Team Empowerment မှာထည့်သွင်းစဉ်းစားရမယ့်အချက် (၅) ချက်

Team Empowerment ဆိုတာက ဝန်ထမ်းအဖွဲ့မှာ ဆုံးဖြတ်ချက်များချဖို့ လုပ်ပိုင်ခွင့်နဲ့အခွင့်အာဏာရှိတဲ့အခါ လုပ်ငန်းခွင်မှာ Team Empowerment ဖြစ်ပေါ်လာတာပါပဲ။ ဒီလိုအလုပ်ထဲမှာ Team Empowerment ဖြစ်ဖို့ဆိုရင် ထည့်သွင်းစဉ်းစားရမယ့်အချက်ငါးချက်ကိုလည်း မေ့ထားလို့မရပါဘူး။

ယုံကြည်မှု

ယုံကြည်မှုက ခေါင်းဆောင်မှုနဲ့ စွမ်းဆောင်နိုင်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။အကြီးတန်းစီမံခန့်ခွဲမှုက သင့်ကို ခေါင်းဆောင်မှုရာထူးတစ်ခုအဖြစ် ခန့်အပ်ထားပါတယ်။ဘာကြောင့်လဲဆိုရင် သူတို့က မင်းကိုအလုပ်အတွက် အကောင်းဆုံးလူလို့ ယုံကြည်လို့ပါ။သင်က ဝန် ထမ်းများကို အဖွဲ့မှာခန့်အပ်ထားပြီး သူတို့ရဲ့စွမ်းဆောင်ရည်ကို ယုံကြည်တာကြောင့်သူတို့လုပ်ဆောင်ဖို့ လိုအပ်တဲ့အရာများကို လုပ် ဆောင်နိုင်ဖို့ သူတို့ကိုအခွင့်အာဏာပေးတာကလည်း ယုံကြည်မှုပါပဲ။သင့်ဝန်ထမ်းများကို မယုံကြည်ပါက စွမ်းဆောင်နိုင်မှုကပြတင်း ပေါက်ကနေထွက်ပြေးမှာအသေအချာပါပဲ။ သူတို့ကို အလုပ်တာဝန်ပေးအပ်ဖို့ မယုံကြည်နိုင်တာ၊ သူတို့ကိုအသေးစားစီမံခန့်ခွဲမှုတွေလုပ်နေတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ထဲမှာယုံကြည်မှုက အရေးကြီးပါတယ်။ခေါင်းဆောင်တဦးအနေနဲ့ ဩဇာအာဏာနဲ့ ဩဇာလွှမ်းမိုးမှုကြားက ခြားနားချက်ကိုနားလည်ဖို့အရေးကြီးပါတယ်။ ဦးဆောင်ဖို့အတွက် ဩဇာလွှမ်းမိုးမှုကို တည်ဆောက်တဲ့အခါ
သင့်အဖွဲ့နဲ့ ပိုမိုနက်ရှိုင်းတဲ့ ယုံကြည်မှုနဲ့ သစ္စာစောင့်သိမှုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ပွင့်လင်းမြင်သာမှု

ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်မှုက လက်တစ်ကမ်းမှာ ရှိနေပါတယ်။ နှစ်ခုစလုံးက လုပ်ငန်းခွင်မှာအဖွဲ့လိုက်စွမ်းဆောင်နိုင်ရေးအတွက်လို အပ်ပါတယ်။ ပွင့်လင်းတဲ့ ဆက်သွယ်ရေးကမရှိမဖြစ်လိုအပ်ပါတယ်။ဝန်ထမ်းအဖွဲ့က ကုမ္ပဏီရဲ့မရှိမဖြစ်အစိတ်အပိုင်းတခုဖြစ်ကြောင်း သိရှိစေဖို့လိုပါတယ်။ သူတို့ကိုအကျိုးသက်ရောက်မှုရှိစေတဲ့ အပြောင်းအလဲများအပေါ် ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်များမှာသူတို့ကို ထည့်သွင်းဖို့လိုပါတယ်။ သင့်ဘက်က ပွင့်လင်းမြင်သာမှုက သူတို့နဲ့ပတ်သက်တဲ့ပွင့်လင်းတဲ့ ဆက်သွယ်မှုများကို မြေတောင်မြှောက်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ဆက်သွယ်ရေး

