လုပ်ငန်းခွင် “ပဋိပက္ခ”ဆိုတဲ့ စကားလုံးက လုပ်ငန်းခွင်မှာ အပျက်သဘောဆောင်တဲ့အဓိပ္ပာယ်များစွာရှိပါတယ်။ အဖွဲ့ဝင်အချင်းချင်း အ ပြင်းအထန်ငြင်းခုံမှုများဖြစ်တာ၊ကိုယ်ရည်ကိုယ်သွေးဆိုင်ရာထိပ်တိုက်တွေ့မှုများ၊ သဘောထားကွဲလွဲမှုများ၊လူမှုရေးနောက်ခံအပေါ် သ ဘောထားကွဲလွဲမှုများဖြစ်ပေါ်စေနိုင်ပါတယ်။ဒါပေမဲ့ မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ သဘောထားကွဲလွဲတာက အမြဲတမ်းအဆိုးမြင်စရာတော့မဟုတ်ပါဘူး။ တကယ်တော့ လုပ်ငန်းခွင် ပဋိပက္ခ က အဖွဲ့အစည်းတခုအတွက်အပြုသဘောဆောင်တဲ့ အပြောင်းအလဲကို ဖန်တီးပေးနိုင်ပါတယ်။
ပဋိပက္ခအမျိုးအစားနှစ်မျိုး
အရေးကြီးတာက အကျိုးဖြစ်ထွန်းစေတဲ့ “ပဋိပက္ခ” နဲ့ အဖျက်သဘောဆောင်တဲ့ “ပဋိပက္ခ”ကိုခွဲခြားသတ်မှတ်ပြီး ဒီအချက်ကို အကောင်းဆုံးအသုံးချဖို့ သင်ယူတာပဲဖြစ်ပါတယ်။ပထမဆုံးတော့ “ပဋိပက္ခ” အမျိုးအစားကိုခွဲခြားသတ်မှတ်ဖို့ပါပဲ။ ဒီနေရာမှာ “ပဋိပက္ခ”နှစ်မျိုးရှိပါတယ်။ အပြုသဘောဆောင်တဲ့ ပဋိပက္ခ ရှိသလို၊ ဆန့်ကျင်ဘက်အနေနဲ့အဖျက်သဘောဆောင်တဲ့ ပဋိပက္ခ ဆိုပြီး နှစ်မျိုးရှိပါတယ်။အ ဖျက်သဘောဆောင်တဲ့ ပဋိပက္ခဆိုတာက ငြင်းခုံမှုများကို ဖြေရှင်းမှုအစား ဆန့်ကျင်ဘက်ဝါဒဦးဆောင်နေချိန်ဖြစ်ပါတယ်။ ဒီထိပ်တိုက်ရင်ဆိုင်မှုအမျိုးအစားက အကျိုးမဖြစ်ထွန်းဘဲအသင်းတသင်းရဲ့ တိုးတက်မှုကို အဟန့်အတားဖြစ်စေပါတယ်။ပဋိပက္ခ နှစ်မျိုးလုံးမှာ သ ဘောထား ကွဲလွဲမှုများအပေါ် ငြင်းခုံမှုများ ပါဝင်ပါတယ်။ ဒါပေမဲ့အဓိကကွာခြားချက်ကတော့ ရလဒ်ပဲဖြစ်ပါတယ်။
အကျိုးဖြစ်ထွန်းတဲ့ ပဋိပက္ခ
အကျိုးဖြစ်ထွန်းတဲ့ ပဋိပက္ခက အဖြေတစ်ခုရှာဖွေဖို့ အာရုံစိုက်ပါတယ်။ ဒီအချက်ကအဖွဲ့၀င်အားလုံးက ဒါကို လုံးဝသဘောမတူပါက ကတိကဝတ်ပြုနိုင်တဲ့ အပြုသဘောဆောင်တဲ့ရလဒ်ကိုဖြစ်ပေါ်စေပါတယ်။
အဖျက်သဘောဆောင်တဲ့ ပဋိပက္ခ
အဖျက်သဘောဆောင်တဲ့ ပဋိပက္ခကြောင့် သဘောတူညီချက်တစ်ခု မရရှိနိုင်သလိုဘယ်သူတစ်ဦးတစ်ယောက်ကမှ အကျိုးခံစားခွင့်မရှိပါဘူး။ ဒီပဋိပက္ခမျိုးကအဖွဲ့အစည်းတစ်ခုရဲ့ ကုန်ထုတ်စွမ်းအားကို ထိခိုက်စေပါတယ်။ ဆက်ဆံရေးကို အားနည်းစေပြီးကြောက်ရွံ့မှုနဲ့ မယုံ ကြည်မှုကို ဖြစ်စေနိုင်ပါတယ်။
