Marry My Husband ရဲ့အောင်မြင်မှုကြောင့် ဗီယက်နမ်ကိုအလည်ထွက်မယ့် Park Min Young

Marry My Husband ဇာတ်လမ်းတွဲရဲ့အောင်မြင်မှုူကြောင့် မင်းသမီး Park Min Young အပါအဝင်ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးဟာဗီယက်နမ်ကိုအပန်းဖြေခရီးထွက်ခွင့်ရမယ်လို့သိရပါတယ်။ tVN ရဲ့ဇာတ်လမ်းတွဲဖြစ်တဲ့ Marry My Husband ရဲ့ Cast နဲ့ Crew တွေကို ဆုချတဲ့အနေနဲ့ ဒီခရီးစဉ်ကို စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုအပန်းဖြေခရီးသွားတဲ့နေရာမှာ မင်းသမီး Park Min Young လည်းလိုက်ပါမှာဖြစ်ပြီး 3 ညအိပ် 5 ရက်ခရီးဖြစ်တယ်လို့သိရပါတယ်။ ဒီခရီးစဉ်ဟာတစ်ဖွဲ့လုံးရဲ့ကြိုးစားအားထုတ်မှုကိုဂုဏ်ပြုခြင်းဖြစ်ပြီးအ ထူးသဖြင့် မင်းသမီး Park Min Young ရဲ့ကြိုးစားမှုကိုအားလုံးကအသိအမှတ်ပြုကြရတယ်လို့ဖော်ပြထားပါတယ်။

Marry My Husband အဖွဲ့ဟာ သူတို့ရဲ့နောက်ဆုံး Episode ကိုရိုက်ကူးပြီးစီးသွားပြီဖြစ်ပြီးဆိုးလ်မှာပြီးခဲ့တဲ့လက အောင်မြင်မှုပါတီပြု လုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ 11.8 % အထိအမြင့်ဆုံးကြည့်ရှုနှုန်းကို ရရှိခဲ့တာဖြစ်ပါတယ်။ Marry My Husband ဇာတ် လမ်းတွဲဟာနိုင်ငံတကာကပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုအပြည့်အဝရရှိခဲ့ပြီး Prime Video Worldwide TV Show Category ရဲ့ကနဦးရက်သတ္တပတ်တွေမှာ အဆင့် 6 နေရာမှာရှိနေခဲ့ပြီး သုံးပတ်ဆက်တိုက် အဆင့် 2 နေရာကိုရရှိခဲ့တယ်လို့သိရပါတယ်။ဒီဇာတ်လမ်းတွဲကြောင့် Park Min Young ဟာလည်း ပေါ်ပြူလာဖြစ်နေတဲ့သရုပ်ဆောင်စာရင်းမှာနံပါတ်တစ်နေရာချိတ်နေတယ်လို့ဖော်ပြထားပါတယ်။

Ju Ju

zawgyi

Marry My Husband ဇာတ္လမ္းတြဲရဲ႕ေအာင္ျမင္မႈူေၾကာင့္ မင္းသမီး Park Min Young အပါအဝင္႐ိုက္ကူးေရးအဖြဲ႕သားေတြအားလုံးဟာဗီယက္နမ္ကိုအပန္းေျဖခရီးထြက္ခြင့္ရမယ္လို႔သိရပါတယ္။ tVN ရဲ႕ဇာတ္လမ္းတြဲျဖစ္တဲ့ Marry My Husband ရဲ႕ Cast နဲ႔ Crew ေတြကို ဆုခ်တဲ့အေနနဲ႔ ဒီခရီးစဥ္ကို စီစဥ္ခဲ့ၾကတာျဖစ္ပါတယ္။ဒီလိုအပန္းေျဖခရီးသြားတဲ့ေနရာမွာ မင္းသမီး Park Min Young လည္းလိုက္ပါမွာျဖစ္ၿပီး 3 ညအိပ္ 5 ရက္ခရီးျဖစ္တယ္လို႔သိရပါတယ္။ ဒီခရီးစဥ္ဟာတစ္ဖြဲ႕လုံးရဲ႕ႀကိဳးစားအားထုတ္မႈကိုဂုဏ္ျပဳျခင္းျဖစ္ၿပီးအ ထူးသျဖင့္ မင္းသမီး Park Min Young ရဲ႕ႀကိဳးစားမႈကိုအားလုံးကအသိအမွတ္ျပဳၾကရတယ္လို႔ေဖာ္ျပထားပါတယ္။

Marry My Husband အဖြဲ႕ဟာ သူတို႔ရဲ႕ေနာက္ဆုံး Episode ကို႐ိုက္ကူးၿပီးစီးသြားၿပီျဖစ္ၿပီးဆိုးလ္မွာၿပီးခဲ့တဲ့လက ေအာင္ျမင္မႈပါတီျပဳ လုပ္ခဲ့ၿပီးျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ 11.8 % အထိအျမင့္ဆုံးၾကည့္ရႈႏႈန္းကို ရရွိခဲ့တာျဖစ္ပါတယ္။ Marry My Husband ဇာတ္ လမ္းတြဲဟာႏိုင္ငံတကာကပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈကိုအျပည့္အဝရရွိခဲ့ၿပီး Prime Video Worldwide TV Show Category ရဲ႕ကနဦးရက္သတၱပတ္ေတြမွာ အဆင့္ 6 ေနရာမွာရွိေနခဲ့ၿပီး သုံးပတ္ဆက္တိုက္ အဆင့္ 2 ေနရာကိုရရွိခဲ့တယ္လို႔သိရပါတယ္။ဒီဇာတ္လမ္းတြဲေၾကာင့္ Park Min Young ဟာလည္း ေပၚျပဴလာျဖစ္ေနတဲ့သ႐ုပ္ေဆာင္စာရင္းမွာနံပါတ္တစ္ေနရာခ်ိတ္ေနတယ္လို႔ေဖာ္ျပထားပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*