီခွင်လေးတွေကချစ်ပြရမှာမကြောက်ကြဘဲ လက်တွဲဖော်အတွက် မြတ်နိုးမှုနဲ့ လုံခြုံမှုရှိစေဖို့ဦးစားပေးလုပ်ဆောင်တတ်ကြပါတယ်။
Cancer: June 21-July 22
ပြုစုစောင့်ရှောက်ပေးသူအဖြစ် Cancer တွေက နာမည်ကြီးလှပါတယ်။ ဒါ့ကြောင့်ပဲကင်ဆာလေးတွေက အကောင်းဆုံးချစ်သူဖြစ်နေကြပါတယ်။ ကင်ဆာတွေကစာနာတတ်တဲ့စိတ်ထားကြောင့် နာမည်ကြီးပါတယ်။ ဒါကြောင့်ပဲ ချစ်သူရဲ့လိုအပ်ချက်တွေကိုအလိုလိုသိမြင်ခံစားနိုင်ပြီး နားလည်နိုင်ပါတယ်။ စကားလုံးတွေမပါဘဲ နားလည်နိုင်တာကြောင့်အကောင်းဆုံးချစ်သူတွေအဖြစ် ထင်ရှားပါတယ်။ ချစ်သူကိုအမြဲဦးစားပေးတတ်ကြပါတယ်။ဒီရာသီဖွားကို ချစ်မြတ်နိုးသူတွေက အချစ်နဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုအပြည့်အဝရရှိကြပါတယ်။
Leo: July 23-August 22
စိတ်အားထက်သန်စွာနဲ့ ကာကွယ်တတ်တဲ့သူအဖြစ် Leo တွေက နာမည်ကြီးပါတယ်။သူတို့ရဲ့ တက်ကြွတဲ့သဘာဝကြောင့်လူသိများပါတယ်။ ဒီရာသီလေးတွေကခိုင်မြဲတဲ့သစ္စာစောင့်သိသူများအဖြစ် လူသိများပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာစိတ်အားထက်သန်မှုနဲ့အတူ ပြိုင်ဆိုင်မှုမရှိတာကြောင့် အကောင်းဆုံးချစ်သူတွေအဖြစ်နာမည်ကြီးပါတယ်။ သူတို့က သူတို့ရဲ့ချစ်ခြင်းမေတ္တာကိုပြသဖို့ မရှက်တတ်ကြပါဘူး။လက်တွဲဖော်ကိုပျော်ရွှင်စေဖို့ အမြဲတမ်းကြိုးစားပေးတတ်ကြပါတယ်။ နောက်ပြီးချစ်သူအတွက်ဆိုရင် ကာကွယ်ပေးဖို့အသင့်ရှိနေကြပါတယ်။
Libra: September 23-October 22
လိုက်ဖက်ညီတဲ့ ဆွဲဆောင်မှုနဲ့ နာမည်ကျော်တာကတော့ Libra တွေဖြစ်ပါတယ်။ပေါင်းသင်းဆက်ဆံရေးမှ သဟဇာတဖြစ်မှုကိုရှာဖွေတဲ့ ရာသီခွင်တွေဖြစ်တာကြောင့်အကောင်းဆုံးချစ်သူတွေဖြစ်လာကြပါတယ်။ လက်တွဲဖော်အပေါ်မှာ အရမ်းတန်ဖိုးထားကြပြီးငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးကြပါတယ်။ ချစ်သူအပေါ်ဂရုတစိုက်နဲ့ စာနာတတ်ပြီးပျော်ရွှင်စေဖို့ အမြဲတွေးနေတတ်ပါတယ်။
MYit
zawgyi
Taurus: April 20-May 20
Cancer: June 21-July 22
Leo: July 23-August 22
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*