လုပ်ငန်းခွင်မှာ အဖွဲ့လိုက် စွမ်းဆောင်မှုအတွက် ဆက်သွယ်ရေးရဲ့ အရေးပါမှုကိုမေ့လျော့နေလို့မဖြစ်ပါဘူး။ IBM ကနေတွေ့ရှိချက်အရ ဝန်ထမ်း ၇၂ရာခိုင်နှုန်းလောက်ကကုမ္ပဏီရဲ့ ဗျူဟာကို ရှင်းရှင်းလင်းလင်းနားမလည်ကြဘူးဆိုတာကို တွေ့ရပါတယ်။အဖွဲ့ဝင်တဦးချင်းစီရဲ့ အခန်းကဏ္ဍနဲ့ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကို အမြဲတမ်းအချိတ်အဆက်မိနေဖို့လိုပါတယ်။ ၃၆၀ ဒီဂရီ တုံ့ပြန်ချက်ကို ပုံမှန်ပေးဖို့လိုပါတယ်။
ဆက်သွယ်ရေးက အတွေးအမြင်များနဲ့ သတင်းအချက်အလတ်များကိုဖော်ပြနိုင်ပါတယ်။ဒါကြောင့် နားထောင်စွမ်းရည်ကလည်း လိုအပ်ပါတယ်။

အတွေးအမြင်သစ်များအတွက် လမ်းဖွင့်ထားပြီး လိုက်လျောညီထွေရှိမှု

စိတ်ကူးစိတ်သန်းအသစ်တွေနဲ့ လိုက်လျောညီထွေနေတတ်တဲ့ အလုပ်တွေကအောင်မြင်ကြပါတယ်။ စိတ်ကူးစိတ်သန်းအသစ်တွေကို ကြိုဆိုတဲ့အလုပ်တွေကသာထိပ်ဆုံးကိုရောက်နေကြတာပါ။ အဖွဲ့လိုက်စွမ်းဆောင်မှုက “ခေါင်းနှစ်လုံးက တလုံးတည်းထက်ပိုကောင်းတယ်” ဆိုတဲ့ စကားကို လက်ကိုင်ထားပါတယ်။

အသိအမှတ်ပြုမှုနဲ့ လေးမြတ်မှု

အလုပ်မှာ အခြားသူများကို ခွန်အားဖြစ်စေတဲ့အရာက အသိအမှတ်ပြုမှုနဲ့ လေးမြတ်မှုပါပဲ။ဝန်ထမ်းများကို တစ်ဦးချင်းအနေနဲ့ အသိ အ မှတ်ပြုမှုနဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုအတွက်အသိအမှတ်ပြုကြောင်းပြောဖို့လိုပါတယ်။ ဒီအချက်က တဦးချင်းနဲ့စုပေါင်းလုပ်ဆောင်နိုင်စွမ်းအတွက် အားဖြည့်ပေးစေပါတယ်။ Harvard Business Review က ကွင်းဆင်းလေ့လာမှုအရ ဒီရလဒ်တခုကိုထုတ်ပြန်ခဲ့ပါတယ်။
ဒီလေ့လာမှုမှာ အဖွဲ့အသီးသီးက ထူးချွန်တဲ့ ဝန်ထမ်းသုံးဦးကိုအသိအမှတ်ပြုဂုဏ်ပြုကတ်ပြားများ လူသိရှင်ကြားပေးအပ်ခဲ့ပြီးတဲ့နောက်မှာ အုပ်စုတစုလုံးရဲ့စွမ်းဆောင်ရည် တိုးတက်လာတယ်ဆိုတာ တွေ့ရပါတယ်။ဒီအချက်ငါးချက်ကတော့ Team Empowerment လုပ်တဲ့အခါ ချန်လှပ်ထားလို့မရတဲ့အရေးကြီးတဲ့ အချက်ငါးချက်ပဲဖြစ်ပါတယ်။

MYit

zawgyi

Team Empowerment ဆိုတာက ဝန္ထမ္းအဖြဲ႕မွာ ဆုံးျဖတ္ခ်က္မ်ားခ်ဖို႔ လုပ္ပိုင္ခြင့္နဲ႔အခြင့္အာဏာရွိတဲ့အခါ လုပ္ငန္းခြင္မွာ Team Empowerment ျဖစ္ေပၚလာတာပါပဲ။ ဒီလိုအလုပ္ထဲမွာ Team Empowerment ျဖစ္ဖို႔ဆိုရင္ ထည့္သြင္းစဥ္းစားရမယ့္အခ်က္ငါးခ်က္ကိုလည္း ေမ့ထားလို႔မရပါဘူး။