ပဋိပက္ခအမျိုးအစားကိုအဖြေရှာပါ
ပဋိပက္ခအမျိုးအစားကို အမြန်ဆုံးဖော်ထုတ်ဖို့ အရေးကြီးပါတယ်။ ဒီနည်းလမ်းနဲ့အဖျက်သဘောဆောင်တဲ့ ပဋိပက္ခများကိုအကျိုးဖြစ် ထွန်းစေတဲ့ ပဋိပက္ခအဖြစ်ကိုပြောင်းလဲနိုင်ပါတယ်။ဒီမေးခွန်းတွေကို သင့်ကိုယ်သင်ပြန်မေးပြီး “ပဋိပက္ခ” အမျိုးအစားကိုခွဲခြားသတ်မှတ်လို့ရပါတယ်။
– ထိပ်တိုက်ရင်ဆိုင်မှု သဘောထားက ဘယ်လိုလဲ။ ရန်ငြိုးဖွဲ့မှုနဲ့ စိတ်ပျက်စရာများ ရှိပါသလား။
– အသင်းသားတိုင်း စကားပြောခွင့်ရပါသလား။
– တစ်စုံတစ်ယောက်က စိတ်ခံစားမှုလွန်ကဲပြီး ပင်ပန်းနွမ်းနယ်နေပါသလား။
– ပဋိပက္ခတွေ အဖြေရှာဖို့ ဖြစ်လာပြီလား။ ဒါမှမဟုတ် ဒေါသနဲ့ ကြောက်ရွံ့မှုတွေကြောင့်ဖြစ်ပေါ်လာခဲ့တာလား။
ဒီနည်းလမ်းနဲ့ မေးခွန်းတွေထုတ်ပြီးရင်တော့ ပဋိပက္ခတွေ ပျက်သုဉ်းလာပြီဆိုရင် လူတိုင်းကိုစိတ်အေးအေးထားခိုင်းပါ။ အဆင်မပြေတဲ့ စိတ်ခံစားမှုများ မြင့်တက်လာနိုင်တာကြောင့်အနားယူဖို့ လိုအပ်ပါတယ်။ ပဋိပက္ခမှာ မပါဝင်တဲ့ ကြားခံပုဂ္ဂိုလ်တစ်ဦးက ဖျန်ဖြေသူအဖြစ်
ဆောင်ရွက်ပေးနိုင်ပါတယ်။
MYit
zawgyi
လုပ္ငန္းခြင္ “ပဋိပကၡ”ဆိုတဲ့ စကားလုံးက လုပ္ငန္းခြင္မွာ အပ်က္သေဘာေဆာင္တဲ့အဓိပၸာယ္မ်ားစြာရွိပါတယ္။ အဖြဲ႕ဝင္အခ်င္းခ်င္း အ ျပင္းအထန္ျငင္းခုံမႈမ်ားျဖစ္တာ၊ကိုယ္ရည္ကိုယ္ေသြးဆိုင္ရာထိပ္တိုက္ေတြ႕မႈမ်ား၊ သေဘာထားကြဲလြဲမႈမ်ား၊လူမႈေရးေနာက္ခံအေပၚ သ ေဘာထားကြဲလြဲမႈမ်ားျဖစ္ေပၚေစႏိုင္ပါတယ္။ဒါေပမဲ့ မင္းရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ သေဘာထားကြဲလြဲတာက အၿမဲတမ္းအဆိုးျမင္စရာေတာ့မဟုတ္ပါဘူး။ တကယ္ေတာ့ လုပ္ငန္းခြင္ ပဋိပကၡ က အဖြဲ႕အစည္းတခုအတြက္အျပဳသေဘာေဆာင္တဲ့ အေျပာင္းအလဲကို ဖန္တီးေပးႏိုင္ပါတယ္။
ပဋိပကၡအမ်ိဳးအစားႏွစ္မ်ိဳး
အေရးႀကီးတာက အက်ိဳးျဖစ္ထြန္းေစတဲ့ “ပဋိပကၡ” နဲ႔ အဖ်က္သေဘာေဆာင္တဲ့ “ပဋိပကၡ”ကိုခြဲျခားသတ္မွတ္ၿပီး ဒီအခ်က္ကို အေကာင္းဆုံးအသုံးခ်ဖို႔ သင္ယူတာပဲျဖစ္ပါတယ္။ပထမဆုံးေတာ့ “ပဋိပကၡ” အမ်ိဳးအစားကိုခြဲျခားသတ္မွတ္ဖို႔ပါပဲ။ ဒီေနရာမွာ “ပဋိပကၡ”ႏွစ္မ်ိဳးရွိပါတယ္။ အျပဳသေဘာေဆာင္တဲ့ ပဋိပကၡ ရွိသလို၊ ဆန႔္က်င္ဘက္အေနနဲ႔အဖ်က္သေဘာေဆာင္တဲ့ ပဋိပကၡ ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။အ ဖ်က္သေဘာေဆာင္တဲ့ ပဋိပကၡဆိုတာက ျငင္းခုံမႈမ်ားကို ေျဖရွင္းမႈအစား ဆန႔္က်င္ဘက္ဝါဒဦးေဆာင္ေနခ်ိန္ျဖစ္ပါတယ္။ ဒီထိပ္တိုက္ရင္ဆိုင္မႈအမ်ိဳးအစားက အက်ိဳးမျဖစ္ထြန္းဘဲအသင္းတသင္းရဲ႕ တိုးတက္မႈကို အဟန႔္အတားျဖစ္ေစပါတယ္။ပဋိပကၡ ႏွစ္မ်ိဳးလုံးမွာ သ ေဘာထား ကြဲလြဲမႈမ်ားအေပၚ ျငင္းခုံမႈမ်ား ပါဝင္ပါတယ္။ ဒါေပမဲ့အဓိကကြာျခားခ်က္ကေတာ့ ရလဒ္ပဲျဖစ္ပါတယ္။
အက်ိဳးျဖစ္ထြန္းတဲ့ ပဋိပကၡ
အက်ိဳးျဖစ္ထြန္းတဲ့ ပဋိပကၡက အေျဖတစ္ခုရွာေဖြဖို႔ အာ႐ုံစိုက္ပါတယ္။ ဒီအခ်က္ကအဖြဲ႕၀င္အားလုံးက ဒါကို လုံးဝသေဘာမတူပါက ကတိကဝတ္ျပဳႏိုင္တဲ့ အျပဳသေဘာေဆာင္တဲ့ရလဒ္ကိုျဖစ္ေပၚေစပါတယ္။
အဖ်က္သေဘာေဆာင္တဲ့ ပဋိပကၡ
အဖ်က္သေဘာေဆာင္တဲ့ ပဋိပကၡေၾကာင့္ သေဘာတူညီခ်က္တစ္ခု မရရွိႏိုင္သလိုဘယ္သူတစ္ဦးတစ္ေယာက္ကမွ အက်ိဳးခံစားခြင့္မရွိပါဘူး။ ဒီပဋိပကၡမ်ိဳးကအဖြဲ႕အစည္းတစ္ခုရဲ႕ ကုန္ထုတ္စြမ္းအားကို ထိခိုက္ေစပါတယ္။ ဆက္ဆံေရးကို အားနည္းေစၿပီးေၾကာက္႐ြံ႕မႈနဲ႔ မယုံ ၾကည္မႈကို ျဖစ္ေစႏိုင္ပါတယ္။
ပဋိပကၡအမ်ိဳးအစားကိုအေျဖရွာပါ
ပဋိပကၡအမ်ိဳးအစားကို အျမန္ဆုံးေဖာ္ထုတ္ဖို႔ အေရးႀကီးပါတယ္။ ဒီနည္းလမ္းနဲ႔အဖ်က္သေဘာေဆာင္တဲ့ ပဋိပကၡမ်ားကိုအက်ိဳးျဖစ္ ထြန္းေစတဲ့ ပဋိပကၡအျဖစ္ကိုေျပာင္းလဲႏိုင္ပါတယ္။ဒီေမးခြန္းေတြကို သင့္ကိုယ္သင္ျပန္ေမးၿပီး “ပဋိပကၡ” အမ်ိဳးအစားကိုခြဲျခားသတ္မွတ္လို႔ရပါတယ္။
– ထိပ္တိုက္ရင္ဆိုင္မႈ သေဘာထားက ဘယ္လိုလဲ။ ရန္ၿငိဳးဖြဲ႕မႈနဲ႔ စိတ္ပ်က္စရာမ်ား ရွိပါသလား။
– အသင္းသားတိုင္း စကားေျပာခြင့္ရပါသလား။
– တစ္စုံတစ္ေယာက္က စိတ္ခံစားမႈလြန္ကဲၿပီး ပင္ပန္းႏြမ္းနယ္ေနပါသလား။
– ပဋိပကၡေတြ အေျဖရွာဖို႔ ျဖစ္လာၿပီလား။ ဒါမွမဟုတ္ ေဒါသနဲ႔ ေၾကာက္႐ြံ႕မႈေတြေၾကာင့္ျဖစ္ေပၚလာခဲ့တာလား။
ဒီနည္းလမ္းနဲ႔ ေမးခြန္းေတြထုတ္ၿပီးရင္ေတာ့ ပဋိပကၡေတြ ပ်က္သုဥ္းလာၿပီဆိုရင္ လူတိုင္းကိုစိတ္ေအးေအးထားခိုင္းပါ။ အဆင္မေျပတဲ့ စိတ္ခံစားမႈမ်ား ျမင့္တက္လာႏိုင္တာေၾကာင့္အနားယူဖို႔ လိုအပ္ပါတယ္။ ပဋိပကၡမွာ မပါဝင္တဲ့ ၾကားခံပုဂၢိဳလ္တစ္ဦးက ဖ်န္ေျဖသူအျဖစ္
ေဆာင္႐ြက္ေပးႏိုင္ပါတယ္။
MYit
Leave a Reply