ပရိသတ်တွေအတွက်အထူးလက်ဆောင်ပေးမယ့် Black Pink မှ Jennie

Jennie ရဲ့ Black Pink World Tour မှာဖျော်ဖြေခဲ့တဲ့သီချင်းတစ်ပုဒ်ဟာ ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေရဲ့အားပေးမှုနဲ့လက်ရှိမှာတရား ဝင်ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ You & Me လို့နာမည်ပေးထားတဲ့သူမရဲ့သီချင်းပိုစတာကို YG Entertainment ရဲ့တရားဝင် SNS မှာအောက်တိုဘာလ(၄) ရက်နေ့ကတင်ထားခဲ့တာဖြစ်ပါတယ်။အိပ်မက်ဆန်ဆန်ပုံဖော်ထားတဲ့ပိုစတာထဲမှာ သူမဟာ Strong ဖြစ်တဲ့အနီရောင်ဝတ်စုံ၊ ဆံပင်ကို Pigtail ပုံစည်းနှောင်ထားပြီးခပ်မိုက်မိုက်လေးလှပနေတာတွေ့ရပါတယ်။

ကြယ်တာရာနဲ့လမင်းပုံနောက်ခံဟာလည်း သူမတို့အဖွဲ့ရဲ့ World Tour ကိုအမှတ်တရရှိစေပါတယ်။သူမရဲ့ You & Me သီချင်းကို အောက်တိုဘာလ ၆ ရက်နေ့မှာ Music Site အစုံကနေနားဆင်နိုင်မှာဖြစ်ပါတယ်။“ဒီသီချင်းက Black Pink World Tour မှာအားပေးခဲ့ကြတဲ့ Fan တွေအတွက်ရည်ရွယ်ပါတယ်။ဒီသီချင်းကိုနားထောင်ရင်း Black Pink World Tour ကိုပြန်လည်အမှတ်ရစေဖို့ရည်ရွယ်ပါတယ်”လို့ YG Entertainment ကပြောပြထားပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*