ယုံၾကည္မႈ

ယုံၾကည္မႈက ေခါင္းေဆာင္မႈနဲ႔ စြမ္းေဆာင္ႏိုင္မႈရဲ႕ အေျခခံအုတ္ျမစ္ျဖစ္ပါတယ္။အႀကီးတန္းစီမံခန႔္ခြဲမႈက သင့္ကို ေခါင္းေဆာင္မႈရာထူးတစ္ခုအျဖစ္ ခန႔္အပ္ထားပါတယ္။ဘာေၾကာင့္လဲဆိုရင္ သူတို႔က မင္းကိုအလုပ္အတြက္ အေကာင္းဆုံးလူလို႔ ယုံၾကည္လို႔ပါ။သင္က ဝန္ ထမ္းမ်ားကို အဖြဲ႕မွာခန႔္အပ္ထားၿပီး သူတို႔ရဲ႕စြမ္းေဆာင္ရည္ကို ယုံၾကည္တာေၾကာင့္သူတို႔လုပ္ေဆာင္ဖို႔ လိုအပ္တဲ့အရာမ်ားကို လုပ္ ေဆာင္ႏိုင္ဖို႔ သူတို႔ကိုအခြင့္အာဏာေပးတာကလည္း ယုံၾကည္မႈပါပဲ။သင့္ဝန္ထမ္းမ်ားကို မယုံၾကည္ပါက စြမ္းေဆာင္ႏိုင္မႈကျပတင္း ေပါက္ကေနထြက္ေျပးမွာအေသအခ်ာပါပဲ။ သူတို႔ကို အလုပ္တာဝန္ေပးအပ္ဖို႔ မယုံၾကည္ႏိုင္တာ၊ သူတို႔ကိုအေသးစားစီမံခန႔္ခြဲမႈေတြလုပ္ေနတာမ်ိဳးျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ လုပ္ငန္းခြင္ထဲမွာယုံၾကည္မႈက အေရးႀကီးပါတယ္။ေခါင္းေဆာင္တဦးအေနနဲ႔ ဩဇာအာဏာနဲ႔ ဩဇာလႊမ္းမိုးမႈၾကားက ျခားနားခ်က္ကိုနားလည္ဖို႔အေရးႀကီးပါတယ္။ ဦးေဆာင္ဖို႔အတြက္ ဩဇာလႊမ္းမိုးမႈကို တည္ေဆာက္တဲ့အခါ
သင့္အဖြဲ႕နဲ႔ ပိုမိုနက္ရႈိင္းတဲ့ ယုံၾကည္မႈနဲ႔ သစၥာေစာင့္သိမႈကို တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။

ပြင့္လင္းျမင္သာမႈ

ပြင့္လင္းျမင္သာမႈနဲ႔ ယုံၾကည္မႈက လက္တစ္ကမ္းမွာ ရွိေနပါတယ္။ ႏွစ္ခုစလုံးက လုပ္ငန္းခြင္မွာအဖြဲ႕လိုက္စြမ္းေဆာင္ႏိုင္ေရးအတြက္လို အပ္ပါတယ္။ ပြင့္လင္းတဲ့ ဆက္သြယ္ေရးကမရွိမျဖစ္လိုအပ္ပါတယ္။ဝန္ထမ္းအဖြဲ႕က ကုမၸဏီရဲ႕မရွိမျဖစ္အစိတ္အပိုင္းတခုျဖစ္ေၾကာင္း သိရွိေစဖို႔လိုပါတယ္။ သူတို႔ကိုအက်ိဳးသက္ေရာက္မႈရွိေစတဲ့ အေျပာင္းအလဲမ်ားအေပၚ ဆုံးျဖတ္ခ်က္ခ်တဲ့ လုပ္ငန္းစဥ္မ်ားမွာသူတို႔ကို ထည့္သြင္းဖို႔လိုပါတယ္။ သင့္ဘက္က ပြင့္လင္းျမင္သာမႈက သူတို႔နဲ႔ပတ္သက္တဲ့ပြင့္လင္းတဲ့ ဆက္သြယ္မႈမ်ားကို ေျမေတာင္ေျမႇာက္ေပးႏိုင္မွာပဲျဖစ္ပါတယ္။

ဆက္သြယ္ေရး

လုပ္ငန္းခြင္မွာ အဖြဲ႕လိုက္ စြမ္းေဆာင္မႈအတြက္ ဆက္သြယ္ေရးရဲ႕ အေရးပါမႈကိုေမ့ေလ်ာ့ေနလို႔မျဖစ္ပါဘူး။ IBM ကေနေတြ႕ရွိခ်က္အရ ဝန္ထမ္း ၇၂ရာခိုင္ႏႈန္းေလာက္ကကုမၸဏီရဲ႕ ဗ်ဴဟာကို ရွင္းရွင္းလင္းလင္းနားမလည္ၾကဘူးဆိုတာကို ေတြ႕ရပါတယ္။အဖြဲ႕ဝင္တဦးခ်င္းစီရဲ႕ အခန္းက႑နဲ႔ အဖြဲ႕ရဲ႕ ရည္႐ြယ္ခ်က္ကို အၿမဲတမ္းအခ်ိတ္အဆက္မိေနဖို႔လိုပါတယ္။ ၃၆၀ ဒီဂရီ တုံ႔ျပန္ခ်က္ကို ပုံမွန္ေပးဖို႔လိုပါတယ္။
ဆက္သြယ္ေရးက အေတြးအျမင္မ်ားနဲ႔ သတင္းအခ်က္အလတ္မ်ားကိုေဖာ္ျပႏိုင္ပါတယ္။ဒါေၾကာင့္ နားေထာင္စြမ္းရည္ကလည္း လိုအပ္ပါတယ္။

အေတြးအျမင္သစ္မ်ားအတြက္ လမ္းဖြင့္ထားၿပီး လိုက္ေလ်ာညီေထြရွိမႈ

စိတ္ကူးစိတ္သန္းအသစ္ေတြနဲ႔ လိုက္ေလ်ာညီေထြေနတတ္တဲ့ အလုပ္ေတြကေအာင္ျမင္ၾကပါတယ္။ စိတ္ကူးစိတ္သန္းအသစ္ေတြကို ႀကိဳဆိုတဲ့အလုပ္ေတြကသာထိပ္ဆုံးကိုေရာက္ေနၾကတာပါ။ အဖြဲ႕လိုက္စြမ္းေဆာင္မႈက “ေခါင္းႏွစ္လုံးက တလုံးတည္းထက္ပိုေကာင္းတယ္” ဆိုတဲ့ စကားကို လက္ကိုင္ထားပါတယ္။

အသိအမွတ္ျပဳမႈနဲ႔ ေလးျမတ္မႈ

အလုပ္မွာ အျခားသူမ်ားကို ခြန္အားျဖစ္ေစတဲ့အရာက အသိအမွတ္ျပဳမႈနဲ႔ ေလးျမတ္မႈပါပဲ။ဝန္ထမ္းမ်ားကို တစ္ဦးခ်င္းအေနနဲ႔ အသိ အ မွတ္ျပဳမႈနဲ႔ သူတို႔ရဲ႕ႀကိဳးစားအားထုတ္မႈအတြက္အသိအမွတ္ျပဳေၾကာင္းေျပာဖို႔လိုပါတယ္။ ဒီအခ်က္က တဦးခ်င္းနဲ႔စုေပါင္းလုပ္ေဆာင္ႏိုင္စြမ္းအတြက္ အားျဖည့္ေပးေစပါတယ္။ Harvard Business Review က ကြင္းဆင္းေလ့လာမႈအရ ဒီရလဒ္တခုကိုထုတ္ျပန္ခဲ့ပါတယ္။
ဒီေလ့လာမႈမွာ အဖြဲ႕အသီးသီးက ထူးခြၽန္တဲ့ ဝန္ထမ္းသုံးဦးကိုအသိအမွတ္ျပဳဂုဏ္ျပဳကတ္ျပားမ်ား လူသိရွင္ၾကားေပးအပ္ခဲ့ၿပီးတဲ့ေနာက္မွာ အုပ္စုတစုလုံးရဲ႕စြမ္းေဆာင္ရည္ တိုးတက္လာတယ္ဆိုတာ ေတြ႕ရပါတယ္။ဒီအခ်က္ငါးခ်က္ကေတာ့ Team Empowerment လုပ္တဲ့အခါ ခ်န္လွပ္ထားလို႔မရတဲ့အေရးႀကီးတဲ့ အခ်က္ငါးခ်က္ပဲျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*